Wednesday, February 25, 2015

ကိုးကန့်ပြဿ နာ နဲ့ တရုတ် မြန်မာ ဆက်ဆံရေး






















လက်ရှိ အစိုးရရဲ့ လေးနှစ်တာ သက်တမ်း ကာလ အတွင်း ထိပ်တန်း အရောက်လာဆုံး စိန်ခေါ်မှု ကတော့ ကိုးကန့်ပြဿ        နာ ပဲ ဖြစ်ပါတယ်။ ကိုးကန့် အရေးဟာ ပြည်တွင်းစစ် လို့ သတ်မှတ်မလား၊ အချုပ်အခြာ အာဏာ ထိပါးမှု လို့ သတ်မှတ်မလားဆိုတဲ့ ပြဿနာတွေအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေနဲ့ပါ ပတ်သက်နေတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး ရဲ့ အဖျားပိုင်း ကာလတွေ ကို ကြည့်ရင် အပေါ်ယံမှာ ကောင်းမွန် အဆင်ပြေနေပေ မယ့် အတွင်းပိုင်း မှာ ကြိတ်ပြီးတော့ ပြဿ         နာတွေ ရှိခဲ့တာ ဖြစ်တယ်။ 

အစောပိုင်း ကာလတွေ ကို ပြန်ကြည့်ရင် ဖဆပလ အစိုးရ လက်ထက် နှစ်နိုင်ငံ နယ်နိမိတ် ပြဿ         နာတွေ ကို ဝန်ကြီးချုပ် ဦးနု က လိုက်လိုက်လျောလျော ဖြေရှင်းပေး ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဖိမော်ဒေသ ကို တရုတ် ဝန်ကြီးချုပ် ချိုအင်လိုင်း က တောင်းရခြင်း အကြောင်းရင်း က သူ ငယ်ငယ်တုန်းက ဖီမော်ဒေသ ခံတွေရဲ့ အင်္ဂလိပ် ဆန့်ကျင်ရေး သမိုင်းကြောင်းတွေကို သင်ကြား ခဲ့ရဖူးတာကို မှတ်မှတ် သားသား ရှိလှတဲ့ အတွက် တရုတ်ပိုင်နက် အဖြစ် သတ်မှတ်လို တာလို့ ဆိုတယ်။ 

ဒါကို ဝန်ကြီးချုပ် ဦးနု က နှစ်နိုင်ငံ အကျိုး အတွက် အလွယ်တကူ လိုက်လျော ခဲ့ပေမယ့် အဲဒီ အချိန်က ပီကင်း  အစည်းအဝေး မှာ ပါလာ တဲ့ ကချင်ပြည်နယ် အမတ် ဇန်ဒါးဆင် က အကြီးအကျယ် ကန့်ကွက် ခဲ့ပါတယ်။ သူပြော တာကတော့ ကချင်ပြည်သူ လူထုရဲ့ သဘောထားမေးဖို့ လိုတယ် လို့ ရပ်ခံခဲ့တာပါ။ 



ဒါပေမဲ့ နောက်ဆုံး မှာ ဝန်ကြီးချုပ် က အတင်းတိုက်တွန်း လို့ သူ အလျှော့ပေးခဲ့ရ တယ်။ အခု ဖီမော်ဒေသ ကို ကြည့်ရင် တရုတ် ဖီမော်၊ ဗမာ ဖီမော်ဆိုပြီး နှစ်ပိုင်းဖြစ်နေတာ တွေ့ရမှာပါ။ တရုတ် ဖီမော် ဘက်မှာ လယ် ကွက်တွေ များများ ပါပြီး ဗမာ ဖီမော်ကတော့ လျှို သာသာ နေရာ ကျဉ်းကျဉ်းလေးပဲ ဖြစ်တယ်။ 

တရုတ်ဘက်ခြမ်း မှာ နယ်ချဲ့ ဆန့်ကျင်ရေး အထိမ်း အမှတ် ကျောက်တိုင် တစ်ခုကို အတော် ခမ်းခမ်း နားနား စိုက်ထူ ထားတာ တွေ့ရနိုင်ပါတယ်။ ဦးနု လက်ထက်မှာ မပြီးပြတ် ဘဲ ကျန် ခဲ့တဲ့ နယ်ခြားပြဿ       နာကို ဦးနေဝင်း အိမ်စောင့် အစိုးရ လက်ထက်မှာ ဖြေရှင်းခဲ့တယ်။ 

