Sunday, July 14, 2013

Website တွေကို ဘယ်လို ကာကွယ်ကြမလဲ



 
Web developer များ အနေဖြင့် website တစ်ခုကို create ပြုလုပ်ရန် ပထမ ဦးစွာ လို အပ်သည့် software များဖြင့် ဖန်တီး ရပါသည်။ 

ထိုသို့ ဖန်တီးရာ တွင် အားနည်းချက် ရှိသော Software များ ကို အသုံးပြု မိပါက အလွယ် တစ်ကူ Hack  လုပ်ခြင်း ခံရ နိုင်သောကြောင့် Web Developer များသည် အတွေ့အကြုံ ရှိပြီး Software များ ၏ အား နည်း ချက်များ Vulnerability  ကို သိရှိထားရန် လိုအပ် ပါသည်။

Web Admin  များသည် Website တစ်ခု ၌ Post များ တင် ရာတွင် အသုံးပြုသော Password များကို အ လွယ်တpfကူ အသုံးပြု ကြလေ့ ရှိသည်။ 

တစ်ချို့ Web Admin များသည် ၎င်းတို့  Website များကို နေရာ မျိုးစုံမှ အသုံးပြု နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း ထိုသို့ ပြုမူခြင်းသည် Hacker များကို ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်ပြီး  Password တစ်မျိုးတည်း ကိုသာ   အသုံး ပြုခြင်းမှ ရှောင်ကြဉ် သင့်ပါသည်။

လုပ်ငန်းရှင် တစ်ယောက် အနေနှင့် License Software များ အသုံးပြု ပါက ကုန်ကျမှု များနိုင်သောကြောင့် တရား မဝင် OS နှင့် Pravite Software များ အသုံးပြု ကြခြင်း သည်လည်း  အားနည်းချက် တစ်ရပ် ဖြစ်ပါသည်။ 

မိမိ၏ Website Security အတွက် လိုအပ်သော Firewall များကို ငွေကြေး ကုန်ကျခံပြီး  သုံးစွဲ ရန် လိုအပ်ပါသည်။   ဥပမာ- Joomla  တွင် အသုံးပြု နိုင်သော Software Firewall  များကို အသုံးပြု သွားရမည် ဖြစ်သည်။



Website တွင် Post လုပ်သူများ အနေနှင့် ၎င်းတို့ အသုံးပြုသော PC ကို Antivirus များ ထည့် သွင်း ထား ရ ပါမည်။ Antivirus ထည့်သွင်း ထားသော်လည်း Update မဖြစ် ပါက Backdoor ဝင်ပြီး Password များ ပါသွား နိုင်ပါသည်။

 E-mail , Facebook စသော Password များ ပါသွား နိုင်ပါသည်။ Software Old Version များတွင် အား နည်း ချက်များ ပါနိုင်သည့် အတွက် error/Backdoor ပါသော Software များကို သိရှိထားရန် လိုအပ်ပါ သည်။

Web Developer များသည် မိမိ Website ကို Control    လုပ်နိုင်ရန်     Write access များကို မည်သူမျှ မသိနိုင်ဘူး အထင်ဖြင့် ခွင့်ပြု ထားခြင်း မျိုးက လည်း အားနည်းချက် တစ်ရပ် ဖြစ် ပါသည်။

Script များကို  Upload ပြုလုပ်နိုင်ရန် ခွင့်ပြု ထားခြင်းသည် Shell များကို ထားရှိ နိုင်သည့် အတွက် ပိတ်ထား သင့်သည်။ 

Database များ အား ပြုပြင်နိုင်ရန် Database User များကို လိုအပ် သလောက် သာ ခွင့်ပြုရမည် ဖြစ်သည်။

မိမိ Website သည် အမြဲတမ်း အားနည်းချက် ရှိပြီး အတိုက် ခံရနိုင်သည် ဟု တွေးထင် ထားရ မည်ဖြစ်ပြီး Web Security သီးခြား ထားရှိကာ စစ်ဆေးနေရ မည်ဖြစ် သည်။ 

သို့မဟုတ် ပါက စိန်ခေါ် သလိုဖြစ်ပြီး လူငယ် Hacker များ ၏ လက် တည့် စမ်း တိုက်ခိုက်မှု များကို ခံ ရ နိုင် ပါသည်။ 

Netsparker, Open VAS, Fiddler များနှင့် အမြဲ စစ်ဆေး နေသင့်ကြောင်း အကြံပြု ရေးသား လိုက်ရပါ သည်။      ။


 Written by 
မြ၀တီ သတင်း မှကူးယူဖေါ်ပြသည်

No comments:

Post a Comment