Tuesday, July 23, 2013

မြန်မာ့ အထူး စီးပွားေ၇းဇုန် များ ပြီးစီး မှာကို အေ၇ှ့တောင် အာ၇ှ စီးပွားေ၇း နိုင်ငံများ စိုး၇ိမ် လာကြကြောင်း...


မြန်မာနိုင်ငံ တွင် မကြာမီ အကောင် အထည်ဖော်မည့် အထူးစီးပွားရေး ဇုန်များ ပြီးစီးမည်ကို အရှေ့တောင် အာရှစီးပွားရေး နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများက စိုးရိမ် လာကြကြောင်း စီးပွားရေးဆိုင် ရာပညာရှင်များက ပြောကြသည်။ 

 မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များ အဖွဲ့က ဦးဆောင် ကျင်းပပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံ ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့် အလမ်းနှင့် စိန်ခေါ်မှုများ အကြောင်း အရာ ဆွေးနွေးပွဲ တွင် ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည် ။ 


 မြန်မာနိုင်ငံ ၌ အကောင် အထည်ဖော်လျက် ရှိသည့် ရေနက် ဆိပ်ကမ်း ပူးတွဲ ပါရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တွင် ရှိသော ကျောက်ဖြူရေနက် ဆိပ်ကမ်း အထူး စီးပွားရေး ဇုန်၊ 

ထားဝယ် အထူးစီးပွားရေး ဇုန်၊သီလဝါ အထူး စီပွားရေးဇုန်များသည် အရှေ့တောင် အာရှနိုင်ငံ များတွင် မည့်သည့် နိုင်ငံမှ မတည် ရှိသော ပထဝီဆိုင်ရာ အချက် အချာ ကျသော နေ ရာ တွင် တည်ရှိနေခြင်းကြောင့် ယင်းနိုင်ငံများက စိုးရိမ်ကြခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက် ကရှင်းပြသည်။ 

 ကျောက်ဖြူ  အထူး စီးပွားရေးဇုန် အတွက် သတ်မှတ် ထားသော မြေနေရာသည် စင်ကာပူနိုင်ငံ ထက် နှစ်ဆ ကျယ်ဝန်းပြီး ၎င်းသည် အားသာ ချက်ဖြစ်သည် ဟု ဒေါက်တာအောင်ထွန်းသက် ကဆိုသည်။ 

 ကျောက်ဖြူရေနက် ဆိမ်ကမ်း အထူး စီးပွာရေးဇုန် သည် စကာပူနိုင်ငံ ဆိမ်ကမ်းနှင့် မလက္ကာ ရေလက်ကြား တို့ကိုဖြတ်သန်း သွားလာ စရာ မလိုဘဲ အချိန်တို အတွင်း ဥရောပ မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားလာနိုင်သည်။

“ထိုင်းနိုင်ငံ ကလည်း မြန်မာနိုင်ငံ ကို ယှဉ်လို့ မရတဲ့အချက် က မြန်မာနိုင်ငံက အရှေ့တောင် အာရှနိုင်ငံတွေ နဲ့ အရှေ့အာရှ နိုင်ငံတွေ ကို ကုန်းလမ်း ဆက်သွယ်နိုင်တဲ့ တစ်ခု တည်းသော နိုင်ငံဖြစ်နေတာပဲ” ဟု ဒေါက်တာအောင်ထွန်းသက် ကဆိုသည်။

ကုန်းလမ်းက ရေလမ်းထက် အချိန်ကုန် သက်သာ သဖြင့် လုပ်ငန်းရှင်များက သဘော ကျကြ သည်။ မြန်မာနိုင်ငံ သည် အထူးစီးပွားရေးဇုန်များ ကို အကောင်အထည် ဖော်ရာတွင် တုံ့ဆိုင်း မနေသင့် ဘဲ အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း၊ 
 တရုတ်နိုင်ငံ သည် စီးပွားရေး ဇုန် ပြုပြင်ပြောင်းလဲခဲ့ရာတွင် တံငါရွာ ကို အထူးစီးပွားရေးဇုန် လုပ်၍ စတင်ခဲ့ရာမှ ယခု အခါတွင် နိုင်ငံလူပေါင်း သန်းနှစ်ရာခန့် ကို အလုပ် အကိုင်ပေးနိုင် သည့် အနေ အထား အထိပင်ရှိကြောင်း၊
  မြန်မာနိုင်ငံ သည် အိမ်နီးချင်းနိုင်ငံ များ နှင့် ယှဉ်လျှင် နှစ်၂၀ခန့်ပင် နောက် ကျနေသောကြောင့် အမြန်ဆုံး အကောင်အထည် ဖော် သင့်ကြောင်း မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များ အဖွဲ့၏ ဘောဂဗေဒ အဖွဲ့ခေါင်းဆောင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင် က ထောက်ခံပြောကြားသည်။

အရှေ့တောင် အာရှနိုင်ငံများ တွင် အကြီးဆုံးဖြစ်လာမည် ဆိုသည့် ထားဝယ် အထူး စီးပွားရေးဇုန် ကို ၂၀ဝ၈ ခုနှစ်တွင် မြန်မာအစိုးနှင့် အီတာလျှံ-ထိုင်း ကုမ္ပဏီ တို့ လက် မှတ်ရေးထိုး ခဲ့ပြီး ယင်းဇုန် ဧရိယာ သည် မြေဧက စုစုပေါင်း ခြောက်သောင်း ကျော် ကျယ် ဝန်းပြီး ရေနက် ဆိမ်းကမ်းနှင့် စက်မှုဇုန် အမြောက်အမြား ပါဝင်ကာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

သီလဝါ အထူးစီးပွားရေး ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးတို့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ထားပြီး အဆိုပါ အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့် စက်မှုလုပ်ငန်းများနှင့် အထည်ချုပ် စက်ရုံများ၊ သင်္ဘောဆိမ်းကမ်း တို့ ပါဝင်ပြီး ဧက ၅၀ဝ၀ ကျယ်ဝန်းသည်။
  ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို စတင် အကောင်အထည် ဖော်ရန် ဒေသခံ များနှင့် တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်း ဆောက်လုပ်ရန်အ တွက် နိုင်ငံတကာသို့ တင်ဒါခေါ်ရန် စီစဉ်လျက်ရှိသည်။ 
 မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အထူးစီးပွားရေး ဇုန် ၁၅၀ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ၃၅၊ ဖိလစ်ပိုင်နိုင်ငံတွင်၂၀၊ မလေးရှားနိုင်ငံ တွင်၂၅၊ အင်ဒိုနီးရှားနိုင်ငံ တွင် ၁၂ ခန့် ရှိသည်။

မင်းသူရ
မဇ္ဈိမ                     
Myanmar Online New's မှ မျှဝေဖေါ်ပြသည်
 

No comments:

Post a Comment