Saturday, July 13, 2013

ဘဂါံလီ များ နိုင်ငံသားပေး၇န် ဘန်ကီမွန်း ထုတ်ပြန်ချက် အစိုး၇ ပယ်ချ...



ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း က ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရသူများကိုသာ နိုင်ငံသားပေး မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။


“ရိုဟင်ဂျာ(ဘင်္ဂါလီ) တွေ နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်း စုရဲ့ နစ်နာချက်တွေကို တရား ဝင်ဖြစ်စေဖို့ အာဏာပိုင်တွေက လိုအပ်တဲ့ လုပ်ဆောင်မှုတွေရှိဖို့ အရေးကြီးတယ်” ဟု ဘန်ကီမွန်း က ယင်းကုလသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားသည်။




ပြည်ပက သုံးနှုန်းနေသည့် ရိုဟင်ဂျာ တိုင်းရင်းသား၊ မျိုးနွယ်စု ဆိုသည့် အသုံးအနှုန်း သည် မြန်မာနိုင်ငံ တွင် သုံးနှုန်းခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ကူးလာ သူများ ဖြစ်သောကြောင့် ဘင်္ဂါလီ ဟုသာ သုံးစွဲကြောင်း၊ နိုင်ငံသား ဖြစ်ခွင့် ကိုလည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ရခိုင်ပြည် နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဒဏ်ခံ ဘင်္ဂါလီ များ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ် မိကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခ များ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ကို နှစ်ဖက် လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားမှုနှင့် လုပ်ဆောင် နေသည်ကို တွေ့ရှိရပြီး ထိထိရောက်ရောက် လုပ်ဆောင်ရန်၊ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ပြဿ       နာများကို ဖြေရှင်းရန်၊ ဒေသတွင်း မတူညီသည့် လူ့အဖွဲ့အစည်း များကြား ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် ဘန်ကီမွန်း က ထုတ်ပြန်ပြောကြား သည်။ 


 မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှု များသည် အချိန်မရွေး ပြိုကွဲသွားနိုင်သဖြင့် အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် ပဋိပက္ခများကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောဆို ထား သည်။

လူ့အဖွဲ့အစည်းများ အကြား ဘက်ပေါင်းစုံ မှ စေ့စပ်ညှိနှိုင်း မှုများ ဆောင်ရွက်ပေး ရန် မြန်မာပြည် သူများ အကြား အကြမ်းဖက်မှု၊ လှုံ့ဆော်မူများ အဆုံးသတ်ရန်၊ တရားဥပဒေ ကို လေးစားလိုက်နာရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ပြုလုပ်ပေးရန် မြန်မာနိုင်ငံ၏ အဓိကခေါင်းဆောင် သုံးဦးကို စာပို့ပြီး တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းက ဆိုသည်။

၁၉၈၂ ခုနှစ် ဥပဒေသည် ယခင်ကဖြစ်ပျက်ခဲ့သည့် အခြေအနေပေါ် သင်ခန်းစာယူပြီး အကောင်း ဆုံး ရေးဆွဲထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်ခင် ဝင်လာ သူများမှ ပေါက်ဖွား လာသည့် တတိယမျိုးဆက် Third Generation များသည် နိုင်ငံသား ဖြစ် ခွင့်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက သတင်းမီဒီယာများကို ပြောဆိုထားသည်။




  ရန်ကုန်၊ ဇူလိုင် ၁၁
The Voice Weekly မှ ကူးယူဖေါ်ပြသည်   


No comments:

Post a Comment