Friday, July 19, 2013

အိမ်မြေဈေး ကမ္ဘာ့ စံချိန်ချိုးနေခြင်း က ပြည်သူ သာမက နိုင်ငံတော် ပါ ထိခိုက်စေ


IMG 1616

မြန်မာနိုင်ငံရန်ကုန်မြို့၌ အိမ်ခြံမြေဈေးနှုန်းများမြင့်မားနေခြင်းက ပြည်သူလူထုနှင့်နိုင်ငံတော်ကို ထိခိုက်စေနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများမှ ပြောဆိုလျက်ရှိသည်။


 ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်မားလာခြင်းကြောင့် အခြေခံ လူတန်းစား များနှင့် လူလတ် တန်းစားပြည်သူများ အနေဖြင့် အိမ်ခန်း ပိုင်ဆိုင်ရန် အတွက် အလှမ်းဝေးကွာ သွားလျက်ရှိသလို၊

 နိုင်ငံတော် အနေဖြင့် လည်း ပြည်ပရင်းနှီးမြှုပ်နှံ မည့် နိုင်ငံခြားသားများ ၀င်ရောက် မှု အရေး တန့်သွား သည့်အတွက် နိုင်ငံခြားဝင်ငွေ စီးဆင်းမှုကို ထိခိုက်စေနိုင် သည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။


 
`ခုလို မြေဈေးတွေ မြင့်တက်နေတာ က တနိုင်ငံလုံး အခြေအနေနဲ့ ကြည့်မယ် ဆို ရင်တော့ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ ပြည်သူတွေဘက်က ကြည့်ရင် အိမ်ခန်း ပိုင်ဖို့ ဝေးသွားတယ်၊ အိမ်ခြံမြေ ၀ယ်ဖို့ ပိုဝေးသွားတဲ့ အနေအထားဖြစ်လို့ မကောင်း သလို၊ နိုင်ငံတော် အစိုးရ ဘက် ကနေ ကြည့်ရင် လည်း ဒါ ၀န်ထုပ်ဝန် ပိုး ဖြစ်နေတယ်။

 နိုင်ငံခြား ရင်းနှီးမြှပ်နှံ့မဲ့သူတွေက ဒီကိစ္စတွေ အပေါ်မှာ စဉ်းစားနေကြတယ် မြေယာဈေးမြင့် တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏက မလိုအပ်ဘဲနဲ ကြီးမား တယ်ဆိုပြီး အသံတွေ ထွက်လာ ကြတယ်`ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးသန်းဦးက သုံးသပ်ပြောဆိုသည်။

မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ရေးဆွဲ ၍ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ အတွက် လမ်း ဖွင့် ပေးထား သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းလိုက် ၀င်ရောက်လာမှု မရှိသေးခြင်းက မြန်မာ နိုင်ငံအတွင်း မြေယာရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြေဈေးကြီးမြင့်ခြင်းက အကြောင်းရင်းတစ်ရပ် အနေနဲ့ ပါဝင်နေသည်ဟု စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတို့က ဆိုသည်။

မြန်မာနိုင်ငံ ရှိ အိမ်ခြံမြေဈေးမှာ ကမ္ဘာ့မြေဈေး အကြီးဆုံးနေရာ တစ်ခုအပါ အ၀င်ဖြစ်သည့် အမေရိကန် ပြည်ထောင်စု နယူးယောခ့်မြို့ ရဲ့အိမ်ခြံမြေဈေးနှင့် တချို့နေရာတွေမှာ တန်းတူ ဖြစ်နေပေမဲ့လည်း မြန်မာ့ အိမ်ခြံမြေဈေးကွက် ၌ လိုအပ်ချက်များ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်းစာရှင်းလင်း ပွဲ၌ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN) ကပြေကြားထားသည်။

ပြည်တွင်းရှိ မြေဈေးကစားသူတွေက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ ၀င်ရောက်လာမည် ဆိုသော အမြင်ဖြင့် မြေကွက်များကို ၂၀၁၁ ခုနှစ် ၀န်းကျင် ကတည်း က ကြိုတင် ၀ယ်ယူ စုဆောင်းကာ ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ပြု လုပ် လာသည့်အတွက် မြေဈေးများ အဆမတန်မြင့်တက်သွားခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းက သိရသည်။

ရန်ကုန်နှင့် ဒလကို တံတား ထိုးမည့် စီမံကိန်း သတင်းကြောင့် ဒလမြို့နယ် အတွင်း၌ မြေဈေး များ မြင့်တက် ကာ မြေကွက်ဝယ် ယူစုဆောင်း သူများရှိသော် လည်း ရောင်းလိုသူ မရှိသည့် အဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ သိရသည်။

`အိမ်ခြံမြေဈေးတွေကတော့ ထပ်တက်ဦးမဲ့ အနေအထားရှိတယ်လို့ သုံးသပ်ကြတယ်၊ စီမံကိန်းတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာရင် မြေ၀ယ်တဲ့ သူတွေက သတင်းထွက် တဲ့ နေရာတွေကို လိုက်ရှာ ၀ယ်တာမျိုးတွေရှိနေတယ်၊ ၀ယ်ချင်တဲ့ သူပဲ ရှိပြီး ရောင်းတဲ့သူ ကလည်း မရှိသလောက် ကို နည်းတယ်`ဟု ဒလမှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦး က ပြော သည်။

ရန်ကုန် အိမ်ခြံမြေဈေးများ အနေနှင့်လာမည့် ၂၀၁၄ ခုနှစ် အထိ ဈေးနှုန်း များ မြင့်တက်နေဦး မည် ဆိုသည့်သတင်းများ ထွက်ပေါ်နေတဲ့အပြင် လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးနှုန်း အနေ အထားမှာ လည်း ကမ္ဘာ့မြေဈေးစံချိန် ကို ချိုးလျက်ရှိသည့် အတွက် သာမန်ပြည်သူများ အနေဖြင့် အိုးအိမ် ပိုင်ဆိုင်နိုင်ခွင့် အလှမ်းဝေး သွားသည်ဟု အိမ်ခြံမြေ အကျိုးဆောင် များ က ပြောသည်။

`၂၀၁၀ တုန်းက တိုက်ခန်း ၀ယ်ဖို့ဆိုရင် သိန်း ၈၀ လောက်ဆိုရင် အပေါ်ဆုံးထပ် ၈ လွှာလောက် ရသေးတယ်၊ ဒီနေ့ တိုက်ခန်း အပေါ်ဆုံး ထပ်တောင် သိန်း ၁၅၀ လောက်ဈေး ရှိနေတယ် ဆိုတော့ မ၀ယ်နိုင်တော့ဘူး၊ ဒီပုံသာ ဆိုရင် တစ်သက်လုံး အိမ်ငှား ဘ၀နဲ့ပဲ နေ သွားရ မလား မသိဘူး`ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်ရိတ်မွန် အိမ်ယာ တွင် အိမ်ခန်း ငှားရမ်းနေထိုင်ရသူ တစ်ဦးက ပြောသည်။

From...မြ၀တီ


No comments:

Post a Comment