Monday, February 2, 2015

ကမ္ဘာ အပေါင်း........အံတုကာ ဆုတောင်း တဲ့သူ




***  ယသော်ဓရာထေရီ နောက်ဆုံးလျှောက်တင်ခြင်း 
ပရိနိဗ္ဗာန် စံကာ နီး မြတ်ဘုရား ကို နှုတ်ဆက် ဦးတင် ခန်း စာပန်းချီလေး ပါရှင့်။

မြတ်သော အနှိုင်းမဲ့ ရှင် မုနိ သခင်ဘုရား....

ဘဒ္ဒကစ္စနာ နာမည် ချယ်သ အလှမှာ ယှဉ်တမူ ယှဉ်သူ မရှိ
ပျိုမြစ် နုနယ် ယသော်ဓရာ အရှင်မ ပါ ဘုရားးး

ကြီးကျယ်သော အဘိဥာဏ် ပညာ
ရောက်သည့်နေရာ ယှဉ်သူ မရှိ
ဧတဒဂ် ဘွဲ့တော် ရရန် ပဒုမုတ္တ ဘုရားရှင် ထံ ကထဲ က ဆုပန်သခဲ့ရ အရှင်မထေရီ ယသော်ဓရာ ပါ မြတ်သော အရှင် ဘုရား သခင်ရယ်..........


ဒီပင်္ကာရာ မြတ်ဘုရား ထံ ကြာပန်းခိုင် နဲ့
တူစုံလှူ   မျှ ပူဇော်ကြတုန်း သုမေဓာရှင်ရသေ့လေး ရဲ့ လောက လူသား ကောင်းကျိုး ပွားဖို့ ကိုယ်ကျိုး စွန့်သူပေါ် မေတ္တာတော် ယူမိခဲ့ ကမ္ဘာပေါင်း လေးသင်္ချေ  တသိန်း မယိမ်းတဲ့ သစ္စာတည်ပါစေ စိတ်ရည်မှန်း ဆုတောင်း  ပါရမီဖြည့်လျှန်းလေ
သော
အရှင်မ ဘဒ္ဒကစ္စနာထေရီပါဘုရားးး


သံသရာ ခရီး မငြီးမငြူ
လက်တွဲ ယူလျက် ချမ်းသာ အပျော်
ဆင်းရဲသော် လည်း စိတ် မပျက်ခဲ့
ပါရမီ အတွက် ခနမကြာ စွန့်ပယ် ခံ နောက်ဆုံးတွေ့ရ မင်းသိဒ္ဓိတ္တ မှ သားတော် ရာဟု ဖွားမြင်ပြု စ နေ့ချင်းခန စွန့်ပယ် သမှာ တဘဝ မဟုတ်သား နောင်တဖန် မပျက်ပြန် တဲ့ မေတ္တာစေတနာထား အရှင်မ ယသော်ဓရာ ထေရီပါ ဘုရားးးး

မြတ်ဘုရား ရိပ်အောက် ဖခင် မိခင် နဲ့သားတော် ရာဟု ခိုဝင်ပြုသည် မှ တပည့်တော်မ လည်း သာသနာ တက် မဂ်ဖိုလ် ထွက်အောင် ကြံဆောင်ြ
ပီး ခဲ့ သက်တော် ၇၈ အရွယ်ပိုင်း ခါးကိုင်း ခဲ့မို့
မကြာခင် နိဗ္ဗာန် စခန်း မြန်းချင် ပါ၍ နောက်ဆုံး ဦးတိုက် ဖူးလိုက်ခွင့် အား
တန်ခိုးအားဖြင့်.........့
ကမ္ဘာ ၄သင်္ချေ နဲ့ တသိန်းပြန်မြင်ရ ပညာဥာဏ်ဏဖြင့် ပူဇော်ပါ၏ ဘုရားး
 
 နောက်တဖန်
ဒေါင်းငှက် သဏ္ဍာန် ပုံစံပြ အမှု
မျက်လုံးတော် တစုံ နေပုံ ပမာ လ ပမာပြု  အသောင်းသောင်းပြုသော ရောင်စဉ် အမွှေးတောင် လှပ နုညံ့ခြင်းဖြင့် လည်းဆောင
်ယူ ပူဇော် ပါ၏မြတ်သောဘုရားရှင် ဘုရားးး

နောက်ထပ် တလီ
ဆင်,မြင်း,ဗြဟ္မာမင်း နှင့်
သိကြား ပုံစံ တန်ခိုးတော်ဖြင့် ပူဇော်ပြသ ရှစ်ခိုး သမျှအား ခွင်ပြုပါစေကြောင်း ခွင့်ပြုတောင်းရင်း
ကမ္ဘာ အသောင်းသောင်း က ပြုခဲ့စေဦး အထူးထူး မှ လွန်တဲ့ အပြု အမူ ရှိခဲ့ ပါမူ အကုန်စင် ခွင့်လွှတ် ဒီဘဝ ဒီခန္ဓာ ကိုယ်ဖြင့် သံသရာ ခရီး အပြီး အဆုံးသတ် နှုတ်ဆက် ကန်တော့ပန်း ဦးတင်ခန်း အား လက်ခံတော်မူ ခွင့်ပြု  ယူပါ အနှိုင်းမဲ့ အတု သခင် မြတ်သော ဘုန်းရှင် မောင်တော်ဘုရား
အရှင်ဘုရား........။


 
 
 ရွှေပန်းချီ
ရွှေ ချစ်ခင်ရသော သူငယ်ချင်းများ အတွက် ၁၈-၁-၁၅ နေ့ မနက် ၆းဝဝ Chanel 7 က လွင့်ပေးတဲ့တရားလေး ရိုသေစွာနာ ယူရင်း သိပြိးသူလဲ ရှိမယ် မသိသေး မဖတ်၇ဘူး သူ သူငယ်ချင်းတို့ အတွက် စာပန်းချီလေး ရေးပြချင်လာပါတယ်။
 
အရှင်မထေရီ ယသော်ဓရာ ရဲ့ ပါရမီဖြည့်ဘက်တော်ကြီး အကြောင်း ကို ပထမ တခါရွှေ ရေးဘူးပါတယ်။ အခု ကတောနောက်ဆုံး တင်လျှောက်ခန်းလေးဖြစ်ပါတယ်။ု့ (အောင်ဆန်းတောရ ဆရာတော်ကြီ်း၏ အသံလွှင့် တရားတော်နှင့် မင်းကွန်း ဆရာတော်ကြီရေးသားတော် မူသော ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ စာအုပ်မှ မှီငြမ်းရေးသားထား ပါသည်။
 
အဆင်မပြေ မှားယွင်း ပါက ရွှေပန်းချီ  ညံ့ဖျင်းမှုသာဖြစ်ပါ သဖြင့်လေးစားစွာ တောင်းပန်အပ်ပါသည်။)
 
 

No comments:

Post a Comment