Friday, February 6, 2015

ရေနဲ့ မောင်း မယ့် Mercedes-Benz Ener-G-Force

 Ga Mone Pwint - GMP Motors's photo.

 ဂျာမနီ Mercedes မှ ရေ နဲ့မောင်းမယ့် Concept ကားတစ်စီး ကို လော့အိမ်ဂျ လိစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ် ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ် ဆိုတော့ ကားရဲ့  လုပ်ဆောင်ချက် က ဘယ်လိုလည်း လို့  အများ က စိတ်ဝင်စားကြပါတယ်။ အသုံးပြု တဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲ မှာ ဟိုက်ဒရိုဂျင် ကို ထုတ်ယူပြီး ပါဝါဆဲလ် အဖြစ် ဖန်တီး လို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ 

ဒီတော့ အိတ်ဇောပိုက် မှာ ထွက်မယ့် အငွေ့ က ကာဘွန်ဒိုင် အောက်ဆိုက် မဟုတ်ပဲ ရေငွေ့ များ ဖြစ်မှာ ဖြစ် ပါတယ်။


 

ဟိုး ယခင် အချိန်ခါ က ရေနွေးငွေ့ အင်ဂျင်လို လည်း မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်း က ရေနွေးငွေ့ ဖိအား-Pressure အသုံးပြုမှု ကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင် ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာ အဖြစ် အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

 Ga Mone Pwint - GMP Motors's photo.

ဂျာမနီ ကုမ္မဏီ တစ်ခု အနေနဲ့ ကမ္ဘာ့ ပထမဆုံး ဖန်တီး လိုက်တဲ့ သဘာဝ ပတ်ဝန်းကျင် နဲ့ ဆီလျော်တဲ့ ပထမ ဆုံး ရေ အင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်း စနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ 

သာမန် ထုတ်လုပ်နေကျ   SUV တွေ  ထွက် ပိုမြန်ဆန် မှာ မို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထား တာ ဖြစ်ပါတယ်။

Concept အဆင့် ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များ အတွင်း ထုတ်လုပ်ရောင်း ချနိုင်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်။


 Ga Mone Pwint - GMP Motors's photo.



 Ga Mone Pwint - GMP Motors
Ref: autoblog
(ရိုးရာလေး).

No comments:

Post a Comment