Saturday, February 21, 2015

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ချန်ဒူး စစ်ဒေသ

 Htay Gyi's photo.


မြန်မာနိုင်ငံ နဲ့နယ်နိမိတ် ထိစပ်လျက် ရှိတဲ့ ယူနန်ပြည်နယ် အပါ အ၀င် ချုံကင်း စီချွမ် ဂွမ်ကျိုးနဲ့
တိဘက် နယ်မြေတွေ ကို စုပေါင်းပြီး ချန်ဒူးစစ်ဒေသအဖြစ်သတ်မှတ်ထားပါတယ်။
 

ဒီစစ်ဒေသ လက်အောက်ခံ အနေနဲ့တော့ အဓိက အားဖြင့် တပ်တော်စုကြီး (၂)ကြီး ၂ခုပါဝင်နေတာဖြစ် ပါ တယ်။ အလျည်းသင့် လို့ တပ်တော်စု ဆိုတာကို ရှင်းပြရရင် သာမန်တပ်မတော် တစ်ရပ်ရဲ့ တပ်မတော် အရွယ် အစားရှိတယ်လို့ဆိုလို့ရပါတယ်။

အဲသည်တော့ ဒီချန်ဒူး စစ်ဒေသ အတွင်းမှာ တပ်မတော်(၂) ခု စာတပ်စွဲ ထားတယ်လို့  သတ်မှတ် လို့ရ ပါတယ်


အဲသည့် တပ်တော်စု (၂) ခု ကတော့.....




 Htay Gyi's photo.

အမှတ်(၁၃)တပ်တော်စု
ဒီ ၁၃ တပ်တော်စုမှာ ပါဝင်တဲ့တပ်များ ကတော့ -
 

အမှတ် ၃၇ ခြေလျင် တပ်မကြီး(ယန္တရားတင်)
အမှတ်(၁၄၉) တပ်မကြီး (ပေါင်းစပ် လက်ရုံး တပ်မ)
အမှတ်(၅) တင့် တပ်မဟာ
အမှတ်(၂၁) အမြောက် တပ်မဟာ
အမှတ်(၃၃) မဟာဗျုဟာ ဒုံးတပ်ဖွဲ့
တပ်တော်စုလေကြောင်းရန် ကာကွယ်ရေးတပ်မဟာ
တပ်တော်စု ဆက်သွယ်ရေး တပ်မဟာ
တပ်တော်စု အီလက်ထရောနစ် စစ်ဆင်ရေး တပ်မဟာ
အမှတ်(၂) ရဟတ်ယာဉ် တပ်ရင်းကြီး တွေပါဝင်ပြီး


 နောက်ထပ် တပ်တော်စု တစ်ခု ကတော့ ကုမင်းမှာ အခြေစိုက် တဲ့
အမှတ် (၁၄) တပ်တော် စု ဒီမှာ ပါဝင်တဲ့တပ်တွေ ကတော့.....
အမှတ် (၃၁)ခြေလျင် တပ်မကြီး (လေကြောင်းချီ)
အမှတ် (၄၀)ခြေလျင် တပ်မကြီး (ပေါင်းစပ်လက်ရုံး)
အမှတ် (၅၂၂) တင့် တပ်မဟာ
တပ်တော်စုလေကြောင်းရန် ကာကွယ်ရေး တပ်မဟာ
တပ်တော်စု ဆက်သွယ်ရေး တပ်မဟာ
ဓာတုဗေဒ ကာကွယ်ရေး တပ်ရင်းကြီး
အမှတ်(၂) ကြည်းတပ်လေကြောင်း တပ်ရင်းကြီး


ဒီဒေသကြီး တစ်ခုလုံး ကို ကွပ်ကဲ ထားတာကတော့ ဗိုလ်ချုပ်ကြီးလင် ဇောင်ချမ်းဖြစ်ပါတယ်။  

 Htay Gyi's photo.


သူ ကတော့၂၀၁၃ ခုနှ စ် ကတည်းက အခုထိ တာဝန်ထမ်းဆောင် ဆဲပါ။

 နောက်လေတပ်ဖွဲ့အနေနဲ့ ချန်ဒူး စစ်ဒေသမှာ တပ်စွဲထားတာ ကတော့.....
အမှတ် (၃၃) တိုက်ခိုက်ရေးလေတပ်မ
အမှတ် (၄၄) တိုက်ခိုက်ရေးလေတပ်မ
ဒီလေတပ်မတွေ မှာ SU-27 လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်များ
SU-30MKK ဘက်စုံသုံး တိုက်လေယာဉ် များ
J-11BS လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်များ
H-6 မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ
စီးရေ(၂၀၀ မှ၂၅၀)ကြား တပ်စွဲထားတယ်လို့ခန့်မှန်းရပါတယ်။


