Sunday, February 22, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၁)



၇။ အခြွေ အရံ နည်းပါးရခြင်း
**********************

တရားမင်းကြီး ဖြစ်တော် မူသော မြတ်စွာဘုရားရှင် သည် သုဘလုလင် အား "ဒကာတော် သုဘလုလင်...... ဤလောက ၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း
ငြူစူစောင်းမြောင်းသော စိတ်ထား ရှိသည် ဖြစ်၏။ 


သူတစ်ပါး တို့၏ လာဘ် ရခြင်း အရိုအသေ ခံရခြင်း အမြတ်နိုး ခံရခြင်း အရှိခိုး ခံရခြင်း အပူဇော် ခံရ ခြင်း တို့  ၌ ငြူစူစောင်းမြောင်း တတ် ၏။ (ဒီလို ယုန်တော့ ခြုံတိုင်း ရှိရဲ့ ၊ ဒီးဒုတ် လောက်တော့ ငှက်တိုင်း လှရဲ့ စသည်ဖြင့်ပြောဆိုခြင်း) ကပ်၍ ပြစ်မှား တတ်၏။  ငြူစူစောင်းမြောင်း မှု ကို ဖွဲ့ချည်ထား ၏။ 

ထိုပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော(ဝါ) ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက်တည် ထား အပ်သော ထို ငြူစူစောင်းမြောင်းသော အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည်မှ နောက်ကာလ ၌ ချမ်းသာဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ် သော အလိုဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော
ငရဲသို့ ကပ်ရောက်ရပေ၏။






 ဒကာတော် သုဘ လုလင် ကိုယ်ခန္ဓာ ၏ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည် မှ နောက်ကာလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ်သော အလို ဆန္ဒ ကင်း လျက် ဖရို ဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက် ရာဖြစ်သော ငရဲသို့ အကယ်၍ မကပ်ရောက် သည်ဖြစ်ငြား အံ ။ လူ အဖြစ်သို့ (ဝါ) လူ့လောက သို့ အကယ်၍ ရောက်ရှိလာသည် ဖြစ်ငြားအံ့ အကြင် အကြင် ဘဝ၌ ပဋိသန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ်လာရပေသည်။ 

ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍ လားရာ ဘုံဘဝ၌ (ဝါ) ထိုထို ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်၍ လာရာ အမျိုး အနွယ်၌ နည်းပါးသော အခြွေအရံ သည် ဖြစ်ပေ၏။"ဟု ဟောကြားတော်မူပါသည်။

ကာလိင်္ဂ မင်း ၏ မိဘုရားခေါင်ကြီး တစ်ဦး
********************************
တနေ့သော အခါ ကာလိင်္ဂမင်း သည်ရေချိုး ဆိပ် သို့ရေချိုး ဆင်းပြီး သောအခါ မိဘုရားငယ် တစ်ဦးဖြစ်သော ကချေ သည် အမျိုးသမီးသည် မင်းကြီး၏ ကိုယ်၌ ရှိသော ရေပေါက် တို့ကို ပဝါဖြင့် သုတ်ပေးပါသည်။

တစ်ဦးနှင့် တစ်ဦး လည်းကြည်နူးစွာ ပြောဆိုနေပါသည်။ ထိုစဉ် မိဘုရားခေါင် ကြီးသည် ထို မိဖုရားငယ် အပေါ် မရှုစိမ့်နိုင် သော ကိုယ့်ထက်သာ မနာလို သော ဣသာ တရား လွှမ်းမိုး ဖိစီး လာခဲ့ပါသည်။ ထို အတွက် ဘုရင် ထွက်ခွာ သွားသော အခါ မိဘုရားငယ် ၏ ကိုယ်ပေါ် သို့ မီးကျီးခဲ အပြည့် ထည့်ထားသော
အိုးကင်း တစ်ခုကို ယူဆောင်ကာ လောင်းချခဲ့ပါသည်။ 


ထို မိဘုရားကြီး ကွယ်လွန်သော အခါ ရာဇဂြိုလ်မြို့ အနီး ဂိဇ္ဈကုဋ်တောင်ယံ အထက်ကောင်း ကင် တွင် ရှိသော ပြိတ္တာ ဘုံ သို့ရောက်ရှိခဲ့ပါသည်။ ထိုဘဝ တွင် မီးကျီခဲ အပုံကြီးတွင် လဲလျောင်းကာ အလွန်ပြင်း ထန်သော ဒုက္ခခံစားရကာ လူးလိမ့်၍နေရ ပါသည်။ 

မီးကျီးခဲ များသည် လည်း ကိုယ်ပေါ် တဖွားဖွားကျ ရောက်နေရ သဖြင့် အပူဖု များပြည့်နှက် ကာ အရည်ကြည် များ အမြဲ ယိုစီး နေရသော ဒဏ် ကို အမြဲ မပြတ် ခံနေရ ပါသည်။ ထို ကံကုန်သော အခါ လူ့ဘဝ သို့ တဖန်ပြန်ရောက် ပါက အထီးကျန် ဘဝကို ကျင်လည် ရ အုံးမည် ဖြစ်သည်။

ကိုယ့်ထက် သာသော သူ ကို မုဒိတာပွားနိုင်ကြပါစေ။ ဤသူတော်ကောင်း သည် ရရှိပြီးသော စည်းစိမ် မှ မရွေ့လျော ပါစေ သတည်း ဟု ပွားများကြပါ ရန် တိုက်တွန်းနှိုးဆော် ပါသည်။






 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း




 Ven Ra Hta


No comments:

Post a Comment