Sunday, July 7, 2013

အ၇ှင်လတ်လတ် ဘ၀ပြောင်း သွားခြင်း



တစ်ချိန်တုန်းက ဒကာကြီးတစ်ယောက် လျှောက်ဖူးတယ်။

" အရှင်လတ်လတ်က ဘ၀ပြောင်းသွားတယ်" ဆိုတာ 
ဘယ်လိုပါလဲဘုရားတဲ့၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တေ
အရှင်လတ်လတ်က ဘ၀ပြောင်းသွားတယ်လို့  ပောာသံကြားဖူးတာကို မေးလျှောက်တာပါ။


ဒါဆို မှန်တယ်လို့ ......။


- ကိုယ်ကပြောင်းသွားတာ မဟုတ်ဘူး၊ စိတ်က ပြောင်းသွားတာ။
- နဂို မသိတဲ့လူတစ်ယောက်က သိတဲ့သူ ဖြစ်သွားတယ်။
- မကျင့်သေးတဲ့လူတစ်ယောက်က ကျင့်တဲ့ဘ၀ရောက်သွားတယ်။

- အသိမရှိသေးတဲ့သူက အသိရှိတဲ့ဘ၀ရောက်သွားတယ်။
- တရားမရှိတဲ့ဘ၀က တရားရှိတဲ့ဘ၀ ရောက်သွားတယ်။



- အသိဥာဏ်ပြောင်းလို့  သူတော်ကောင်းဘ၀ရောက်သွားတယ်။
- ကိုယ်နဲ့ နှုတ်လည်း စင်ကြယ်မှုရသွားတယ်။ စိတ်တွေလည်း
- စင်ကြယ်အောင်၊ အေးချမ်းအောင် နေတတ်သွားတယ်။
- တရားမရှိတဲ့ဘ၀ကနေ တရားရှိတဲ့ဘ၀သို့်  ပြောင်းသွားတာပါ။


"ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ နှုတ်တော်မြွက်ကြား သြ၀ါဒစကားများ" 

 မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ



အနှိုင်းမဲ့ စာတိုပေစများ မှ ကူးယူဖေါ်ပြသည်.....

No comments:

Post a Comment