Thursday, July 25, 2013

ငြိမ်းချမ်းေ၇း ဖခင် ဒေါက်တာ သခင်ကိုယ်တော်မှိုင်း.


 လွန်ခဲ့သည့် (ဇူလိုင်လ ၂၃ ) နေ့က ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၉) နှစ် ပြည့်ခဲ့သည်။ 

ငြိမ်းချမ်းရေး ဆောင်ရွက်ကြ သည့် အသင်းအဖွဲ့များ၊ လူမှုရေးနိုင်ငံရေး အခြေခံ
သည့် အသင်း အဖွဲ့များက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၉)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား များ ကျင်းပကြသည်။

 ကြေညာချက် များ ထုတ်ပြန်ခဲ့ကြသည်။ ထိုနည်းအားဖြင့် ငြိမ်းချမ်းရေးဖခင် တစ်ဦးအဖြစ် ထင်ရှား လေးစားအပ်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကို ဂုဏ်ပြုအောက်မေ့ခဲ့ကြသည်။ တစ်နည်း အားဖြင့်ပြော ရလျှင် ယင်း အခမ်းအနားနှင့် ကြေညာချက်များ သည်ကား အမိမြန်မာပြည် ၌ ငြိမ်းချမ်းရေး ကို အပူတပြင်း လိုအပ်လျက်ရှိကြောင်း ပြသလိုက်ကြခြင်း လည်း ဖြစ်သည်ဟု ဆိုရပါမည်။


ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် အောက်ချင်းတွင်း ခရိုင်၊ ဘုတလင်မြို့ အနီး ၊ မောင်းထောင်ကြီးကျေးရွာ တွင် အဖဦးစံထွန်း၊ အမိဒေါ်အုန်းတို့မှ မြန်မာသက္ကရာဇ် ၁၂၃၇ ခု၊  ၁၄ ရက်နေ့၌ ဖွားမြင်ခဲ့သည်။


မြန်မာသက္ကရာဇ် ၁၃၂၈ ခုနှစ်၊ ဝါဆိုလပြည့် ( ၁၉၆၄ ခု၊ ဇူလိုင်လ ၂၃ ရက်) အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် အမျိုးသားရေး လှုပ်ရှားမှု များနှင့် ငြိမ်းချမ်းရေး ဆောင် ရွက်မှုများကြောင့် တစ်ချိန် က ကမ္ဘာတွင် အထူး တလည် လေးစား တန်ဖိုးထားခြင်း ခံရသည့် စတာလင်ငြိမ်းချမ်းရေးဆု ၊ အရှေ့ဂျာမဏီမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့နှင့် နိုင်ငံတော်မှ ချီးမြှင့်သော အလင်္ကာကျော်စွာ ဘွဲ့ အစရှိသည့် ဂုဏ်ထူးဆောင် ဘွဲ့များ ရရှိခဲ့သူဖြစ်သည်။

ဆရာကြီး သည် မျိုးချစ်ပုဂ္ဂိုလ် ဟု ဆိုရာ တွင်လည်း သာမန် မျက်ကန်း မျိုးချစ်၊ အမြင်ကျဉ်းမြောင်း သည့် မျိုးချစ်ပုဂ္ဂိုလ် မဟုတ်ခဲ့ပါ။ အထူး သဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတစ်လျှောက် လွတ်လပ်ရေး တိုက်ပွဲ သမိုင်း တစ်လျှောက် ခက်ခဲ ရှုပ်ထွေး သည့် သမိုင်း အချိုးအကွေ့ များစွာ တွင် မှန်ကန် သည့် မျိုးချစ်စိတ် အမြင်ဖြင့် ရပ်တည် လိုက်ပါ လာနိုင်ခဲ့ သည်မှာ အတုယူ ဖွယ်ပင် ဖြစ်သည်။ 


အထူးသဖြင့် ကုလားဗမာ အထိကရုဏ်း လို ပြဿ      နာမျိုး တွင် မြန်မာပြည် သူတို့ အမှန် တကယ် ရင်ဆိုင် ဆန့်ကျင် ရမည့်အရာ မှာ နယ်ချဲ့စ နစ်သာ ဖြစ်သည်ကို ရှင်းလင်းတိကျစွာ ခံယူခဲ့ မြင်နိုင်စွမ်း ခဲ့သူ ဖြစ်သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ အကြီးမြင့်ဆုံး ဂုဏ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ၊ ပြည်တွင်းငြိမ်း ချမ်းရေး ဆောင်ရွက်ကြိုးပမ်း မှုများ ဖြစ်သည်။ ၁၉၅၂ ခု အောက်တိုဘာလ ၂ ရက်တွင် တရုတ်ပြည် ပီကင်းမြို့တွင် ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ငြိမ်းချမ်းရေး ညီလာ ခံကြီးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အဖြစ် လည်းကောင်း၊ 


၁၉၅၃ ခုနှစ် ၊ အောက်တိုဘာလ အတွင်း ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်မြို့တော်တွင် ကျင်းပ သည့် ကမ္ဘာ့ငြိမ်း ချမ်းရေး ညီလာခံသို့ လည်းကောင်း တက်ရောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများ တွင် ခေါင်းဆောင်မှု အခန်းမှ ပါဝင်ခဲ့သည်။ 

၁၉၅၅ ခုနှစ်တွင် စတာလင်ငြိမ်းချမ်းရေးဆု ရခဲ့သည်။ သည်နှစ်အတွင်းမှာပင် ရန်ကုန်မြို့တွင် ကျင်းပသည့် အင်ဒိုချိုင်းနားစစ်ရပ်စဲရေး ညီလာခံကြီးကိုလည်း ဦးစီးကျင်းပခဲ့သည်။ ၁၉၅၆ ခုနှစ် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးညှင်းမြို့ ငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း ဦးစီးကျင်းပ ခဲ့သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ငြိမ်းချမ်းရေး ဆိုင်ရာ အယူအဆမှာ အကြမ်းမဖက်သည့် နည်းဖြင့် ပြဿ       နာများကို ဖြေရှင်းစေသည့် အယူ အဆဖြစ်သည်။ 


တစ်နည်းအားဖြင့် ဆိုလျှင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်း ပင် ဖြစ်သည်။ ဆရာကြီး၏ အကျော်ကြား ဆုံးသော ငြိမ်းချမ်းရေး ဆိုင်ရာ စကားမှာ သူမသာ ကိုယ်မနာသည့် နည်းဖြင့်
  ပြဿ       နာများကို အဖြေရှာရန် တိုက်တွန်း သည့် သမိုင်းဝင် စကားပင် ဖြစ်သည်။

ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ ၏ မျက်မှောက်ခေတ်တွင် ပင် ပြည်တွင်းငြိမ်းချမ်းရေး ကို အပြီးတိုင် တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့ ၏ ငြိမ်းချမ်းရေး ဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အား ဂုဏ်ပြုကြပါစို့ဟု နှိုးဆော်လိုက်ပါသည်။ 

                                         

မဇ္ဈိမ အယ်ဒီတာ့ အာဘော်.......

No comments:

Post a Comment