Tuesday, February 3, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် .... အပိုင်း (၅)




ပါဏာတိ ပါတကံ ကံကြောင့် ရရှိမည့်နောက် အကျိ
ုဆက် တစ်ခုသည်  ဥပပီဠက ကံ ကပ်၍ ညှင်းပန်းနှိပ် စက်တက်သော ကံ ဖြစ်ပါသည်။  


ထို  ပါဏာတိပါတ ကံကြောင့် လူအဖြစ် သို့ အမိ ဝမ်းကြာတိုက် တွင် စတင်ပြီးရောက်သော အခါ တွင် ထို ကလေး ၏ အကုသိုလ် ကံကြောင့် မိဘနှစ်ပါးတွင် ရှိသော စည်းစိမ် ဥစ္စာ တို့ သည် ဆားသည် ရေ တွင်ပျော် ဝင် သကဲ့သို့ ရန်သူမျိုး ငါးပါး ကြောင့်ပျောက်ဆုံး ပျက်စီးသွား ကြပါသည်။ 

မိမိအိမ် ၌ ခိုင်းစေသော နွား တို့သည် ကြမ်းတမ်း လာ ကြသည်။ နို့ထွက်သောနွားမ တို့သည် နို့မထွက်တော့။ မိမိ ခိုင်းသောနွား တို့သည် ကျိုးကုန် ကန်းကုန်ကြပါသည်။ နွားခြံ ထဲတွင် မမျှော်လင့်ဘဲရောဂါ အမျိုးမျိုး
သည်ဖြစ်ပေါ် လာပါတော့သည်။

အိမ်၌ ရှိသော အိမ်စေ တို့သည် ထို ကလေး ၏ မိဘ တို့ အမိန့် ကို မနာ ခံ၊ မျိုးစေ့ တို့သည် အပင် မပေါက် ဖြစ် လာကြသည်။ အိမ်မှာ ရှိသော ပစ္စည်း ဥစ္စာ သည် အိမ်၌ ပင် ဆုံးရှုံးကုန် သည်။ တော၌ ရှိသော ပစ္စည်း ဥစ္စာ သည်တောမှာ ပင်ဆုံးရှုံး ကုန်သည်။ 





ထို ကဲ့သို့ ပစ္စည်းဥစ္စာ ပျက်စီးကုန် သဖြင့် မိဘ တို့သည် စားဖို့ပင် အနိုင်နိုင် ဖြစ်လာကြသည်။ ထို ကလေး ငယ် ကိုယ်ဝန် တည်သည်မှ စ၍ စောင့်ရှောက် မည့်သူ မရှိတော့ဘဲ အကြောင်း အမျိုးမျိုး က ဖယ်ကြပြန် သည်။

မွေးဖွား လာသော အခါတွင် မိခင် သည် အာဟာရ ကောင်းစွာ မရရှိတော့သည့် အတွက်နို့ က လည်း မထွက်ပြန် စသော ဒုက္ခ အမျိုးမျိုးကြောင့် လည်းကောင်း အခြားစောင့်ရှောက် မည့်သူ မရှိသော ကြောင့် လည်းကောင်း တပိန်ပိန် တလိမ်လိမ် ဖြစ်ကာ အဆီသြဇာ ခန်းခြောက်လာပါသည်။

ထို အဖြစ် တို့၏ အကြောင်း မှန်သည် အတိတ်ကပြုစု ပျိုးထောင်သော ပါဏာတိပါတ ကံ စသော သတ္တ၀ါ တို့ကို ညင်းပန်းနှိပ်စက်သော ၊သွေးစွန်းသော လက်အမြဲ ရှိခဲ့သော၊ ရက်စက်သော စိတ်ထား စသော အကုသိုလ် တရားတို
့ သည် ဥပပီဠက ကံ အရာ မှနေ၍ အကျိုးပေးနေခြင်းဖြစ်သည်။ 

ထို ဥပပီဠကကံ ၏ အသက်တိုအောင် ညှင်းပန်းနှိပ်စက် တက်ပုံ ဖြစ်ပါသည်။ အဋ္ဌကထာ ၌ဖော်ပြ ထား ပုံ ကို မှီး ၍ရေးသား အပ်ပါသည်။






 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း





 Ven Ra Hta


No comments:

Post a Comment