Tuesday, July 16, 2013

ကျမ်းမာေ၇းနှင့် ပတ်သက် ၍ လုပ်ဆောင်၇န်.............



မျက်နှာသစ်ခြင်း

မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ရေပူ ရေအေး တလှည့် စီဖြင့် မျက်နှာကို ပွတ်ပေးခြင်းသည် ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာ တင့်တယ်စေ ပါသည်၊ ပွတ်သည့် အခါတွင်အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊

 နေ့စဉ် မျက်နှာသစ်သည့် အခါတွင် များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိ သည်၊ ဤသို့ပြုခြင်းသည် သွေးလည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။
 


လက်များများဆေး တုပ်ကွေးကာကွယ်ပေး


လူတယောက် ၏ နှာခေါင်းပေါက် အတွင်းပိုင်းသည် စိုစွတ်နွေးထွေး၍ တုပ်ကွေးရောဂါ ဗိုင်းရပ် ပိုး ပွားများရန် သင့်လျော်သောနေရာကောင်း တခုဖြစ်သည်။ရောဂါပိုးကပ်ငြိနေသော လက်ဖြင့် မျက်စိပွတ်မိပါက ပိုးမွှားများကိုမျက်ရည်ပြွန်မှတဆင့်နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောက် သွားစေနိုင်သည်။


 နှာခေါင်းပေါက် နှိုက်ခြင်းဖြင့် ပိုးမွှားများ ကို တိုက်ရို က်နှာခေါင်းပေါက်အတွင်း ပိုင်းသို့ အရောက် ပို့နိုင်ပါသည်၊ နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောဂါပိုးမွှား ရောက်ရှိပွားများနေလျှင် တုပ်ကွေးရောဂါ ကို ခံစားရဖွယ်ရှိသည်၊ ထို့ကြောင့် လက်များများဆေးခြင်းဖြင့် ပိုးမွှား ကပ်ငြိခြင်း မှ ကာကွယ်ရမည်၊ ဖြစ်နိုင်လျှင် နှာခေါင်းပေါက်ကို လက်ဖြင့် မ ကလော် ဘဲ အပေါ်မှ သာ ဖျစ်ညှစ် နှိပ်နယ်သင့်ပါသည်။

ရေနွေးဖြင့် ခြေဆေးပါ

လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် ခြေထောက်အစုံသည် နှလုံးမှ အဝေးဆုံးဖြစ် သည်၊ သွေးကြော များ၏ အစွန် အဖျားများ ရှိသည်၊ ထို့ပြင် ခြေဖဝါး အရေပြားအောက် အဆီ လွှာသည် ပါးလွှာသည်၊ အပူထိမ်းသိန်းနိုင်စွမ်း အားနည်းသည်၊ ခြေပိုင်းသည် ခန္ဓာကိုယ်တွင် အပူချိန် အနိမ့် ဆုံးနေရာဖြစ်သည် ။


ခြေအစုံအအေးမိ လျှင် တကိုယ်လုံး တုံ့ပြန်အေးမှု ဖြစ်ပေါ်နိုင်သည်။ အကယ်၍ အမျိုးသမီးများ ရာသီ လာချိန်၊ ကိုယ်ဝန်ရှိချိန်တွင် ခြေအအေးမိ ပါက မီးယပ်ကိုင်၊ကိုယ်ဝန် ပျက်ကျ စသည် တို့ ဖြစ်တတ်သည်၊ ထို့ကြောင့် မည်သည့်ရာသီတွင် မဆို ခြေထောက် ဆေးမည် ဆိုပါ က အေးသောရေ ကို မသုံးဘဲ နွေးသောရေ ကို အသုံးပြုသင့်ပါသည်။

ထမင်းစားပြီး ချက်ချင်း ရေမချိုးသင့်

ထမင်း စားပြီးလျှင်ပြီးချင်း ရေချိုးလျှင်လည်း ကျန်းမာရေးနှင့် မညီပေ၊စားသောက်ပြီးချိန်တွင် လူ့ခန္ဓာ ကိုယ်တွင်းရှိ အစာချေ စနစ်သည် ဝန်ပိပြီး အစာအိမ်နှင့် အူလမ်းကြောင်းသို့ သွေးများ ပိုမိုရောက်ရှိနေသည်၊ 


ထိုအချိန် ၌ ရေချိုး ပါက အရေပြားသို့ လည်း သွေးကြောများ ကျယ်ပြန့်မှုကြောင့် သွေးများ ပိုမိုရောက် ရှိပြီး ဦးနှောက်သို့ သွေးရောက် မှုနည်းသွားပါမည်။ ထို့ကြောင့် အသက်ကြီး သူနှင့်နှလုံသွေးကြောရောဂါ ရှိသူများ ပိုမို၍ ဂရုပြုသင့်ပါသည်။

ရေချိုးချိန် တိုရမည် 


 ရေပူ ချိုးချိန်ကြာ လျှင် ခေါင်းမူး၊ မျက်စိပြာ၊ ရင်ဝမွန်းကျပ်၊ နှလုံးခုန်နှုန်းမြန်၊ သွေးတိုး စသည့် ရေပူ ချိုးခြင်း အဆိပ် သင့်ရောဂါ စုံ ရတတ်ပါသည်။ရေအေး ချိုးချိန်ကြာလျှင်လည်း အအေးမိရောဂါ ရတတ်ပါသည်၊ ထို့ကြောင့် ကျန်းမာရေးနှင့် ညီရန် ရေချိုးချိန် တိုရပါမည်။

ကိုယ်တိုက် ဆပ်ပြာ အသုံးလွန်ခြင်း

လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် ချွေးထုတ်ပြွန်များ အပြည့်ရှိသည်၊ယင်းပြွန်များမှ အဆီ များနှင့် ချွေးများ ကို ထုတ်ပေးလေ့ ရှိပြီး အရေပြားနှင့် ဆံပင် အမွှေးအမှင်များကို စိုစွတ်နူး ညံ့စေသည်၊ ကိုယ်ခန္ဓာ အပူချိန်ကို ထိမ်းသိန်းပေးထားသည်၊ 


ထို့ပြင် ယင်းတို့သည် ပူးပေါင်း၍ အက်စစ်ဂုဏ်သတ္တိကိုပြုပြီး ရောဂါပိုးမွှားကို သေစေနိုင်သည်၊ ထို့ကြောင့် ဆပ်ပြာအသုံးများလျှင် အရေပြားအဆီကို များစွာလျော့နည်းသွားစေနိုင်ပြီး ရောဂါ ပိုးမွှား ကာကွယ် အား ကျဆင်းသွားနိုင်သည်၊ အရေပြား ရုန်းပြန်အား လျော့နည်းသွားစေနိုင်ပြီး အို လွယ်စေနိုင်ပါသည်။

(ပါမောက္ခ ဒေါ်ခင်ဖြူ-မြင်းခြံ )

ေ၇းမိေ၇း၇ာလေးများမှ ကူးယူဖေါ်ပြသည်........ 

 

No comments:

Post a Comment