Saturday, February 14, 2015

Coral reef ငါးတွေ လို့ ခေါ်ကြတဲ့ ဘာဂျီ ငါးတွေ




ဒီ ငါးမျိုးတွေကို Coral reef ငါးတွေ လို့ ခေါ်ကြပါတယ်၊ သန္တာကျောက်တန်းတွေကြား နေထိုင်ကျက်စားတဲ့ ငါးတွေပေါ့။ (Finding Nemo ရုပ်ရှင်ကားထဲက နီမိုး ရဲ့ သူငယ်ချင်းတွေပေါ့ )။ မြန်မာ့တောင်းပိုင်း သား များ ကတော့ ဘာဂျီ  ငါးတွေ လို့ ခေါ်ပါတယ်။ ဘာဂျီ  ဆိုတာ သန္တာ ကို ထားဝယ် လို ခေါ်တာပါ။

သန္တာကျောက်တန်းတွေကြားမှာ နေထိုင်တဲ့ ငါးတွေ မို့ ငါး အစုလိုက် အပြုံလိုက် ဖမ်းလို့ ရတဲ့ ငါးဖမ်း ပိုက်နဲ့ ဖမ်းလို့ မရနိုင်ပါဘူး။ ငါးမျှား နဲ့ ဖမ်းရင်တောင် အတော် မလွယ်တဲ့ ငါးတွေပါ။ အများ အားဖြင့် မှိန်းထိုး တဲ့ နည်းနဲ့ ထိုးဖမ်း မှ ရလေ့ရှိပါတယ်။ 


ဆိုတော့ ဒီလိုငါးတွေကို အခုလိုအစုအပြုံလိုက် ရောင်းချနေနိုင်တယ်ဆိုကတည်းက ဒီငါးတွေကို ဖမ်းခဲ့သူဟာ ဗုံးခွဲ ငါးဖမ်းနည်း (Dynamite fishing) နဲ့ ဖမ်းခဲ့တာ သေချာပါတယ်။
 

မြိတ်ကျွန်းစု ဟာ မြန်မာနိုင်ငံ ရဲ့ သွားရောက် လည်ပတ် သင့်တဲ့ အလှပ ဆုံး နေရာတွေ ထဲက တစ်ခုအဖြစ် ကမ္ဘာလှည့် ခရီးသွားများကြား ထင်ရှားကျော်ကြားပေမဲ့ ဗုံးခွဲငါးဖမ်းခြင်း အကြီးအကျယ် လုပ်နေ တဲ့ နေရာ အဖြစ်လည်း နာမည်ဆိုး နဲ့ အလွန် လူသိများပါတယ်။ မြိတ်ကျွန်းစု ထဲမှာ ဗုံးခွဲသံ မကြားရတဲ့ နေ့ရယ် ဆိုလို့ မရှိသလောက်ပါပဲ။ 






ဗုံးခွဲတဲ့အတွက် ငါးပုဇွန် ရှင်သန်ပေါက်ဖွားရေးအတွက် အရေးအကြီးဆုံး သန္တာကျောက်တန်းတွေလည်း ကုန်သလောက်ဖြစ်နေပါပြီ။ ဗုံးခွဲငါးဖမ်းခြင်းကြောင့် နိုင်ငံဂုဏ်သိက္ခာကျတဲ့အပြင် နောက်ဆယ်စုနှစ် တစ်ခုလောက်ဆို ငါးပုဇွန် ဖမ်းဆီးရရှိမှုဟာ သိသိ သာသာကြီး လျှော့ကျ သွားတော့ မှာ မြေကြီး လက်ခတ် မလွဲပါ။ 

အခုတောင် ငါး ဖမ်းဆီးရရှိမှု တစ်နှစ်ထက် တစ်နှစ် သိသိ သာသာ ကျဆင်း သွားတာ တွေ့နေ ရပါပြီ။ ဒီ ဓါတ်ပုံ ဟာ ထိုင်းနိုင်ငံ ရနောင်းမြို့  ငါးလေလံဈေး က လေလံပစ် ငါးတွေ ရဲ့ ပုံပါ။ ထိုင်းနိုင်ငံမှာ ဗုံးခွဲ ငါးဖမ်းခြင်း လုံးဝ ပပျောက်သွားပါပြီ၊ ဒါပေမဲ့ အခုလို ငါးတွေ မြန်မာပြည် ကနေ ၀င်လာ မစဲပါပဲ။ 

သူတို့က သူတို့နိုင်ငံ ရဲ့ သယံဇာတ ကို ခိုင်ခိုင် မာမာ ကာကွယ် ထားပေမဲ့ ကိုယ်တွေကျတော့ ပစ်စလက် ခတ်ဖြစ်နေတာ။  ဒီငါးတွေ ဟာ ကော့သောင်း မှာ ငါးလုပ်ငန်း ဦးစီးဌာန က ခွင့်ပြုမှ ရနောင်း မှာ ရောင်းချနိုင် တာပါ။ 

သဘော ကတော့ ဗုံးခွဲ ငါးဖမ်းခြင်း ကို မြန်မာပြည် မှာ တရားဝင် ခွင့်ပြုထား သလိုပါပဲ။ ဒီ ဓါတ်ပုံဟာ တနိုင်ငံ လုံး ဆုံးရှုံးနေ တဲ့ သယံဇာတတွေ ထဲက ရေထွက် သယံဇာတ ဆုံးရှုံးမှု  တစ်ခုကို ပြတဲ့ ပုံဆိုပါတော့။


 Aung Zin Latt
From... FB

 

No comments:

Post a Comment