ဒါတွေမှာ လည်း ဗမာဘက် က လိုက်လိုက်လျောလျော ပေးခဲ့ရတာတွေ ပါပဲ။ ဒါကြောင့် အခု ကိုးကန့် အရေး မှာ တရုတ်ဘက် က ပါဝင် သယောင် ပြောဆိုမှု အတွက် တရုတ်  နဲ့ မြန်မာ  အကြား နယ်နိမိတ် ပြဿ      နာတွေ အပြီး အပြတ် ဖြေရှင်းပြီးသား ဖြစ်တယ်။ ဘာပြဿ        နာမှ ရှိစရာအကြောင်း မရှိပါဘူးလို့ တရုတ် တို့က ဆိုနေတာ ဖြစ်တယ်။
 
ကျွန်တော်တို့ အတွေ့ အကြုံများ အရတော့ နိုင်ငံကြီးတွေ မှာ တစ်ကမ္ဘာလုံး ဆိုင်ရာ အမြင် နဲ့ မဟာဗျူဟာတွေ ရှိပါတယ်။ သူနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေ ကို ရှုမြင်ရာ မှာ ဒီ နယ်နိမိတ်တွေ ထက် ကျော်လွန်ပြီး အလွန်ဝေးကွာ တဲ့ အဆင့်အထိ ကြည့်ရှု တွက်ချက်တာ ဖြစ်တယ်။ 

 တစ်ပြိုင်နက်  မှာပဲ သူတို့ဟာ ဒေသ တွင်း အင်အားချိန်ခွင် လျှာ ကို အလေးထားတာ ဖြစ်တယ်။ ဒါကြောင့် မြောက်ကိုရီးယား လို အလွန် ဆိုးသွမ်းတဲ့ နိုင်ငံဖြစ် ပစေ ဒေသတွင်း အင်အားချိန်ခွင်လျှာ အတွက် အရေး ပါတဲ့ နေရာဖြစ်နေလို့ တရုတ်ဟာ မြောက်ကိုရီးယား ဘက်က ရပ်တည်ပေးတာပဲ ဖြစ်တယ်။ 

နဝတ လက်ထက် တစ်လျှောက်လုံး တရုတ် တို့က အစိုးရ ဘက်က ရပ်တည်ပေး တာဟာလည်း ဒီသဘော ပဲ ဖြစ်တယ်။ ဒါမျိုး ကို နိုင်ငံခြား စကော်လာ တစ်ယောက် က တရုတ် တို့ရဲ့ ခြံစည်းရိုး မှာ ကိုက်တတ် တဲ့ ခွေးမွေး တဲ့ ပေါ်လစီ လို့ ရေးဖူးပါတယ်။ 

တစ်ကမ္ဘာလုံး နဲ့ မတည့် ပါစေ သူ့ကို နာခံရင် သူက လက်ခံပြီး အသုံးချ  မယ် ဆိုတာပဲ ဖြစ်တယ်။ ဒီလို အချိန် မျိုးမှာ အဲဒီ လို နိုင်ငံတွေ ရဲ့ ဘေးထွက် ဆိုးကျိုး (မူးယစ်ဆေးဝါး၊ စစ်ဘေး အန္တရာယ်) တွေ ကိုလည်း တရုတ် က ကြိတ်မှိတ်ပြီး ခံလေ့ ရှိပါတယ်။ 

သူ့တိုင်းပြည် ထဲမှာ မူးယစ်ဆေးဝါး မိလို့ သေဒဏ်ပေး လိုက်တဲ့ မြန်မာနိုင်ငံ သား အတော် များများ ရှိပါတယ်။ ဒီလို အမှုတွေကို နှစ်နိုင်ငံကြား အသိပေး မပေး မသိ ရပေမယ့် နယ်စပ်နေ ပြည်သူများ ကတော့ သိကြ ပါတယ်။

အခုချိန် မှာ တရုတ် ရဲ့ နိုင်ငံခြားရေးပေါ်လစီ မှာ ရန်လိုမှု အချို့ ရှိတယ်လို့ ဗီယက်နမ် အရေး၊ ဂျပန် နဲ့ဖြစ်တဲ့ ရှင်ကာကူကျွန်း အရေး တို့မှာ ဝေဖန်ထောက်ပြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီ  ရန်လိုမှုတွေဟာ ယဉ်ကျေးမှု တော်လှန်ရေး ကာလ လို လက်ဝဲသံ  တွေ လွှမ်းမိုးတဲ့ ကာလ မျိုးလောက်တော့ အန္တရာယ် မရှိပါဘူး။

