Monday, July 29, 2013

ကောင်မလေး တစ်ယောက် လူတစ်အုပ် ၇ဲ့ စော်ကား အနိုင်ကျင့်ခြင်း ခံလိုက်၇တယ်....



ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကား အနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်…

ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…သူ့ဘ၀ကို အဆုံးစီရင် ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး… ဒါနဲ့ သူ သူချစ်တဲ့သူ ကို ဖုန်းကနေ တဆင့် ပုံပြင် တစ်ပုဒ်ပြောပြလိုက်တယ်…

 ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကို ဆိုလိုတာလဲ ဆိုတာကို သိလိုက် တယ်… ဒါပေမဲ့ သူဒီ လိုဖြစ်ရပ်မျိုးကို ချက်ချင်း လက်မခံနိုင်ဘူး … ကောင်လေး က ကောင် မလေး ကိုပြောလိုက်တယ်…သူ့ကို ၁၂ နာရီ အချိန်ပေးပါ… ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”




မိုးတဖြေးဖြေး လင်းလာပြီ… အရှေ့ဘက် ကနေ လင်းရောင်ခြည် ကို ၀ိုးတိုးဝါး တားမြင်နေ ရပြီ… ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှ ပပဖြစ်အောင် ပြင်ဆင်လိုက်တယ်… အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင် လိုက် တယ်… သူ့မှာ လက်မှိုင်ကျ စရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်…


အဲဒီ အချိန်မှာ ဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေး ဆက်လာတာပါ… “ငါ တစ်ည လုံး စဉ်းစား ထားပြီးပြီ… ငါနင်ကိုပြောပြချင်တာက…” ကောင်မလေးက လုပြီးပြောလိုက်တယ် “မပြောနဲ့တော့… ငါသိတယ်… နင်ဘာပြောမလဲဆိုတာကို။ နင်ငါ့ကိုချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား…”


 ကောင်မလေးက အိပ်ဆေးတွေ ကို လက်ဖ၀ါးပေါ်သွန်ချ လိုက်တယ်… အလုံး တစ်ရာလောက် ရှိတဲ့ ဆေးပြားလေးတွေဟာ သူ့လက်သေးသေးလေး မှာ အပြည့်ပါဘဲ…  ကောင်လေးက ညင်သာ စွာပြန်ပြောလိုက်တယ်… “ အင်း… ငါနင့်ကိုချစ်တယ်…”
 


“ဒီကိစ္စဟာ နင့်ရဲ့ အမှား မဟုတ်ပါဘူး… နင်လဲ မဖြစ်ချင်ဘူး… ဒါပေမဲ့လဲ ဘယ်တတ်နိုင်မှာ လဲ… ငါတစ်ခုတောင်းဆို ချင်တယ်… လိုက်လျောနိုင်မလား?”
“အင်း.. နင်ပြောလေ… ငါနားထောင်နေမယ်… ဒီ အချိန်တိုတိုလေးမှာ လုပ်ပေးနိုင်မယ်ဆိုရင် ငါလိုက်လျောပေးပါ့မယ်…”

“အချစ်"…

ငါတို့ လက်မထပ် ခင် အထိ နင့်ရဲ့ အပျိုစင်ဘ၀ကို ဒုတိယ တစ်ခေါက် စောင့်ထိန်းပေးနိုင် မလား?”
“ဘာ?” ကောင်မလေး ခဏတာ မှင်သက်သွားပြီး “ဒါမျိုးက တစ်ကြိမ်ဘဲရှိတာ… ဘယ်လိုလုပ်ပြီးဒုတိယ တစ်ကြိမ်ရှိမှာလဲ?”
“ဟုတ်တယ်၊ ပထမ တစ်ကြိမ်တုန်းက နင် မဆုံးရှုံးချင်ဘူး… နင့် ဆန္ဒမပါဘဲ ပေးလိုက်ရတာ… ဒုတိယတစ်ကြိမ်ကိုတော့ နင့်ရဲ့စိတ်ဆန္ဒနဲ့ ငါ့ကိုပေးနိုင်မလား?”

