Tuesday, February 10, 2015

ဒီကနေ့ခေတ် ကရာတေး ပညာ သည် ပညာရေး အသွင်ဖြင့် သင်ကြားနေပြီ ။

 ကျွန်တော်ပြောချင်တာကြာပြီဖြစ်သောဒီအကြောင်းလေးရေးကြည့်မယ်ဗျာ သဘောထားကွဲလွဲခွင့်ရှိပါတယ် ကျွန်တော်တို့ကရာတေးလောကရဲ့ နည်းပြချုပ်တို့ ဘယ်နှစ်ဒန် တို့ဂုဏ်ယူဝင့်ကြွားစွာလူရှေ့သူရှေ့ကြချပြကြတာတွေတွေ့ရတယ်  ကျွန်တော်တို့ငယ်ငယ်ကလေးဘဝကတဲကကြားခဲ့ရပြီးအရမ်းလေးစားမိပါတယ်  ကစားသက် ၃၅ နှစ်ကျော်ခဲ့ပြီးပြည်တွင်းပြည်ပတွေလည်းသင်တန်းတွေလည်းစုံလာတော့ ဒီဟာကြီးတွေ သတ်မှတ်ချက်ကိုလွယ်လွယ်ယူတာသိပ်ကြောက်ဖို့ကောင်းလာတာတွေတွေ့လာရတယ်  အထူးသဖြင့် Soke Inoue Yoshimi  နဲ့တွေ့ပြီးသူ့ရဲ့သြဝါဒတွေနားထောင်ပြီးစာတွေဖတ်ကြည့်လေ့လာတော့ ကျွန်တော်တို့ဘာမမှမဟုတ်သေးတာသိရတယ် (  ခံယူတတ်ရင်ပေါ့) ဆရာစိုးနဲ့လည်းအမြဲဆွေးနွှေးဖြစ်ပါတယ်  ကျွန်တော်တို့လောကကိုမြှင့်တင်လိုစိတ် နဲ့အမြဲတက်ကြွလေ့လာနေစေချင်ပါတယ်  ကရာတေးပညာကိုကမ္ဘာနဲ့အမှီလိုက်ဖို့ ကရာတေးထုရဲ့ mind set တွေပြောင်းကြဖို့လိုပါပြီ  သူများကိုပြောဖို့မလိုပါ  မိမိပတ်ထာူးသောခါးစည်းနဲ့ ဒန်နဲ့တူညီတဲ့ အတွေးအခေါ်တွေ ဗဟုသုတတွေပြည့်စုံပြီလား  ပြန်သုံးသပ်ဖို့လိုပါတယ်  နည်ူးစနစ်နဲ့ပတ်သတ်တဲ့ ဆွေးနွှေးမှူတွေ( Technique seminar ) အုပ်စုတွင်းတပတ်တစ်ခါလောက်လုပ်မိကြပြီလားပြန်စဉ်းစားသင့်ပါပြီ ခလေးတွေရှေ့မှာခါးပတ်နက်ကြီးတွေပတ်ပြီးထယ်ဝါနေချိန်မှာ ကရာတေးကို internet က study လုပ်ပြီးမေးလာတဲ့မေးခွန်းကို သိပ္ပံနည်းကျကျပြန်ရှင်းပြနိုင်ပြီလား  အရမ်းအရေးကြီးပါတယ်  သို့မဟုတ်ပါလျှင် ကရာတေးဆောင်းပါးရေးသူ Jessy ရေးသလို  ဒန် / လက်မှတ်/ ဒီပလိုမာ များဟာ  ဈေးကွက်ကိရိယာ ( Marketing tool ) များသာဖြစ်ပေလိမ့်မည် ။ကိုယ်တိုင်များများကစားမှ အရည်အသွေးလည်းမိမိပေါါ်တွင်ရှိနေပြီး  အတွေးအခေါ်များလည်းပိုရင့်ကျက်လာမည်ဖြစ်ပေသည် ။ ဒီကနေ့ခေတ်ကရာတေးပညာသည် ပညာရေးအသွင်ဖြင့်သင်ကြားနေပြီး နည်းစံနစ်များမှာသိပ္ပံနည်းကျကျ သင်ကြားမှူဖြင့်ဖြတ်သန်းနေပြီဖြစ်ကြောင်းတင်ပြပါသည် ။ ကိုယ်မြတ်နိုးသောအားကစားကိုစဉ်းစားတွေးခေါ်လေ့ကျင့်ခြင်းဖြင့် Bushido အတွေးအခေါ်များပိုင်ဆိုင်နိုင်ကြပါစေ ။