 ဒါကို သမိုင်းဖြစ်ရပ်တွေ ကို ပြန်ကြည့်ရင် တွေ့နိုင်မှာပါ။ ဒီယဉ်ကျေးမှု တော်လှန်ရေး မတိုင်ခင်ကလည်း တရုတ် တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ပါတီချင်း ဆက်ဆံရေး က အဓိကဖြစ်ပြီး အစိုးရချင်း ဆက်ဆံရေး က ဒုတိယဖြစ်တယ်။ ဒါကြောင့် အရှေ့တောင် အာရှမှာ ရှိတဲ့ ကွန်မြူနစ် လက်နက်ကိုင်တော်လှန်ရေး အားလုံး ကို တရုတ်တို့ က ကူညီခဲ့တာ ဖြစ်တယ်။ ဒီ အကူအညီတွေ ဟာ ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန် အာဏာ ရလာပြီး နောက်ပိုင်းမှာ ရပ်တန့် ပစ်ခဲ့တာ ဖြစ်တယ်။

၁၉၆၈ ခုနှစ် မြန်မာပြည်နယ်စပ် မှာ ဗကပ တို့ ပြန်လည် အခြေချတဲ့ ကိစ္စ မှာတော့ တရုတ် တို့ ကူညီ ပုံဟာ လူ၊ လက်နက်၊ ပစ္စည်း အားလုံး အလုံး အရင်း နဲ့ ပါဝင် ကူညီ တာမျိုး ဖြစ်တယ်။ ဘန်ဒေါင်း မူကြီး ငါးရပ် ကို အတိ အလင်း ချိုးဖောက်ပြီး ဒီလို ကူညီတာ မျိုးက  ယဉ်ကျေးမှုတော်လှန်ရေး ရဲ့အရှိန်က အဓိကဖြစ်တယ်။ 

တစ်ဖက် ကလည်း ဦးနေဝင်း ရဲ့ တရုတ် ဆန့်ကျင်ရေး လုပ်ရပ် ကလည်း တရုတ် တို့ ဗကပကို အတိအလင်း ကူညီဖို့ အဆုံး အဖြတ် ဖြစ်သွားစေတာ ဖြစ်ပါတယ်။ အဲဒီ တုန်းက လက်ဝဲ ကူညီရေး တပ်ဖွဲ့ အနေနဲ့ ပါဝင် ခဲ့ကြတဲ့ တရုတ်ရဲဘော် အချို့ ပြန်ရေးတဲ့ စာအုပ်တွေ တရုတ်ပြည် ထဲမှာ ထွက်ပါတယ်။ 

ဒီစာအုပ်တွေ မှာ ယခင် ဗကပ ဗဟိုကော်မတီဟောင်း များက အမှာစာ ရေးပေးထားပါတယ်။ အဲဒီအမှာ စာ မှာ ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ အရှေ့မြောက်စစ်ဒေသ စတင် မဖွင့်လှ စ်မီ စစ်ရေးလေ့ကျင့်စဉ် ကာလ မှ သူတို့ ရှိရာကို “ချိုအင်လိုင်း” ကိုယ်တိုင် ငါးရက်လောက် လာနေပြီး အနီးကပ်သွန်သင်တဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ ချိုအင်လိုင်း ပြောတဲ့ အထဲ မှာ စစ်ဟာ မြန်ဖို့ လိုတယ်။ 

အချိန်တို အတွင်း ရှမ်းပြည်နယ်လောက် ကို သိမ်းနိုင်ရင် တရုတ်ဘက် က အစိုးရ အဖြစ် အသိ အမှတ်ပြုကြောင်း ကြေညာပေးလို့ ရတယ်။ နှေးရင်တော့ မရဘူး ဆိုတာမျိုးတွေ ပါတယ်။ အဲဒီ ကာလက တရုတ် ရဲ့ ပေါ်လစီ ဟာ မော်စီတုံး၊ ချိုအင်လိုင်း တို့ ကိုယ်တိုင်ပါတဲ့ အလွန်ကြောက် ဖို့ကောင်းတဲ့ ပေါ် လ စီဖြစ် တာ တွေ့ရမှာပါ။

