Saturday, July 13, 2013

သခွပ်ပင် ၇ွာ မှ အမေ့လျော့ခံ လူစွမ်းကောင်း များ


သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ  ------------------------------- ရေးသားသူ- ထွန်းခိုင်  လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။  ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။  လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။  ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။  သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။  ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။  မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။  ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။  မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။  သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။  ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။  လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး နှစ်ဦးတည်း။  ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။  “နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”  ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။  နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။  ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။  ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။  “ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။  သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။  သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။  ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။  “အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င် ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”  ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။   အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။  ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။  ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။  သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။  အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။  ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။  ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။  အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။  ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။   ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။ သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။  “သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။  အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။  အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။  နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။  “ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။  လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။  အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။  ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။  ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။  အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။  ဓာတ်ပုံ- Chosun Ilbo သတင်းစာ
 ဓာတ်ပုံ- Chosun Ilbo သတင်းစာ

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတု သာယာသော ထိုနေ့၏ မနက် ၇ နာရီခန့် တွင် ရန်ကုန်မြစ်ဝ နားရှိ သခွတ်ပင် ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်း တစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန် အတွက် မြစ် အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်း အတွင်း သူ့ဘ၀ အတွက် ကြီးမားသည့် အလှည့် အပြောင်းတစ်ခု ကြုံရတော့ မည်ကို သူလုံးဝ ထင်မထားခဲ့။


လှော်တက်နှင့် ပိုက်ကွန် ကို လှေပေါ်တင်ကာ မြစ်ထဲသို့ ထွက်လာ ခဲ့ပြီးနောက် ဒေသရိုးရာ အစဉ်အလာ အတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက် သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥ တို့ကိုလှေဦး တွင် တင်ကာ ပသလိုက်သည်။



ပူဇော် ပသ ခံရသူများ ၏ ဆောင်မ မှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည် ဆိုပါ ကလည်း တောင်းသည့် ဆုနှင့် ရသည့် ဆု မတူခဲ့။ ထိုနေ့ တွင် သူရည်ရွယ် သလို ငါးများတော့ မဖမ်းမိခဲ့ ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန် သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယား
သူလျှိုနှစ်ဦး ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ် သည် နန်းတော်ငူ ဟုခေါ်တွင်သည့် ချောင်းဝ သို့ရောက်လာသောအခါတွင် မျက်နှာစိမ်း လူနှစ်ယောက်မှာ ကမ်းစပ်တွင် ထိုင်နေရာမှ ကြောက်လန့် တကြီးဖြင့် ချုံပုတ် ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါ မျက်နှာစိမ်းနှစ်ဦး ချုံပ
ုတ်ထဲ မှ ပြန်ထွက် လာပြီး လှေနံရံကို ကိုင် ကာ သူနေထိုင်ရာ သခွတ်ပင် ရွာသို့ ပို့ပေးရန် သူတစ်ခါမှ မကြားဖူးလေသော ဘာသာ စကား တစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်း များကို ကူညီရန် အတွက
် သူ၏ အတွေးထဲတွင် တွေဝေမှု များဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး ၏ ရုပ်ပုံမှာ တရုတ် မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှ မကြားဖူးသော ဘာ သာ စကားကြောင့် ၄င်းတို့ မှာ သင်္ဘောပျက်ကာ ပင်လယ်ဝ ရှိ သူတို့ ရွာနားရောက်လာ သူများ လားဟု
သူတွေးမိသည် ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီ ၀တ်ထားသော ထိုနှစ်ဦးကြောင့် ရေမျော ကမ်းတင်တွေများလား ဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြ သည်။ 


ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေး တစ်ခု ထပ်မံရောက်လာရန် အကြောင်း ဖန်လာ ခဲ့သည်။ ထို အတွေး တစ်ခုကား မြန်မာ့အသံမှ အဆက် မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်း ဗုံးခွဲနေသူ များအကြောင်းပင်။

သာမန် အချိန်တွင် နေ့လယ်ခေတ္တနားလေ့ ရှိသော မြန်မာ့ အသံသည် အခု တစ်လော မရပ် မနား ထုတ်လွှင့်နေသည်။ ရေဒီယို မှ ထုတ်လွှင့် သည့် တောင်ကိုရီးယားခေါင်းဆောင် ချန်ဒ
ူးဝှမ်နှင့် ၄င်း၏ အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်း တွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲ သည့် သတင်းသည် သခွတ်ပင် ရွာသား၏ နားထဲတွင်စွဲနေသည်။ 


ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲ တွင် တောင်ကိုရီးယား အစိုးရ အဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦး မှာ နားလည်ရ ခက်ပြီး လျှို့ဝှက် လွန်းသောကြောင့် ပထမ အတွေးများ ထက် ဖောက်ခွဲရေး သမားများ ဖြစ်နိုင်သည် ဆိုသော သူ့ အတွေးမှာ ပိုမိုခိုင်မာ လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦး ကို ရွာခေါ်သွားပြီး ရဲကင်း ထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင် ကား စနစ်  တကျလေ့ကျင့်ထား သည့် မြောက်ကိုရီးယား တပ်မှ ဗိုလ်ကြီး အဆင့်ရှိ သူနှစ်ဦးနှင်
့ တံငါရွာမှ ရွာသားလေးနှစ်ဦးတည်း။ ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရ ကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင် ကာ ဗုံးဖောက် ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာ မှ ရွာသားလေးနှစ်ဦး က ရဲလက်အပ်ရန် အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ် လာနိုင်ခဲ့ပြီ။ အတိတ် ကိုတွေးတိုင်း စိတ်လှုပ်ရှား စရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်း က သူ၏ အတွေ့အကြုံများ ကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့် ကိုယ်ကို မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီ တုန်းကတော့ ဒီကောင်တွေ ကို ရအောင်ဖမ်းမယ် ဆိုတဲ့ အတွေးပဲ ရှိခဲ့တယ်။ သူတို့ဆီမှာ က သေနတ်တွေ လည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲ လိုက်ပို့ခိုင်းလည်း ပို
့ရ မှာပဲ”

ဆိုင်ရာ ပိုင်ရာကို ပူဇော်ပသ ထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ် များဖြင့် ကိုစိုးငြိမ်းတို့ က လှေပေါ်တွင် ဧည့်သည်များ အား ဧည့်ခံ လိုက်သည်။ ၄င်းတို့ ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန် တစ်ရွက်စီ ထုတ်ပေးသည်။ 


ကိုစိုးငြိမ်းတို့ ပိုက်ဆံယူရန်ငြင်းဆန်သော် လည်း ဧည့်သည် များက ငြင်းလေ ပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီး တစ်ရွက်ထုတ် ခဲ့သည်။ နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့် သူက ပေါ့ပေါ့း ပါးပါးနှင့် ရယ်ရယ်မောမော ရှိခဲ့သည် ဟု ဆိုသည်။ 

သို့သော်လည်း နောက် တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီး ဆင်ကီချူးဟု ဆိုသူတစ်ယောက် ကတော့ ကျောက်ရုပ်လို မရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်း တစ်ယောက် သူစိမ်းနှစ်ယောက် ကို လှေပေါ်ခေါ်တင် ခဲ့မိပြီဖြစ် သည်။ လမ်း တစ်လျှောက် အရာရာ ကို သတိကြီးစွာ ထားတတ်သည့် သူတို့နှစ်ဦး ကို လှည့်ကွက် တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏ အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြ သည်။

ကိုစိုးငြိမ်းက ