Thursday, July 25, 2013

တိုးမြှင့် လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ညှိနှိုင်းနေ

 malay-july25

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံသားဖြစ်ကြောင်း အထောက် အထား လက်မှတ် လာရောက်လျှောက်ထား နေသူများကို တွေ့ရစဉ်

မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်ရန် အတွက် ကွာလာလမ်ပူ ရှိ မြန်မာ သံရုံးသို့ အကြောင်း ကြားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (C of I) လျှောက် ထား ခဲ့ပြီးဖြစ် သည့် အထောက် အထားမဲ့ မြန်မာ အလုပ်သမား ၂၇၀၀ ခန့် ကို တစ်ဦးလျှင် ဒဏ်ကြေး ရင်းဂစ် ၄၀၀ (မြန်မာငွေကျပ် ၁၂၀၀၀၀ ခန့်) ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းနေကြောင်း စုံစမ်းသိရှိရသည်။


 
အထောက် အထားမဲ့ နိုင်ငံခြားသား အလုပ် သမားများ ပြည်တော်ပြန်ရာတွင် သက်ဆိုင်ရာ သံရုံး ၏ အထောက် အထားဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနက စိစစ်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ပေးရာတွင် အခွင့်အရေး တစ်ရပ် အနေဖြင့် တစ်ဦးလျှင် ဒဏ်ကြေးငွေရင်းဂစ် ၄၀၀ ဖြင့် ဆောင်ရွက်ပေးခဲ့ ရာမှ ဇူလိုင် ၁၈ ရက်နေ့တွင် တစ်ဦးလျှင် ရင်းဂစ် ၃၀၀၀ (မြန်မာငွေ ကျပ် ဆယ်သိန်းနီးပါး)သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။

"မြန်မာနိုင်ငံ က လူတွေ အတွက်ချည်း တိုးလိုက်တာ မဟုတ်ပါဘူး။ နိုင်ငံပေါင်းစုံက တရားမ၀င် အလုပ်သမားတွေ အားလုံး အတွက် တိုးလိုက် တာပါ။ ဒဏ်ကြေး ရင်းဂစ် ၃၀၀၀ ဆိုတာ အရင် တုန်းက သတ်မှတ်ထားတဲ့ ဒဏ်ကြေးပမာဏ ဖြစ်ပါတယ်။ 

ဒါပေမဲ့ 6P လုပ်ပေးပြီးနောက်ပိုင်း အခွင့် အရေး တစ်ရပ် အနေနဲ့ ပြန်ချင်တဲ့ လူတွေရှိရင် ဒဏ်ကြေး ရင်းဂစ် ၄၀၀ ဆိုပြီး ပြောင်းလဲ သတ်မှတ် ပေးခဲ့တာပါ။ 

အခု အချိန်မှာတော့ အဲဒီ အစီအစဉ် အချိန်ပြည့် သွားပြီ ဆိုပြီး အရင်ကောက်တဲ့ ဒဏ်ကြေးရင်း ဂစ် ၃၀၀၀ ကို ပြန်ပြောင်း လိုက်တာပါ" ဟု မလေးရှားရောက် တရား မ၀င် မြန်မာ အလုပ် သမား များ ပြည်တော်ပြန်နိုင်ရေး အတွက် ကူညီဆောင် ရွက်ပေးနေသူ ကိုသီဟမောင်မောင် က ပြောကြားသည်။

ယခု ကဲ့သို့ ဒဏ်ကြေးငွေ ကို ရင်းဂစ် ၄၀၀ မှ ၃၀၀၀ အထိ ပြန် လည်တိုးမြှင့် လိုက်ခြင်းကြောင့် ပြည်တော်ပြန် လို သူ တရားမ၀င် မြန်မာ အလုပ်သမားများ အခက် အခဲ တွေ့ သွားကြောင်း သိရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံ တွင် အခက် အခဲပေါင်းစုံတွေ့ ၍ မြန်မာနိုင်ငံ ပြန်လိုသူများ၊ တရား မ၀င် အလုပ်သမားများ ကို ပြည်တွင်း မှ အလှူရှင် များ၏ အစီ အစဉ်ဖြင့် မြန်မာနိုင်ငံ သို့ ပြန် လည် ပို့ဆောင်ပေးလျက် ရှိသည်။

ထိုသို့ ပို့ဆောင်ရာ တွင် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီ  အစဉ်ဖြင့် မြန်မာနိုင်ငံ သို့ ပြန် လည်ရောက် ရှိလာသူ အရေ အတွက်မှာ ၈၉၆ ဦး ရှိပြီး သီတဂူ ဆရာတော် ၏ အစီ အစဉ်ဖြင့် ပြန်လည်ရောက်ရှိ လာသူ ၃၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ မြန်မာနိုင်ငံ သို့ပြန် ရန် အခက် အခဲတွေ့နေပြီး အလှူရှင် များ၏ အစီ အစဉ်ဖြင့် ပြန် လိုကြောင်း သံရုံး သို့ အကြောင်း ထားသူ ၂၇၀၀ ဦးခန့် မလေးရှားနိုင်ငံ ၌ ကျန် ရှိနေသေးကြောင်း သိရသည်။
                                            

 Eleven Media group မှ မျှဝေဖေါ်ပြသည်
.

No comments:

Post a Comment