အခုတော့ တရုတ်ပေါ်လစီတွေ ဟာ တိန့်ရှောင်ဖိန် လက်ထက် ကတည်းက ပြောင်းလာပါပြီ။ တရုတ် အပြောင်း အလဲဟာ နှစ်ပေါင်း ၃၀ လောက် အတွင်း တိုးတက် မှုတွေ အများအပြား ရရှိ ခဲ့တယ်။ စီးပွားရေး အရ ကမ္ဘာမှာ ဒုတိယ အင်အားအကြီးဆုံး နေရာ ကို ရောက်လာခဲ့ပြီ။ တရုတ် လိုလား တာက လောလော ဆယ် မှာ တည်ငြိမ်ရေး ဖြစ်တယ်။ 

သူ့ရဲ့အကျိုးစီးပွားတွေ ထိန်းသိမ်းရေး နဲ့ စီးပွားရေး တိုးချဲ့ရေး ဖြစ်တယ်။ မြန်မာ ဟာ တရုတ် တို့ရဲ့ ပင်လယ် ပိုးလမ်း မ၊ ကုန်းတွင်း ပိုးလမ်းမ နှစ်ခု စလုံး အတွက် လက်ရင်း အညှာ မှာ ရှိနေတဲ့ နိုင်ငံဖြစ်တယ်။ ပုလဲ သွယ် ပေါ်လစီ လို့ ခေါ်တဲ့ ပင်လယ် ပိုးလမ်းမ က အခုကို အလုပ်ဖြစ်နေပါပြီ။ ဓာတ်ငွေ့ရော၊ ရေနံပါ တင်ပို့နိုင်နေတာ ဖြစ်တယ်။ 

ဒါကြောင့် တရုတ် တို့ရဲ့ ပေါ်လစီ ဟာ မြန်မာနိုင်ငံ မှာ တည်ငြိမ်အေးချမ်းစွာ ဖြစ်ပေါ်ရေးပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှ သူ့ အကျိုး စီးပွားတွေ မထိခိုက်မှာ ဖြစ်ပါတယ်။ အခု ကိုးကန့် အရေး ဟာ ဒီလို တည်ငြိမ်မှုကို ပျက်ပြားစေ တာ အမှန်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီလို အရေးအခင်း မျိုးမှာ တရုတ် အထက်ပိုင်း ရဲ့ ပေါ်လစီ မပါနိုင်ဘူး ဆိုတာ သေချာ သလောက် ဖြစ်ပါတယ်။ 

ဒီတလော မှာ ဖတ်ရ တဲ့ ဘရွတ်ကလင်းအင်စတီကျူ့က “ယွင်ဆန်း” ဆိုတဲ့ အမျိုးသမီးပညာရှင် တစ်ယောက်ရေး တဲ့ ဆောင်းပါး မှာလည်း ဒီသဘောပဲ တွေ့ရပါတယ်။ “ပညာရှင် ဆိုသူ အချို့က ဒီကိစ္စမှာ ပါဝင် ပတ်သက်ဖို့ အကြံပြုတာတွေ ရှိပေမယ့် တရုတ် အစိုး ရက ဒါကို ပယ်ချခဲ့တယ်” လို့ ရေးသားထား ပါတယ်။ 

သူဟာ အာရှ အရှေ့ဖျားဆိုင်ရာတွေ ကို အထူးပြုလေ့လာသူ တစ်ဦး ဖြစ်တယ်။ ဒါပေမဲ့ စနေနေ့ က ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သိရ တဲ့ အချက်အလက်တွေ အရတော့ အောက်ခြေ နယ်စပ်ဒေသ တာဝန် ခံတွေ ပါဝင် ပတ်သက်မှု ရှိနိုင်တယ် သို့မဟုတ် သူတို့ မျက်စိမှိတ်ပေးနေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ 

ဒီ ကိစ္စမျိုးတော့ အတိ အလင်းပဲ အစိုးရ အနေနဲ့ ကန့်ကွက် သင့်တာ ဖြစ်ပါတယ်။
ကိုးကန့် စစ်ပွဲ အဖို့ ပြောရရင်တော့ ဖုန်ကြားရှင် အနေနဲ့ ဒီလို မိုက်မိုက် ကန်းကန်း လုပ်ရဲ တာဟာ UNFC အဖွဲ့ဝင် အချို့နဲ့ “ဝ” အဖွဲ့၊ မိုင်းလား အဖွဲ့ တို့ရဲ့ အားပေး ကူညီမှုတွေ၊ နယ်စပ်ဒေသတွေ ကို တစ်စုံတစ်ရာ အသုံး ချနိုင်မှုတွေကြောင့်လို့ ယူဆနိုင်ပါတယ်။ 

