Wednesday, February 25, 2015

ဘဏ် များကို ဖောက်ထွင်း သည့် ရုရှ ဟက်ကာကို အမေရိကန် က ဆုငွေ ဒေါ်လာ သုံးသန်း ထုတ်ထား

US-offers-3m-for-info-on-Russian-engaged-in-hacking-op


(ဝါရှင်တန်)။ ။ ဘဏ်တော်တော် များများ ကို ကွန်ပြူတာဖောက်ထွင်း ခဲ့မှု တွင် ပါဝင် သည့် ရုရှနိုင်ငံသား အား ဖမ်းဆီးနိုင်ရေး အတွက် သတင်းပေးနိုင်သူ မည်သူ မဆို ဆုငွေ အမေရိကန်ဒေါ်လာ သုံးသန်း ချီးမြှင့်မည်ဟု အမေရိကန်နိုင်ငံ က ထုတ်ပြန်ထားသည်။

ဘဏ်များ ကို ဟက်ကာ လုပ်ကာ ဒေါ်လာ သန်း ၁၀၀ ခန့် ကို ခိုးယူ ခဲ့သည့် ဟက်ကာ အဖွဲ့၏ ဦးဆောင် စီမံ သူဖြစ်သည့် အီဂျင်နင်းမီခါအေးလိုဗစ်ဘိုဂါချော့ဗ် ၏ သတင်း ပေးနိုင်သူ ကို အဆိုပါ ဆုငွေချီမြှင့်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၂၄ရက် တွင် ဆုငွေ ထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့သည် နိုင်ငံ ၁၂နိုင်ငံ မှ ဘဏ်အကောင့် များသို့ ချိုးဖောက် ဝင်ရောက်ကာ ခိုးယူနိုင်သည့် "GameOver Zeus" malware နည်းဖြင့် ဟက်ကာပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အဲဒီ အဖွဲ့ ထဲမှာ ပါဝင်သူတွေ ကို တရား ဥပဒေအောက် ပို့ပေးနိုင်သူ ဆိုရင် ဆုငွေ ထုတ်ပေး သွားမှာဖြစ် ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။


 
FBI ၏ ဆိုက်ဘာ ရာဇဝတ်မှုများ အတွက် အလိုရှိ စာရင်းတွင် ပါဝင်သည့် ဘိုဂါချော့ဗ် သည် ရုရှ တွင် နေ ထိုင် လျက်ရှိနေနိုင်ကြောင်း FBI သတင်းအရ သိရသည်။

“ဒီအမှု က တစ်ကမ္ဘာ လုံး ပျံ့နှံ့ တဲ့ ကိစ္စရပ် ပါပဲ။ ဒါပေမယ့် ဒါကို တိုက်ခိုက် သွားဖို့ ကမ္ဘာအနှံ့ က ဥပဒေ သမားတွေ က လုပ်ဆောင်နေပြီဖြစ်သလို ပြစ်မှု ကျုးလွန်တဲ့ သူတွေကိုလည်း တရားစီရင်နိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။”ဟု အက်ဖ်ဘီအိုင် ဆိုက်ဘာ ရာဇဝတ်မှုဌာန မှ အကြီးအကဲဖြစ်သူ ဂျိုးဆက်ဒိန်းမာရတ် က ပြောခဲ့သည်။

ယင်း ရာဇဝတ်သားများ ကို ဖော်ထုတ်နိုင်ရန် မိုက်ခရိုဆော့ဖ်နှင့် Symantec ကဲ့ သို့သော နည်းပညာ ကုမ္ပဏီကြီး များက ကူညီပေးလျက် ရှိကြောင်း အက်ဖ်ဘီအိုင် ကပြောခဲ့သည်။
REF : PRESS TV
From...
 
 

No comments:

Post a Comment