Monday, February 9, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၈)





၎။ အနာရောဂါ ကင်းရှင်းရခြင်း
************************
ထိုနောက် မြတ်စွာဘုရား သည် သုဘလုလင် အား" ဒါကာတော် သုဘလုလင်ဤလောက၌ မိန်းမဖြစ်စေ ၊ယောက်ျားဖြစ်ေ
စ၊အချို့သော သူသည်လက်ဖြင့် လည်းကောင်း ၊တုတ် ဖြင့်လည်းကောင်ူ၊ဓားလက်နက်ဖြင့် လည်းကောင်းသတ္တ၀ါ တို့ကို ညှဉ်းဆဲလေ့မရှိ ။ 


ထိုသို သတ္တ၀ါ တို့ကို ညှဉ်းဆဲ လေ့ မရှိသော သူသည် ဤသို့ပြည့်စုံသော ဤသို့ ကောင်းစွာဆောက် တည် ထားသော ထိုကံကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရပေ၏။ 

ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်း ကြောင့် စုတိပြတ်ကြွေသေလွန်သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ရဲ့ လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့ ၊ လူ့ပြည် လူ့လော ကသို့ အကယ်၍ စိုက်ရောက်ခဲ့ သည်ဖြစ်ငြားအံ့ အကြင်အကြင် ဘုံဘဝ၌ အကြင်အကြင် လူ့လောက ၌ အကြင် အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေအားဖြင့်ဖြစ်ပေါ်လာရ၏။ 

ထိုထို အမျိုး အနွယ် ၌ ထိုထို လူ့ ဘဝ ၌ အနာရောဂါ ကင်းရှင်းခြင်း သည်ြဖစ်ရပေ၏။ 



ဒကာတော် သုဘလုလင် ဤသို့ လက်ဖြင့် လည်းကောင်း ၊တုတ် ဖြင့်လည်းကေင်း၊ ဓား လက်နက်ဖြင့် လည်းကောင်း သတ္တ၀ါ တို့ကို ညှဉ်
းဆဲ လေ့ မရှိခြင်း သည် အနာရောဂါ ကင်းရှင်းခြင်း ကို ဖြစ်စေတတ် သော အကျင့်တည်း။"ဟုဖြေကြားတော် မူခဲ့ပါသည်။

စိတ်ကိုဖြူစင်အောင် ဖွတ်လျှော်ခြင်း
***************************
သတ္တ၀ါ တွေ အပေါ်တွင် ထားရှိသော နှိက်စက် လိုသော စိတ်တို့ကင်း ရှင်းစေရန် မိမိစိတ် ကို သမထရေစင်၊ ဝိပဿ      နာရေစင်တွေနှင့် ဖွတ်လျှော်ရပါ သည်။ အထူးအားဖြင့် မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခ စသော ဗြဟ္မစိုရ်တရား များ ဖြင့်ပြုပြင်ရ ပါသည်။

မိမိသည် သတ္တ၀ါ အနန္တ ကို အာရုံပြု၍ နေ့စဉ် မေတ္တာ ဘာဝနာ ပွားများသင့်ပါသည်။

အဟံ အ ဝေရာဟောမိ ငါသည် ဘေးရန် ကင်းပါစေ

အဟံ အဗျာ ပဇ္ဇာဟောမိ ငါသည် စိတ်ဆင်းရဲ ကင်းပါစေ

အဟံ အနီဃောဟောမိ ငါသည် ကိုယ်ဆင်းရဲ ကင်းပါစေ

အဟံ သုခီအတ္တာနံ ငါသည် ကျန်းကျန်း မာမာ ချမ်းချမ်း သာသာ

ပရိဟရာမိ မိမိ ၏ ခန္ဓဝန် ကို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေသတ္တာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်း ကုန်သော ခန္ဓာငါးပါး ၌ ငြိကပ် တွယ်တာခြင်းရှိကြ ကုန်သော သတ္တဝါတို့သည်

ဘေးရန်ကင်းပါစေ

စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်း မာမာ ချမ်းချမ်း သာသာ မိမိ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေပါဏာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော ဝင် သက် ထွက်သက် ရှိကုန်သော သတ္တဝါ တို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်း မာမာ ချမ်းချမ်း သာသာ မိမိ ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ ဘူတာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော ကံ ကိလေသာကြောင့် ထင် ရှားဖြစ် ကုန်သော သတ္တဝါ တို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်း မာမာ ချမ်းချမ်း သာသာ မိမိ၏ ခန္ဓဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ ပုဂ္ဂလာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော ငရဲသို့ ကျရောက်ခြင်းသ ဘော ရှိကြကုန်သော သတ္တဝါ တို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ မိမိ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ အတ္တဘာဝပရိယာပန္နာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော ခန္တာကိုယ် အတ္တဘော ၌ အကျုံး ဝင်ကြကုန်သော သတ္တဝါ တို့သည်

ဘေးရန်ကင်းပါစေ

စိတ် ဆင်းရဲ ကင်းပါစေ

ကိုယ် ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာမိမိ၏ခန္ဓဝန်က
ို ရွက်ဆောင်နိုင် ပါစေ

သဗ္ဗာဣတ္ထိယော

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ မိမိ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ ပုရိသာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော အမျိုးသားတို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ မိမိ၏ ခန္ဓာဝန်က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ အရိယာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော အရိယာ သူတော်ကောင်း တို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာမိမိ၏ခန္ဓဝန်က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ အနရိယာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော အရိယာ မဟုတ်သူ ပုထုဇင်တို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ မိမိ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ ဒေဝါ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော နတ်ဗြဟ္မာတို့သည်

ဘေးရန်ကင်းပါစေ
 

စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ မိမိ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေ မနုဿာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော လူသားတို့သည်

ဘေးရန်ကင်းပါစေ

 စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ မိမိ၏ ခန္ဓာဝန် က
ို ရွက်ဆောင်နိုင် ပါစေ

သ ဗ္ဗေဝိနိပါတိကာ

အ ဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃော ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု

ခပ်သိမ်းကုန်သော အပါယ်ဘုံသား သတ္တဝါ တို့သည်

ဘေးရန်ကင်းပါစေ

  စိတ်ဆင်းရဲ ကင်းပါစေ

ကိုယ်ဆင်းရဲ ကင်းပါစေ

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာမိမိ၏ခန္ဓဝန်က
ို ရွက်ဆောင်နိုင် ပါစေ။ ။
 




 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း



No comments:

Post a Comment