 မြေပြင် တပ်ဖွဲ့အနေ နဲ့ စစ်သည် အင်အား (၂၅၀၀၀၀ မှ ၃၀၀၀၀၀ ) အထိရှိနိုင်ပြီး
Type-96
Type-98
Type-99
ပင်မတိုက်ပွဲဝင် တင့် စီးရေ (၈၀၀) ခန့်နဲ့


HQ-9 လေကြောင်းရန်ကာကွယ်ရေးစနစ်များ
ZBD-04
ZBD-07
Type-85
စတဲ့ခြေလျင်တပ် သံချပ်ကာယာဉ်များ
WZ-10 တိုက်ခိုက်ရေးရဟတ်ယာဉ်များတပ်စွဲထားတယ်လို့ခန့်မှန်းရပါတယ်။


ဒါကတော့ကျတော်တို့နိုင်ငံ နဲ့ဆက်စပ်နေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ချန်ဒူးစစ်ဒေသကြီး

ရဲ့အကြမ်းဖျည်း အချက် အလက်လေးတွေပါ။ ဗဟုသုတအနေ နဲ့တင်ပြခြင်းဖြစ်ပါတယ်။
 

 နောက်တစ်ခုက ကျတော်တို့ဟာ အဆမတန် အင်အားကြီး လှတဲ့ အိမ်နီးချင်း တစ်ယောက် နဲ့အတူနေနေ ရခြင်းဖြစ်ပါတယ်။





 
Htay Gyi's photo.

ပွင့်ပွင့် လင်းလင်းပြောရရင် သူတို့ရဲ့ ချန်ဒူးစစ်ဒေသ တစ်ခု ထဲရဲ့ အင်အား လက်နက်
နည်းပညာ စသည် စသည် များဟာ ကျတော်တို့တပ်မတော် တစ်ခုလုံးထက် အများကြီးသာပါတယ် ။ 


ဖြစ်လာနိုင်ချေ မရှိသော်ငြားလည်း အဆိုးဆုံး အတွက်ပြင်ဆင် ရမယ့်တာဝန် ကတော့ နိုင်ငံသားတိုင်း မှာ ရှိပါတယ်။ 


စင်ကာပူ တပ်မတော် တည်ဆောက်ရေး နဲ့ပတ်သတ်လို့ လီကွမ်ယူး ကပြောခဲ့တဲ့ စကားရှိပါတယ် ။ 
ငါတို့တပ်မတော်ဟာ အကောင်ငယ်တယ် ဒါပေမယ့်အဆိပ် ပြင်းရမယ် ဆိုပြီး အဆိပ်ပြင်းသော ပုဇွန် စီမံကိန်းနဲ့ တပ်မတော်ကို တည်ဆောက်ခဲ့တာ အခု စင်ကာပူ တပ်မတော်ဟာ အာရှ အကောင်းဆုံး တပ်မတော်တွေထဲမှာ စာရင်းဝင်ပါ ဒါတောင် စင်ကာပူဟာ ရန်သူ မရှိတဲ့နိုင်ငံပါ။

အဲသည်တော့ကျတော်တို့ပိုကြိုးစား ရပါတော့မယ် ။ အမတ်ဒိန်မဏိရွတ် ရဲ့စကားလေး လက်ဆောင် ပါးပါရစေ....
 

(၁) လူ-----လူချင်း တူရင် လက်နက်ကောင်းသူနိုင်မယ်
(၂) လက်နက်------လက်နက်ချင်း တူရင်ကျွမ်းကျင် သူနိုင်မယ်
(၃) ကျွမ်းကျင်မှု-------ကျွမ်းကျင်တာ တူရင် ကြံ့ခိုင်သူနိုင်မယ်
(၄) ကြံ့ခိုင်မှု----------ကြံ့ခိုင်တာခြင်း တူရင် စိတ်ဓာတ်ကောင်းသူနိုင်မယ်


အချုပ် မှာတော့ မာကျော ကျစ်လျစ်တဲ့ တပ်မတော်ကြီး ကို ပြည်သူတို့အားပေးထောက်ခံ မှု အပြည့်နဲ့ စနစ် တကျ ဆက်လက် တည်ဆောက်ကြ ပါစို့ ဟု ဆန္ဒရည်ရင်း.......



 Htay Gyi
(ကြယ်နီ)

No comments:

Post a Comment