ဘိုင်း… ဆေးပုလင်းနဲ့ ဖုန်း ကောင်မလေးရဲ့လက်ထဲ ကနေ လွတ်ကျသွားတယ်… 

 ကောင်မလေးရဲ့ ကြည်လင်လှတဲ့ မျက်ရည်တွေဟာ သူ့ရဲ့မျက်နှာပြင်အတိုင်းစီးကျလာတယ်…

“ဟဲလို… နင်ဘာဖြစ်သွားတာလဲ?” 


 ကောင်လေး တော်တော်လေး လန့်သွားတယ်… သူ ခြေကုန် လက်ပန်း ကျအောင် ကောင် မလေး ရဲ့ အိမ်ကို ပြေးလာခဲ့တယ်…
သူ သူ့ ကို ဆုံးရှုံးလို့ မဖြစ်ဘူး… သူ သူ့ကိုချစ်တယ်…
သူဘာဘဲဖြစ်နေပါစေ… သူသိတာက.. သူဟာ သူ့ရဲ့ အသက်… သူဟာ သူ့ရဲ့နတ်သမီး… 


သူဟာ သူ့ရဲ့တစ်ခုတည်းသော… သူ မောမော ဟိုက်ဟိုက် နဲ့ ကောင်မလေး အိမ် တံခါးရှေ့ရောက် တဲ့ အချိန်မှာ… တံခါးကို ဆွဲဖွင့် လိုက်တယ် … ကောင်းမလေး ရဲ့မျက်ရည် အဆက်မပျက် ကျဆင်းနေတဲ့ မျက်ဝန်းအစုံဟာ တံခါးဝကို စိုက်ကြည့်နေတယ်…
“ဟူး…”သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်တယ်… “ တော်သေးတာပေါ့… ငါ့မှာလန့်လို့သေတော့မယ်…”

ကောင်မလေးက သူ့ဆီက ပြေးဖက်လိုက်တယ်… နူးညံ့စွာ ပြောလိုက်တယ်…
“ငါ ငါ့ရဲ့ ဒုတိယ တစ်ကြိမ်ကို နင့်ကိုပေးမယ်… အခုပေးလဲရတယ်…”
ကောင်လေးက ကောင်မလေးရဲ့ လင်းလက်နေတဲ့ မျက်ရည်ကို အနမ်းပေးပြီးပြောလိုက်တယ်…
“မဟုတ်ဘူး… အဲဒီနေ့ကိုစောင့်ပါ… အဲဒီနေ့မှာ နင်ငါ့ကိုပေးမယ်ဆိုမှငါယူမယ်… ငါစောင့်မယ်… နင်လဲစောင့်ရမယ်… သိလား?”

ကောင်လေးက ကောင်မလေးရဲ့ခေါင်းကို ပွတ်ပြီးပြောလိုက်တယ် " နင်သေသွားရင် ငါနင့်ကို ဘယ်လိုဆက်ချစ်ရတော့မှာလဲ? ငါနင့်ကိုချစ်တာ နင့်ကိုပျော်ရွှင်ကြည်နူးစေချင်လို့ပါ..."

ကောင်မလေး ဖြတ်သန်းလာခဲ့တဲ့ နေ့များစွာမှာ ပထမဦးဆုံးသော “ကြည်နူးမှု အချစ်မျက်ရည် ကျဆင်း ခဲ့ရတယ်…”

လူတစ်ယောက် ကို ချစ်တာ သူ့ကောင်းကွက်ကို ဘဲ ချစ်တာ မဟုတ်ဘဲ သူ့ရဲ့ အားနည်းချက် ၊ လိုအပ်ချက်၊ မှားယွင်းချက်လေးတွေ ကိုပါ လက်ခံနိုင်ဖို့ လိုပါလိမ့်မယ်...


credit: Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ 


 မောင်စေတနာ

No comments:

Post a Comment