Sunday, July 14, 2013

ဆားဝက်ခြံ များ သက်သာစေ၇န်



မျက်နှာပေါ်မှ ဆားဝက်ခြံများဟာ အလှအပ အတွက် မဟာရန်သူတော်များ ဖြစ်ပါတယ်။ ဒါကြောင့် ဆား ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေ အတွက် တိုက်ထုတ်နည်းလေးတွေ တင်ပြ လိုက်ပါ တယ်။


ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီး တွေကို အစေ့တွေဖယ်ပြီး ညှစ်ထားတဲ့ အရည်ကို ဆားဝက်ခြံပေါ်မှာ အုပ်တာဟာ အကောင်း ဆုံး ပေါင်းတင် ဆေးပါပဲ။ ခရမ်းချဉ်သီး အနှစ်ရည်ကို ဆားဝက်ခြံ ဖြစ်တဲ့နေရာမှာ ၁ဝ မိ နစ် ခန့်ထားပြီး ရေအေးဖြင့် ပြန်လည် ဖယ်ရှားပါ။

ရွှံ့စေးရေ
ရွှံ့စေးရေကတော့ ဝက်ခြံက အဆီတွေကို စုပ်ယူမယ့် အကောင်းဆုံး သဘာဝရေပါ။ ဆိုးဝါးပြင်း ထန်တဲ့ ဝက်ခြံတွေ အတွက် လိမ်းရလည်းအေးပြီး အဆီစုပ်မှုလည်း အားကောင်းတဲ့ ရွှံ့ရေ ပေါင်း တင်ဆေးက ပိုမို ထိရောက်ပါတယ်။ ဈေးကွက်ထဲမှာ အသင့်လုပ်ပြီးသား ရွှံ့အခြေ ခံ ပေါင်းတင်ဆေးတွေ ရှိပါတယ်။

နွားနို့ရည်
 နွားနို့စစ်စစ် အနည်းငယ်ကို ဂွမ်းသန့်သန့်လေးနဲ့ အနည်းငယ်ယူပြီး အမည်းစက်တွေ ပေါ်ကို ၁၅ မိနစ်ခန့် ထားပေးပါ။ အမည်းစက် သို့မဟုတ် ဝက်ခြံခေါင်းတွေ နူးညံ့လာပြီး ဖယ်ရ ပိုလွယ် ကူ တာ တွေ့ရပါမယ်။

သွားတိုက်ဆေး
နှာခေါင်းပေါ်က အမည်းစက်၊ ဆားဝက်ခြံတွေ အတွက် အရိုးရှင်းဆုံး နည်းက သွားတိုက်ဆေး ပါ။ သွားတိုက် ဆေး အနည်းငယ်ကို ရေစွတ်ထားတဲ့ နှာခေါင်းပေါ် လိမ်းပေးပါ (မျက်လုံးကို သတိထား ပါ) စိုနေတဲ့ သွားတိုက်တံလေးနဲ့ သွားတိုက်ဆေး ပွတ်ထား တဲ့ နေရာ ကို ဖြည်းဖြည်းလေး နေ့စဉ် ပွတ်ပေးပါ။ 

ဒီနည်း လမ်းဟာ အငြင်းပွားဖွယ်ရာ ရှိပေမဲ့ ဆားဝက်ခြံ ရှိသူ များ အတွက်တော့ အ လွယ်ဆုံး နည်းလမ်းလေးပါ။ ဒီနည်းသုံးပြီးလျှင် သွားပွတ်တံ ကို ရေနွေး ပူပူဖြင့် စေ့စပ်စွာ ဆေးကြော သန့်စင်ပါ။  


ကြယ်ရီ
မြ၀တီမှ ကူးယူဖေါ်ပြသည် ။

*****************************************************************


ဝက်ခြံ နဲ့ ဆားဝက်ခြံကို ကာကွယ်မယ်

ဝက် ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။
အဲ့ဒိတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။

ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။

၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစား အသောက် စားတဲ့အခါ အဆီ အဆိမ့် နဲ့ နို့ ထွက် ပစ္စည်းကို ရှော့ စားပေးပါ။

တစ်နေကုန် အလုပ် လုပ်၊ ကျောင်းသွား .. လှုပ်ရှား သွားလာနေရတဲ့ သူများ အနေ နဲ့ တစ်ရှုး သန့်သန့် ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။ အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာ ကနေ တစ်လွှာ ခွာပြီး ညင်ညင် သာသာ သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစ်စထက် တစ်စ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။




နောက်တစ်ခုက။ ။ ခရမ်းချဉ်သီး နဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။
လွယ်လွယ်လေးနော်.....၂နည်း ရှိတယ်။

နည်း ၁။
၁) ခရမ်းချဉ်သီး ကြီးကြီး နဲ့ မာမာ တစ်လုံးကိုယူပြီး ထိပ် ဖူးကို စိတ်ပါ။

၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲထည့် ပြီး ခရမ်းချဉ်သီး ထိပ်ဖူး နဲ့ သုတ်လိမ်းပါ။

