Thursday, June 27, 2013

အမေ ပြောဖူးတဲ့ ပုံပြင် ကလေး


  
              
ယနေ့ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ facebook က သူငယ်ချင်းတွေ အထူး အားဖြင့် အမျိုးသမီးတွေ ပွစိ  ပွစိ ဖြစ်နေတာ ဖတ်ရတော့ ငယ်ငယ် က အမေပြောဖူးတဲ့ ပုံပြင်ကလေး ကို သတိရမိတယ်။

ဟို.. ရှေးရှေးတုန်းက ရွာ တစ်ရွာမှာ လိမ္မာ ယဉ်ကျေးတဲ့ မိသားစုလေး တစ်စု ရှိခဲ့တယ်။ အဲဒီ မိသားစုလေးမှာ ဘာပဲလုပ်လုပ် အားလုံး စိတ်တူ ကိုယ်တူ ညီညီညွတ်ညွတ် လုပ်ကြတယ်။

တစ်ခုသော ဆောင်းတွင်းမှာ သူတို့ မိသားစုလေး အိမ်ဝိုင်းထဲမှာ မီးဖိုကာ မီးလှုံကြတယ်။ မီးလှုံတာ ကတော့ ၊ အေးလွန်းတဲ့ ဆောင်းရာသီ တောရွာ ဓလေ့ဖြစ်ပါတယ်။ မိ

သားစု အတူ မီးလှုံချိန်မှာ အဖေရယ်၊ အမေရယ်၊ သားရယ်၊ သမီးရယ် အတူ မီးလှုံနေတာ ဆိုတော့ တစ် ဖက် မှာ မီးလှုံနေတဲ့ သမီးက အောက်စ လွတ်နေသတဲ့၊ သမီးဖြစ်သူကလည်း အမှတ်တမဲ့ဖြစ်နေမှာပေါ့ ။

ဒါကို အဖေဖြစ်သူက သမီးအောက်စ လွတ်နေတယ်လို့ ပြောရင် ရှက်သွားမှာ စိုးလို့၊ အဖေက စပြီးစကားဆိုလိုက်တယ်။ 


“ကဲ..ကဲ.. မီးလှုံနေတဲ့ ငါ့တို့ မိသားစု ခုအချိန်က စပြီး ပြင် ထိုင် ကြအောင်” လို့ ဆိုလိုက်တယ်။

ဒီတော့ နမော် နမဲ့ နိုင်တဲ့ သမီးက စောဒက တက်လိုက်တယ်။ “အားလုံး ပြင်ထိုင်တဲ့ အထဲမှာ သမီးကော ပါသလား” လို့ပြန်မေးသတဲ့ ။

ဒီတော့ အဖေဖြစ်သူ စိတ်ဆိုး မာန်ဆိုး နဲ့ “ အိမ်း… ပြင်ထိုင်ရမယ့် အထဲမှာ သမီးက အဓိက” လို့ ဆိုလိုက်သတဲ့။

စာရေးသူ တွေးမိ တာ ကတော့ ..ဒီပုံပြင်ထဲက အတိုင်းပဲ ၊ အောက်စ လွတ်နေတဲ့ သမီးတွေ ကို အဖေဖြစ်သူ က ပြင်ထိုင်ခိုင်းချင် လို့ မျိုးစောင့် ဥပဒေများ ထုတ်သလား မသိဟု အဝေးမှ နေ ၍ တွေးတော မိပါကြောင်း။




စာကြွင်း။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အတွက် ဘယ်လောက် အကာ အကွယ် ပေးနိုင်တဲ့ ဥပဒေများ ရှိ သလဲ ဆိုတာ ၊ စာရေးသူ ကိုယ်တိုင် မသိရသေးပေမယ့် စာရေးသူနေထိုင် တဲ့ နိုင်ငံ မှာတော့ အမျိုး သမီးတွေ ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ တော်တော် များများရှိတယ်။ 


လင်မယားချင်းတောင် ၊ မိန်းမဖြစ်သူ က စိတ်မပါရင် .. ဖုန်းဆက် ကာ ရဲခေါ်လို့ရပါတယ်။ ယုတ်စွ.. ရထားဂိတ်၊ ကားဂိတ်တွေမှာ မိန်းကလေးများ မနှောက်ယှက်နိုင်ရန်၊ အကူအညီ ရယူဖို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရေးထားပါတယ်။ 

စာရေးသူ ညကျောင်းတက်စဉ်က .. မိန်းကလေးများ ၊ ဘက်စကားမှတ်တိုင် မရောက်သော် လည်း သူဆင်းချင်တဲ့ နေရာမှ ဆင်းလို့ရပါတယ်၊ ယောကျာ်းလေးများ မရပါ။ ထို့ကြောင့် ဥပဒေ ဆိုတာ ကာကွယ်ဖို့သာဖြစ်ပါတယ်။

 

Burmese Buddhist Society, BC
သတင်းပေါင်းစုံမှ ကူးယူဖေါ်ပြသည်...

 

No comments:

Post a Comment