Thursday, February 5, 2015

အသားစား ငါးအုပ်မှ ဝိုင်းကိုက် ခံရပြီးတဲ့နောက် ကလေးမလေး တစ်ယောက် အသက်ဆုံးရှုံး

ဇန်နဝါရီ ၂၇ ရက်နေ့ က အသက် (၆)နှစ် အရွယ် ကလေးမလေး တစ်ယောက် ဟာ ဘရာဇီးလ်နိုင်ငံ မှာ သူမ ရဲ့မိဘနှစ်ပါး ရယ်၊ ဘိုးဘွားတွေ ရယ်၊ တခြားသော ကလေး ၄ ယောက်နဲ့ အတူ အားလပ်ရက် အပန်း ဖြေ ထွက်ကြနေချိန် အတွင်း Rio Maricuru မှာ အသေးစား လှေမှောက်သွား ခဲ့တာကြောင့် အသားစား ငါး တစ် အုပ် ဝိုင်းကိုက် ခံရပြီး သေဆုံး သွားခဲ့ကြောင်း Independent မှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

"သူမ ကို ဆွဲထား ခဲ့ပေမယ့် ဘေးနား က အခြား ကလေးတွကြောင့် လက်ထဲ ကနေ လွတ်ထွက် သွားတယ်။ ကမ်းနား ရောက်တဲ့ အချိန်မှာ သူမ ကို မတွေ့ရတော့ ဘူး” လို့ သူမ အဘွားဖြစ်သူ က ဒေသ သတင်း မီဒီယာ ကို ပြောပြခဲ့တယ် လို့ ဆိုပါတယ်။

ကလေးမ ရဲ့ အလောင်း ကို ပြန်တွေ့တဲ့ အချိန်မှာတော့ သူမ ရဲ့ ခြေထောက်တွေ ကို အပိုင်းပိုင်း ဝါးမျို ခံခဲ့ ၇တာ ကို ၀မ်းနည်းကြေကွဲဖွယ် မြင်တွေ့ ခဲ့ရပါတယ်။ ။ သူမ အလောင်း ကို Monte Alegre က အစိုးရဆေးရုံ က ရင်ခွဲရုံ မှာ ပို့ထားခဲ့တယ်။


ရဲ့တပ်ဖွဲ့အနေ နဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပေမယ့် ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆ အဖြစ် အပျက် တစ်ခု သာဖြစ်ပြီး ဘယ်လို အကြောင်း   ကြောင့်နဲ့ မှ အခြားလူတွေ ကို တရားစွဲ လို့ မရတဲ့ အဖြစ် မျိုး ဖြစ်တယ် လို့ ဆိုပါတယ်။ 


Ref: cosmopolitan

No comments:

Post a Comment