ကျွန်တော်ပြောချင်တာကြာပြီဖြစ်သော ဒီ အကြောင်းလေးရေးကြည့်မယ် ဗျာ သဘောထား ကွဲလွဲခွင့် ရှိပါ တယ် ။  ကျွန်တော်တို့ကရာတေးလောက ရဲ့ နည်းပြချုပ် တို့ ဘယ်နှစ်ဒန် တို့ ဂုဏ်ယူ ဝင့်ကြွားစွာ လူရှေ့ သူရှေ့ကျ၇င် ချပြကြတာတွေတွေ့ရတယ် ။      

ကျွန်တော်တို့ငယ်ငယ် ကလေးဘဝ ကတဲက  ကြားခဲ့ရပြီး အရမ်းလေးစား မိပါတယ် ။ ကစားသက် ၃၅ နှစ်ကျော် ခဲ့ပြီးပြည်တွင်း  ပြည်ပတွေ မှာလည်း သင်တန်းတွေ စုံလာတော့ ဒီဟာကြီးတွေ သတ်မှတ် ချက် ကို လွယ်လွယ် ယူတာသိပ်ကြောက် ဖို့ကောင်းလာတာတွေ  တွေ့လာရတယ် ။ 

အထူးသဖြင့် Soke Inoue Yoshimi နဲ့တွေ့ပြီး သူ့ရဲ့  သြဝါဒတွေ နားထောင်ပြီး စာတွေ ဖတ်ကြည့်လေ့ လာတော့ ကျွန်တော် တို့ဘာမှ မဟုတ်သေးတာသိရတယ် ။ ( ခံယူတတ်ရင်ပေါ့) 

ဆရာစိုး နဲ့လည်း အမြဲဆွေးနွှေးဖြစ်ပါတယ် ။ ကျွန်တော်တို့လောက ကိုမြှင့်တင် လိုစိတ် နဲ့အမြဲ တက်ကြွလေ့ လာနေစေချင် ပါတယ် ။  ကရာတေး ပညာကို ကမ္ဘာ နဲ့အမှီ လိုက်ဖို့ ကရာတေး ကစားသမား တွေ ရဲ့ mind set တွေပြောင်းကြဖို့လိုပါပြီ ။ 

သူများ ကိုပြောဖို့ မလိုပါ  မိမိပတ်ထား သောခါးစည်း နဲ့ ဒန်နဲ့တူညီတဲ့ အတွေး အခေါ်တွေ ဗဟု သုတတွေပြည့်စုံပြီလား ။  ပြန်သုံးသပ် ဖို့လိုပါတယ် ။ နည်း စနစ်နဲ့ပတ်သက် တဲ့ ဆွေးနွှေးမှု တွေ ( Technique seminar ) အုပ်စုတွင်း တပတ် တစ်ခါလောက် လုပ်မိကြပြီလားပြန် စဉ်းစား သင့်ပါပြီ ။ 

ခလေးတွေရှေ့မှာ ခါးပတ် နက်ကြီးတွေ ပတ်ပြီး ထယ်ဝါနေချိန် မှာ ကရာတေး ကို internet က study လုပ်ပြီးမေး လာတဲ့မေးခွန်း ကို သိပ္ပံနည်း ကျကျပြန် ရှင်းပြနိုင်ပြီလား ???   အရမ်း အရေးကြီးပါတယ် ။

သို့မဟုတ် ပါလျှင် ကရာတေးဆောင်းပါးရေးသူ  Jessy ရေး သလို     ဒန် / လက်မှတ်/ ဒီပလိုမာ များဟာ ဈေးကွက် ကိရိယာ ( Marketing tool ) များသာဖြစ်ပေလိမ့်မည် ။ ကိုယ်တိုင်  များများ  ကစားမှ အရည် အသွေး တိုးတက် မှုသည် မိမိပေါ် တွင် ရှိနေပြီး အတွေး အခေါ်များလည်း ပိုရင့်ကျက် လာမည်ဖြစ်ပေသည် ။ 

ဒီကနေ့ခေတ် ကရာတေးပညာ သည် ပညာရေး အသွင်ဖြင့် သင်ကြားနေပြီး နည်း စံနစ်များမှာ သိပ္ပံနည်း ကျကျ   သင်ကြား မှူဖြင့်ဖြတ် သန်းနေပြီဖြစ်ကြောင်း တင်ပြပါသည် ။ 

ကိုယ်မြတ်နိုးသော အားကစားကို စဉ်းစားတွေးခေါ်လေ့ကျင့်ခြင်းဖြင့် Bushido အတွေး အခေါ်များ ပိုင်ဆိုင်နိုင်ကြပါစေ ။

Writing by  ...  Htoon Zaw
 
2 comments:

