Friday, February 27, 2015

ကိုယ်တွင်း ကလီစာ လိုက်လံ ခိုးယူနေသူတွေ အမျိုးသား တစ်ဦး တန်ဆာ ကိုပါ ဖြတ်တောက် ယူဆောင်



          လူ့ ခန္ဓာကိုယ် က ကလီစာတွေ ဖြစ်တဲ့ ကျောက်ကပ်၊ နှလုံး၊ အသည်း တို့ကို လိုက်လံ ခိုးယူနေတဲ့ သူတွေ ပာာ ယခု နောက်ဆုံး အမျိုးသား တစ်ဦး ရဲ့တန်ဆာ ကိုပါ ဖြတ်တောက် ယူဆောင်သွား ခဲ့ကြောင်း သိရ ပါတယ်။ 

ဒီဖြစ်ရပ် ဟာ ရုရှားနိုင်ငံ မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး အမျိုးသား တန်ဆာ ကို ဖြတ်တောက် ရာမှာ ဆရာဝန် တစ်ဦး နီးပါး ကျွမ်းကျင် ကြတယ် လို့ ရဲတပ်ဖွဲ့က မှတ်ချက်ပြုခဲ့ ပါတယ်။

      အသက် (၃၀)နှစ် အရွယ်ရှိ သရုပ်ဆောင် ဒီမစ်ထရီနီကိုလက်ဗ် ပာာ မော်စကို ရှိ ပြဇာတ် ရုံမှာ ကပြ ဖျော်ဖြေ ပြီးနောက် ချောမော လှပ တဲ့ ရွှေအိုရောင် ဆံပင် ရှိတဲ့ အမျိုးသမီး တစ်ဦးနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ဒီနောက် အဲဒီ အမျိုးသမီး ရဲ့ ဆွဲဆောင်မှု အောက်မှာ စီးမျှောသွား ခဲ့တဲ့ ဒီမစ်ထရီနီကိုလက်ဗ် ဟာ ဒုက္ခ တွေ့ ဖို့ အကြောင်း ပေါ်လာခဲ့ ပါတယ်။ 



ဒီမစ်ထရီနီကိုလက်ဗ် ပာာ ချောမော လှပ တဲ့ အမျိုးသမီး နဲ့  ဘီယာတွေ သောက်ပြီး ဘာကို မှ မသိတော့တဲ့ အခြေ အနေကို ရောက်သွား ခဲ့ ပါတယ်။  မနက်ပိုင်း ကို ရောက်ရှိ တဲ့ အချိန်မှာ ဒီမစ်ထရီနီကိုလက်ဗ် ပာာ ဘတ်စ်ကား စီးဖို့ ကားမှတ်တိုင် မှာ စောင့်နေစဉ် တန်ဆာ ပာာ ရုတ်တရက် နာလာပြီး သွေးတွေ ထွက်လာ တာကြောင့်  ဆေးရုံကို ရောက်သွားခဲ့ ပါတယ်။  

ဒီ အဖြစ်အပျက် ကို ဆရာဝန်တွေ ကိုယ်တိုင် အံ့အားသင့် ခဲ့ရပါတယ်။ တန်ဆာ ကို ဖြတ်ယူ သွား ရာမှာ အလွန် ကျွမ်းကျင်မူ ရှိနေ တာကြောင့် ဆရာဝန်တွေ အံ့အား သင့်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမစ်ထရီနီကို လက်ဗ် ဟာ သူ့အနေ နဲ့ အမျိုးသမီး တစ်ဦးနဲ့ ဘီယာသောက်ပြီး ဘာမှ မသိတော့ကြောင်း ထွက်ဆိုခဲ့ ပါတယ်။ 

ဒီမစ်ထရီနီကိုလက်ဗ် ပာာ မူးယစ်ဆေးဝါး တစ်မျိုး  တိုက်ကျွေး ခံ ရပြီး မေ့မြော သွားတဲ့အချိန်မှာ တန်ဆာ ကို ဖြတ်ယူ သွားတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ ကိုယ်တွင်း ကလီစာတွေ လိုက်လံ ခိုးယူပြီး မှောင်ခို ဈေး ကွက်မှာ ရောင်းချ သူတွေရဲ့  လက်ချက် ဖြစ်နိုင်ကြောင်း ကောက်ချက်ချထား ပါတယ်။ 

ကိုယ်တွင်း ကလီစာ မှောင်ခို ဈေးကွက်ပာာ တဖြည်းဖြည်း ကျယ်ပြန့် လာပြီး ဆိုးဝါးတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံရလေ့ ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးငယ် အချို့ဟာ အယုံ လွယ်ပြီး ယောက်ျားလေး တွေနောက် လိုက် သွားတဲ့ အခါ ကိုယ်တွင်းက ကျောက်ကပ်တွေ ဖောက်ထုတ် ယူ ခဲ့တဲ့ အဖြစ်မျိုး တွေလည်း ရှိခဲ့ဖူး တယ် လို့ ဆိုထား ပါတယ်။ 

ဒီမစ်ထရီနီကို လက်ဗ် ဟာ ဇနီး ရှိသူ ဖြစ်ပြီး ဒီဖြစ်ရပ် ကို ရှင်းပြဖို့ အခက်တွေ့နေကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ ဒီမစ်ထရီနီကိုလက်ဗ် ဟာ မော်စကို ရှိ ဆေးရုံတစ်ရုံ မှာ ဆေးကုသမှု ခံယူနေပြီး သူ့ရဲ့ သတင်း ကို ရုရှား မီဒီယာတွေ မှာ အကျယ်တ၀င့် ရေးသား ဖော်ပြနေကြ ပါတယ်။

 အေသင်အောင်
From...   http://www.searchmyanmar.com/link/frame/cid/47732

No comments:

Post a Comment