Friday, February 6, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၇)




(၃)။ အနာရောဂါ ထူပြောရခြင်း
*************************
မြတ်စွာဘုရားရှင် သည် သုဘလုလင် အား "ဒကာတော် သုဘ လုလင် ဤလောက ၌ အချို့သော အမျိုးသမီး သည်သော်လည်းကောင်း ၊ အမျိုးသား သည်သော် လည်းကောင်း သတ္တ၀ါ တို့ ကို ညှဉ်းပန်းနှိပ်စက်လေ့ ရှိ သည် ဖြစ်၏။

လက်ဖြင့်သော် လည်းကောင်း၊ ခဲဖြင့်သော် လည်းကောင်း ၊တုတ်ဖြင့်သော်လည်း ကောင်း ၊ လက်နက်ဖြင့်သော် လည်းကောင်း ညှဉ်းပန်းနှိပ်စက်လေ့ ရှိသည် ဖြစ်၏။

ထို ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက်တည် ထား အပ်သော ထို အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက် ရာဖြစ် သော အလိုဆန္ဒ ကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီး လျက် ကျရောက် ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရပေ၏။




ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည် မှ နောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ်သော အလိုဆန္ဒ ကင်းလျက်  ဖရို ဖရဲပြို ကွဲ ပျက်စီး လျက် ကျရောက်ရာဖြစ်သော ငရဲ သို့ အကယ်၍  မကပ်ရောက်သည်ဖြစ်ငြားအံ ။ 

လူ အဖြစ်သို့ (ဝါ) လူ့လောက သို့ အကယ်၍ ရောက်ရှိလာ သည် ဖြစ်ငြားအံ့ အကြင် အကြင် ဘဝ၌ ပဋိသန္ဓေ အားဖြင့်  တဖန်ဖြစ်ပေါ် လာရပေသည်။ ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍ လား ရာ ဘုံဘဝ ၌ (ဝါ) ထိုထို ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်၍ လာရာ အမျိုးအနွယ်၌ အနာရောဂါ ထူပြောသည် ဖြစ်ပေ ၏ ။"ဟုဖြေ ကြားတော် မူခဲ့ပါသည်။

ပူတိဂတ္တတိဿ          မထေရ်
********************
သာဝတ္တိပြည်သား အမျိုးကောင်း သားဖြစ်သော ပူတိ ဂတ္တတိဿ          မထေရ် သည် မြတ်ဗုဒ္ဓ ထံမှ  တရား နာကြား ရ သဖြင့် ရှင် ရဟန်းဘဝ သို့ရောက်ရှိခဲ့ပါသည်။

တိဿ         မထေရ် ဟု အမည်တွင် ၍ နှစ် အတန်ငယ်ကြာသော အခါ ထို မထေရ်သည် အနာရောဂါ စွဲကပ် လာ ပါသည်။ မုန့်ညှင်းစေ့ ပမာဏလောက်မှ စ၍ တဖြည်းဖြည်း ကြီးထွား လာကာ ဥသျှစ်သီး ပမာဏလောက် ထိ ဖြစ်လာ ၍ အပုတ်ရည်တွေ ထွက် လာကာ ဝေဒနာ အပြင်းအထန် ခံစားလာရပါသည်။ 


ထိုအချိန် မှ စ၍ ထို မထေရ်ကို ပူတိ ဂတ္တတိဿ          မထေရ် ကိုယ် အပုပ်နံ့ လိမ်းကျံ ထားသော မထေရ် ဟုခေါ်ကြပါ သည်။ ပြုစု လုပ်ကျွေးပြုရန် မစွမ်းနိုင်ကြတော့ သဖြင့် အိပ်ရာ၌သာ လဲလောင်း၍ နေရပါ သည်။

 မြတ်စွာ ဘုရားရှင် သည် မဟာ ဂရုဏာတော် သမာပတ် ဝင်စားလျက် ထို မထေရ် ကျွတ်တန်း ဝင်တော့မည် ကို သိသောကြောင့် ဂန္ဓကုဋိ ကျောင်းမှထွက်လာကာ ထိုတိဿ         မထေရ်  ထံသို့  လာရောက်တော် မူခဲ့ ပါသည်။ 

ထို့ နောက် ရေနွေး အကျိုခိုင်းတော် မူ၍ ထို ပူတိဂတ္တတိဿ          မထေရ် ရှိရာညောင်စောင်း ထံသို့ ကြွတော် မူ၍ ကိုယ်တော်တိုင် ထို မထေရ် ၏ အနာ များကို သုတ်သင် ရှင်းလင်းပေး ပါသည်။ 

ထိုနောက်  လျှော်ထားသောခြောက်သွေ့သော သင်္ဃန်း ကို ဝတ်ရုံစေ ၍ အနာရောဂါ သက်သာ၍ စိတ် တည်ငြိမ်မှု ရှိသော အခါ သစ္စာလေးပါးနှင့် စပ်သော တရားစကား ကိုဟောကြားတော် မူသော အခါ ထိုဒေ သနာတော် အဆုံးတွင် ပဋိသမ္ဘိဒါလေးပါး နှင့် အတူတကွ အရဟတ္တဖိုလ် သို့ ဆိုက်ရောက်တော် မူပါသည်။

ထိုနောက် ပူတိဂတ္တတိဿ          မထေရ် အလောင်းလျာ ၏ ဇာတ်ကြောင်း ကို ဟောတော် မူသော အခါ ထို မထေရ်လောင်း သည် အတိတ် ကာလ ငှက်မုဆိုး တစ်ဦးဖြစ်ခဲ့ ပါသည်။ ငှက် တို့ကို သတ်၍ မင်းစိုးရာဇာ တို့ကို ပြုစု လုပ်ကျွေး ပိုလျှံ သည်များ ကိုရောင်းချ  အသက်မွေးခဲ့ ရပါသည်။ 


ထိုနေ့ရောင်းချ  မကုန်သော ငှက်တို့ ကို သတ် ထား လျှင် ပုတ်ကုန် မည် ကို စိုးသောကြောင့် ထို ငှက် တို့ မ ပျံသွား နိုင်စေရန် ခြေထောက် တို့ကို ရိုက်ချိုး ထား၍ လည်းကောင်း အတောင် တို့ကို  ရိုက်ချိုး၍ လည်းကောင်း ထားပြီးလျင်နောက်နေ့ ၌ ထပ်မံရောင်းချ ၍လည်းကောင်း မိမိ ကိုယ်တိုင်လည်း စားသုံးခြင်း ကို လည်းကောင်းပြုမူခဲ့ပါသည်။ 

ထိုကံ တို့က ထို မထေရ် ကို ငှက်များ ကို မလှုပ်နိုင်အောင် ရိုက်ချိုး သကဲ့သို့ ညောင်စောင်းပေါ် တွင်မလှုပ် လျားနိုင် ဘဲ ဝေဒနာ အပြင်း အထန် ခံစားစေခြင်းဖြစ်ပါသည်။







 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း






 Ven Ra Hta




No comments:

Post a Comment