  1. ဆရာ ကိုထူးဇော်ရေ။
    ခင်ဗျားပြောတော့ ခင်ဗျားက ကရာတေးကစားတာ ၃၅ နှစ်ကျော်ပြီး expert ဖြစ်နေလို့ ခင်ဗျားကိုယ်ခင်ဗျား နိုင်ငံခြားပြန် ကရာတေးဆရာကြီးလို့ ခင်ဗျားကြွားချင်ဟန်တူပါတယ်။ ခင်ဗျားကိုယ်တိုင်ကစပြီး mind set ပြောင်းဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ခင်ဗျားတို့ခေတ်က ကရာတေးနည်းပြချုပ် ဆရာကြီးများဆိုလို့ ဆရာကြီး ဦးသောင်းဒင် (United Karate နည်းပြချုပ်)၊ ဆရာကြီး ဦးစိုးတင့် (ဒဂုံ ကရာတေး နည်းပြချုပ်)၊ ဆရာကြီး ဦးဝင်းနိုင်၊ ဆရာကြီး ဦးစိုးဝင်း (MKF General Secretary)... စတဲ့ လေးစားဖွယ်ရာဆရာကြီးများကို ခင်ဗျားမစော်ကားသင့်ဘူး။ ဂျပန်ကရာတေးဆရာ Mr. Soke Inoue Yoshimi ဆိုတာလည်း လေးစားထိုက်တဲ့ ဆရာတစ်ယောက်ပါပဲ။ ဒါပေမဲ့ အဲဒီဂျပန်ဆရာကြီးနဲ့ ၁ခါ ၂ခါလောက် တွေ့ဖူးရုံမျှ နဲ့ ဝါရင့် senior မြန်မာကရာတေးဆရာကြီးများကို ပြစ်တင်ဝေဖန်တဲ့လေသံကို ခင်ဗျားဆီက ကြားရတော့ အံ့အားသင့်ပြီး ဆရာကြီးများကိုယ်စား ဝမ်းနည်းမိပါတယ်။ ခင်ဗျားကိုယ်တိုင်ရော ကရာတေးနဲ့ ပတ်သတ်လို့ ခါးစည်းအနက် ဘယ်တုန်းက ရတာလဲ။ ခင်ဗျားဆရာက ဘယ်သူလဲ။ သေချာပြောမယ်ဗျာ။ ခင်ဗျားဆရာတွေကလဲ မြန်မာနိုင်ငံကပါပဲဗျာ။ မြန်မာလူမျိုးတွေကို မြန်မာဆရာကြီးများကို သိပ်အထင်မသေးပါနဲ့ ဆရာကိုထူးဇော်။ (ခံယူတတ်ရင်ပေါ့)

    ကိုထူးဇော်ရေ။ ကိုယ်တိုင်လည်း ပတ်ထားသောခါးစည်းနဲ့ ဒန်နဲ့ တူညီတဲ့ အတွေးအခေါ်တွေ ဗဟုသုတတွေ (education & knowledge) ပြည့်စုံပြီလားလို့ ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးဖို့ လိုပါလိမ့်မယ်။ သိပ္ပံနည်း ကျကျ study လုပ်ဖို့ လိုပါလိမ့်မယ်။ ယနေ့ internet လောကမှာရော၊ ရန်ကုန်မှာရော၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာရော ကရာတေးကို စနစ်တကျတတ်တဲ့အပြင် အင်္ဂလိပ်လိုရော၊ ဂျပန်လို၊ မြန်မာလို lecture & teaching ပေးနေတဲ့ မြန်မာလူမျိုး ကရာတေးဆရာကြီးတွေ ရှိမှန်း ခင်ဗျားမသိသေးဘူးလို့ ထင်ပါတယ်။ ခင်ဗျားကိုယ်တိုင် ကရာတေး ဗဟုသုတ ထပ်ပြီး ဖြည့်ဖို့လိုပါလိမ့်မယ်။
    ကိုယ်ကြွားရင် လွတ်လပ်စွာ ကြွားလို့ရပါတယ်ဗျာ။ ကိုယ့်အဖေလောက် အဖိုးလောက်ရှိတဲ့ အသက် ၈၀ အရွယ်လောက်ရှိတဲ့ မြန်မာ ဆရာကြီးတွေကိုတော့ မျက်နှာအိုးမဲ မသုတ်သင့်ဘူးလို့ ထင်ပါတယ်။

    In the name of Jesus Christ.
    Amen.

    http://kyokushinkaratemyanmar.blogspot.com/

    http://cyrusninja.tripod.com/masters/index.album/founder-of-aikido-karate-in-burma?i=10

    http://kokyawmyint.blogspot.com/2013/05/karatedo-v-behaviorurldefaultvmlo.html

    http://www.ikomyanmar.com/ikomyanmar.htm

    Matsushima Kyokushin Karate Myanmar (MKM)

    kyokushinkaratemyanmar.blogspot.com

    ReplyDelete
  2. ဆရာ ကိုထူးဇော်ရေ။