Tuesday, February 24, 2015

ဖုန်း ပိုင်ရှင်ရေချိုးနေတာ ကို ထိုဖုန်း နဲ့ပဲ ဓါတ်ပုံ ခိုးရိုက်ပြီး Facebook တင် ခဲ့တဲ့ ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူး

 


ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူး တစ်ယောက် ဟာ အမျိုးသမီး တစ်ဦး ရဲ့ နေအိမ် အတွင်း ဖောက်ထွင်း ၀င်ရောက် ခဲ့ပြီး ထို အမျိုးသမီး ရဲ့ ဖုန်းကို ခိုးယူကာ ထို အမျိုးသမီး ရေချိုးနေတာ ကို ဓါတ်ပုံတွေ ရိုက်ကူး လို့ Facebook ပေါ် Post လုပ် ခဲ့တယ်လို့ သိရပါတယ်။

ဖလော်ရီဒါပြည်နယ် ၊ Alamonte Springs မြို့မှာ ရှိတဲ့ နေအိမ်တွေ ကို ရဲတပ်ဖွဲ့ဝင်တွေ က အနီရောင် အဆင့် နဲ့ သတိပေးထား ပါတယ်။ ထို အနီရောင် အဆင့် သတိပေး ခံထားရတဲ့ ဖောက်ထွင်း ၀ိဇ္ဖာဟာ အိမ်တွေ ကို ဖောက် ထွင်း ၀င်ရောက်ပြီး မိမိ ကိုယ်ကို လည်း စိတ်ဖြေ တတ်တဲ့(Masturbates) အကျင့်လည်း ရှိတယ်လို့ ထည့်သွင်း သတိပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့် ရှိသူ ဖြစ်တဲ့ Rob Pelton က “ လူတစ်ယောက် ရဲ့ ဖုန်းကို ခိုးယူပြီး အဲဒီ ဖုန်းနဲ့ပဲ ဖုန်း ပိုင်ရှင် ရေချိုးနေတာ ကို ဓါတ်ပုံ ခိုးရိုက်ပြီး Facebook ပေါ် Post လုပ်တာ မျိုး တစ်ခါမှ မကြားဖူးပါဘူး။ 



အားလုံးပဲ မိမိရေချိုးနေတုန်း မှာ မိမိနေအိမ် ထဲ တစ်ယောက်ယောက် ရောက် မနေဖို့ ကို အထူး သတိရှိကြ ပါ” လို့ ထို အမှုနဲ့ ပတ်သက်ပြီး ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ဟာ ဘလော့ ၂ ခုကျော် က တိုက်ခန်း တစ်ခု မှာ တွေ့ရတဲ့ သူစိမ်း တစ်ယောက် ကို သံသယ ရှိတဲ့ အတွက် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ကြိုးစားနေတယ် လို့ သိရပါတယ်။


Ref:mirror.co.uk
From... http://www.searchmyanmar.com/link/frame/cid/47618


1 comment:

  1. ဖတ်သွားပါတယ် အောင်မြင်တဲ့ဘလော့တစ်ခု ဖြစ်လာပါစေ

    ReplyDelete