၃) မျက်နှာပြင်ပေါ်ကို နေရာ အနှံ့ စသုတ်လိမ်းပေးပါ။

၎။ ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။

နည်း ၂၊ ။
၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒီ အလယ်သား (အရည်) နဲ့ မျက်နှာပြင်ကို သုတ် လိမ်းလိုက်ပြီး ၁၀မိနစ်ထားပြီးမှရေဆေးပါ။
( သတိပြုရမှာက တစ်ချို့  အသားအရည်တွေက အဲ့ဒီလို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခဏ အဆီပြန်တာ သက် သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့် မသွားပါနဲ့ မတည့် လို့ မဟုတ်ပါဘူး။ နောက်တစ် ရက် ဆို နဂို အသားတိုင်း ပြန်ဖြစ်သွားမှာပါ။ နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )

ပြီးတော့... ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ကာကွယ် ပေးနိုင်လို့.. အရေပြားကင်ဆာနဲ့ အိုးမင်းရင့်ရော် ခြင်းကို လျော့ကျစေတယ်။

၃။ အဲ့ဒီလို စနစ်တစ်ကျ နေ သားကျ သွားတဲ့အခါ... ချွေးထွက် များတယ် ဆိုရင်တောင်..
တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်းလွန်းတဲ့ အတွက် ၀က်ခြံ မပေါက်နိုင်တော့ပါဘူး။

တစ်ခုတော့ ရှိတယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာ မှုနဲ့ ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့... အမျိုး သမီး များ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျို ဖော် ၀င်စ ချိန်တွေဆို.. ပေါက်လာတတ်တာလဲ သဘာဝပါ။

ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....

၁။ ပထမ နဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ ပိုးမွှားတွေက ၀က်ခြံ ထိပ်ဝ ( သွေးထွက်ရာ နေရာ) နဲ့ ထိ မိ ၊ ဖိ မိ တဲ့အခါ အသားထဲကို ၀င်ရောက်ပြီး အနာကိုလည်း ရင်းစေသလို.. ပွားနှုန်းလည်း မြန်နိုင်ပါတယ်။ နောက်တစ်ခုက အမာ ရွတ် ဖြစ် ကျန် ခဲ့တာပါ။

၂။ မှဲ့ တဲ့ အထိ စောင့်ပါ။ ( ၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပို မဆိုးအောင် ဂရုစိုက်ပါ။)
မှဲ့ လာ တဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား ပါလိမ့်မယ်...။ အဲ့ဒိအခါမှ တစ်ရှုးစ သန့်သန့် နဲ့ ဖြစ်ဖြစ် လက်သန့်သန့် နဲ့ ဖြစ် ဖြစ် အလွယ် တစ်ကူ ဖယ် ရှား နိုင်ပါတယ်။

ဆား ၀က်ခြံ .. နဲ့ ပက်သက်လာရင် သတင်းကောင်း နဲ့ သတင်းဆိုး ၂ခု ရှိတယ်..း( ဒီလိုပါ...
သတင်းဆိုးက....ဆားဝက်ခြံကို လုံးဝ ပျောက်အောင် လုပ်ဖို့ မရသေးပါဖူး။ ( နည်းလမ်းကို မတွေ့သေးပါ။ )

သတင်းကောင်းကတော့..
အလွယ်တစ်ကူ နည်းသုံးပြီး မကြာခဏ သန့်စင် ဖယ်ရှား နိုင်ပါတယ်ရှင့်။း)

ကြက်ဥ ကိုပဲ သုံးပါ။ ကြက်ဥ အကာ ကိုပဲ သုံးရမှာပါ။
၁။ ကြက်ဥ အကာ အနည်းငယ်ကို ယူပြီး အမြှုပ် ထွက်အောင် ခေါက်ပါ။ ( အမြှုပ်ထွက်မှ စေးကပ်မယ်လေ..)

၂။ တစ်ရှုး အပိုင်းစ အသေး လေးကို ယူပါ။
စောစောက ခေါက်ထားတဲ့ ကြက်ဥ အကာ ကို ဆားဝက်ခြံတွေ ရှိတဲ့ နေရာမှာ သုတ်လိမ်းပါ။
( အကုန် မဟုတ်ဘူးနော်... နောက် တစ်ခါ လိမ်းဖို့လည်း ချန်ဥိး ။ )

၃။ သုတ်လိမ်းထားတဲ့ အပေါ်မှာ တစ်ရှုးစ ကို ကပ်ပါ။ ( မစုတ်ပြဲသွားအောင် သတိထားပါ)

၎။ တစ်ရှူး ကောင်းကောင်း ကပ်အောင်.. အပေါ်မှာ နောက်ဆုံးတစ်ခေါက် အနေနဲ့ ကြက်ဥ အကာ ကို အနည်း ငယ် သုတ်လိမ်း လိုက်ပါ။ ကောင်း ကောင်း ခြောက်သွားတဲ့ အထိ စောင့်ပါ။
ပြီးမှ.. တစ်ရှုးစ ကို ခွာလိုက်ရင်..... ကပ်ပါလာတဲ့ ဆားဝက်ခြံ အဆံ လေးတွေကို တွေ့ရပါလိမ့်မယ်။

၅။ ၁၀၀ ရာခိုင်နှုန်းတော့ မဖယ်ရှား နိုင်ပေမဲ့ တော်တော် လေး အသုံးဝင်ပြီး ဓာတုဗေဒ ပစ္စည်း မဟုတ် လို့ ဘေးထွက် ဆိုးကျိုး အတွက်လည်း စိတ်ပူစရာ မလိုတဲ့ ဒီနည်းလေးကိုပဲ သုံးကြည့်ပါနော်...။

Ref : from Chocolate Myo' Taw

No comments:

Post a Comment