ဒါဟာ ပြည်တွင်းစစ်ရဲ့  အဆက်တစ်ခု လို့ ဆိုရမှာ ထက် အစိုးရ ရဲ့ ရွေးကောက်ခံ နယ်မြေ တစ်ခုကို ထိပါး တယ် ဆိုတဲ့ လက္ခဏာ ပိုပေါ်လွင် ပါတယ်။ ဖက်ဒရယ် တပ်မတော် (FUA) ဆိုတာကို လက်တွေ့ အကောင် အထည် နဲ့ ပြလိုက်တာ ဖြစ်တယ်။ ဒီလို တိုက်ပွဲ မှာသာ အနိုင် ရရင် FUA ဟာ အခြားပြည်ထောင်စုနယ်မြေ ဘယ်နေရာကို မဆို ဝင်ရောက် သိမ်းပိုက်နိုင်တာ ဖြစ်တယ်။

 မြန်မာပြည်မှာ FUA နဲ့ မြန်မာ့ တပ်မတော် ဆိုပြီး တပ်မတော်နှစ်ရပ် အဖြစ် အထင်အရှား ကွဲပြား ထွက်ပေါ်လာစေ မှာ ဖြစ်တယ် ။ ဒီလုပ်ရပ်ဟာ UNFC အနေနဲ့ တစ်ဖက် က ငြိမ်းချမ်းရေး အလံ လွှင့်ထူပြီး တစ်ဖက် က စစ်ရေး အရ အခွင့် သာတဲ့နေရာ မှန်သမျှ  တိုက်ခိုက်မယ် ဆိုတဲ့ သဘောဖြစ်လာပါတယ်။ 

ဒါဟာ မြန်မာပြည်မှာ ရှိတဲ့ ပြည်တွင်းစစ် သမိုင်းမှာ အရေးတကြီး အလေးထားဖြေရှင်း ရမယ့် အဆင့်တစ်ခု ကို ရောက်လာတာ ဖြစ်တယ်။ ဒီအခြေ အနေ ကနေ အစိုးရ ပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်ပဲ ဖြစ်ဖြစ် ဘယ်သူ ဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ တိုင်းပြည်ဖွံ့ဖြိုးရေး ကို တကယ်လိုလားတယ်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို တကယ်လိုလားတယ် ဆိုတာ ကွဲပြားစွာ ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြဿ          နာဟာ ပေါ့ပေါ့တော့ မဟုတ်ပါဘူး။ ဖုန်ကြားရှင် ဟာ တစ်ဖက် က ဒီနယ်မြေ မှာ တာဝန် ထမ်းခွင့် ရဖို့ အစိုးရထံ အသနား ခံသလို လုပ်နေပေမယ့် တစ်ဖက်မှာ တရုတ်-ဗမာကြား ပြဿ         နာအဖြစ် ပုံဖော်ပြီး တရုတ် လူမျိုး များကို စည်းရုံးနေတာပါ။ တစ်ဖက်နိုင်ငံ ရောက်နေတဲ့ ကိုးကန့် ဒုက္ခသည်တွေ ကို တရုတ်ပြည်တွင်း က အကူ အညီတွေ အလျှံပယ်ရောက်လာလို့ ထပ်မပို့ကြဖို့တောင် တားထားရတယ်လို့ သိရတယ်။ 

အခု ဒီဘက် မှာလည်း ကိုးကန့် က ပြေးလာသူတွေ နဲ့ တပ်မတော်သားတွေ ကို ကူညီနေကြ သလိုမျိုး ပါ ပဲ။ နောက် တစ်ချက်က ကိုးကန့်မြောက်ပိုင်း မှာ ပလောင်ရွာ အများအပြား ရှိတဲ့ အတွက် ဖုန်ကြားရှင် က ပလောင်တပ် ကို စည်းရုံးပြီး ဒီစစ် ပွဲထဲ ဆွဲသွင်း လာခဲ့တာ ဖြစ်တယ်။ ဖုန်ကြားရှင် ဟာ ဒီစစ်ပွဲ ကို အချိန် ယူပြီး အကွက် ကျကျ ပြင်ဆင်ဆောင်ရွက် တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီစစ်ပွဲဟာ တပ်မတော် ရဲ့ အင်အား နဲ့ ဉာဏ် အမြော်အမြင် ကို အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုအဖြစ် တွေ့မြင်ရတာ ဖြစ်ပါတယ်

ဘမောင်ညို
 From...   http://www.searchmyanmar.com/link/frame/cid/47631

No comments:

Post a Comment