Thursday, July 4, 2013

အမြင် မတူခြင်းနှင့် အဖြေ ၇ှာခြင်း



လူတိုင်း လူတိုင်း တွင် မတူညီသော အမြင်များ၊ အတွေးအခေါ် အယူအဆများ ရှိတတ်ကြသည်။ လူတစ်ယောက်ချင်းစီ ၏ ဖြတ်သန်းခဲ့ ရသော ဘ၀အခြေအနေ၊ ပညာအရည်အချင်း၊ အတွေ့ အကြုံ၊ ကိုးကွယ်ရာ ဘာသာတရား၊ လူမျိုး အစရှိသည့် အကြောင်းအရာ ပေါင်းစုံပေါ် မူတည်ပြီး ကိစ္စရပ်တိုင်း လိုလို မှာပင် လူတစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း ကွဲပြားလေ့ ရှိကြပါသည်။ 

 မတူကွဲပြားမှုများ ရှိနေခြင်းသည် ပြဿ      နာတစ်ရပ် မဟုတ်ပါ။ ထိုမတူ ကွဲပြားမှုများအပေါ် ညှိနှိုင်း အဖြေရှာခြင်း မျိုး မပြုလုပ်ဘဲ ပြစ်တင်ဝေဖန် အကြမ်းဖက် နေခြင်း ကသာ ပြဿ        နာ တစ်ရပ် ဖြစ်ပါသည်။ 


သမိုင်း သင်ခန်းစာတွေ မည်မျှ ပင် ရရှိခဲ့သော်လည်း ယခုအချိန်ထိ တိုင်အောင်ပင် မြန်မာတို့ သည် အချင်းချင်း ညီညွတ်အောင် ညှိနှိုင်း အဖြေရှာနိုင်ဖို့ ထက် တစ်ဦးကို တစ်ဦး ပြစ်တင်ဝေ ဖန် မှုတွေနှင့် အသားကျနေဆဲပင် ဖြစ်သည်။ 

တစ်ဦးနှင့် တစ်ဦး တစ်ဖက်နှင့် တစ်ဖက် မတူ ကွဲပြားသည့် အမြင်တွေ၊ စကားသံတွေကို နားထောင် မကြည့်ဘဲ တိုင်းပြည် အတွက် ဆိုသည့် စိတ်ထက် ငါ ဆိုသည့် အတ္တကို ရှေ့တန်း တင်နေဆဲပဲ ဖြစ်သည်။ 

ယခုဖြစ်ပျက်နေ သည့် ၀ါဒ မတူ သူ တို့၏ အားပြိုင်ပွဲ သည်လည်း ဤသဘော ကို ဆောင်နေ ပါသည်။ ခဲပေါက် ခံရသည့် အဖြစ် တစ်ခုတွင် ခဲပေါက်နေ သူနှင့် ခဲပေါက် ရခြင်း အကြောင်း ရင်းကို မေ့လျော့ကာ နှစ်ဖက် စလုံးသည် ခဲကျရာ ကိုသာ လိုက်နေကြပြီး ၀ါဒ ကို အကြောင်းပြု ၍ အပြင်း အထန် တင်းမာ ကွဲလွဲ နေကြပါသည်။ 

တစ်ဖက်နှင့် တစ်ဖက် အကြောင်းရင်း ခံကို မရှာနိုင်ကြဘဲ ပြစ်တင်ဝေဖန် လျက် ရှိနေပါ သည်  မြန်မာနိုင်ငံ တွင် မတူကွဲပြားသည့် အမြင် ရှိသူများသည် အချင်းချင်း ညှိနှိုင်း မယူနိုင်ကြဘဲ ရန်ဖြစ်ကာ အမျိုးမျိုး ကွဲပြားနေခဲ့သည့် အတွက် တိုင်းပြည်နှစ်ပေါင်း များစွာ အောက် ကျနောက်ကျ ဖြစ်ခဲ့ ရပြီ ဖြစ်သည်။ 

ဝါဒ မတူသူ အချင်းချင်း ညှိနှိုင်း အဖြေရှာရန် မကြိုး စားဘဲ ငါနဲ့ မတူ ငါ့ရန်သူ သဘောမျိုးနှင့် အပြုတ် တိုက်ဖို့ ကြိုးစားခဲ့သည့် အတွက် သမိုင်းစဉ် တစ်လျှောက်လုံး တွင် မြန်မာများ စိတ်ရော ကိုယ်ပါ စည်းစည်း လုံးလုံး ရှိခဲ့သည့် အချိန် အတော်ပင် နည်းပါးခဲ့သည်။ အကြမ်းဖက်မှု ပဋိပက္ခ များနှင့် ပြည်တွင်းစစ် ဒဏ်ကို ခါးသီးအောင် ခံစားခဲ့ရပြီး တိုင်းပြည်ချွတ်ခြုံ ကျခဲ့ရသည်။

ဝါဒ မတူသူများ ညှိနှိုင်းပြီး မစည်းလုံးနိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံ သည် နှစ်ပေါင်းများစွာပင် အာဏာရှင် လက်အောက် မှာ အဖိနှိပ်ခံ အဖြစ် နေခဲ့ရပြီး ဖြစ်သည်။ ယခုအချိန်တွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော်လည်း နောက်ကြောင်းပြန် သွားနိုင်သည့် အန္တရာယ်များ ဆက်တိုက်တွေ့ကြုံရလျက် ရှိနေပါသည်။ 


တိုင်းပြည် အတွက်ဆို သည့် ရည်ရွယ်ချက် တူသူများ ၀ါဒကြောင့် ကွဲပြားနေလျှင် ဘုံရန်သူ အတွက် အခွင့် အရေးကောင်း ဖြစ်နေပါလိမ့်မည်။ ယခု အချိန်ထိမှ မတူ ကွဲပြားမှုများကို ညှိနှိုင်း မယူနိုင်၊ မစည်းလုံးနိုင် ဖြစ်နေမည် ဆိုလျှင် တိုင်းပြည်ချောက်ထဲ သို့ သက်ဆင်းရပါ လိမ့်မည်။ 

ထို့ကြောင့် နောက်လိုက်ကောင်း တစ်ယောက် မဖြစ်ခဲ့ဘဲ ခေါင်းဆောင်ကောင်း တစ်ယောက် မဖြစ်နိုင် ဆိုသည့် ဆိုရိုး ကို သတိပြုရင်း နှစ်ယောက် ရှိလျှင် သုံးဖွဲ့ကွဲ တတ်သည့် စရိုက် ကို ပြင်ဆင်နိုင်မှ၊ တစ်ဖက်နှင့် တစ်ဖက် မတူ ကွဲပြား မှုများကို နားလည် သဘောပေါက်အောင် နားထောင် ညှိနှိုင်း အဖြေရှာနိုင် မှ တိုင်းပြည် အတွက် ကောင်းနိုင်ပါလိမ့်မည် ဟု The Daily Eleven နေ့စဉ် သတင်းစာ က ယူဆရေးသား အပ်ပါသည်။
     
 ဇူလိုင်လ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ ၏ အယ်ဒီတာ့ အာဘော်
 Eleven Media Group မှ ကူးယူဖေါ်ပြသည်...



No comments:

Post a Comment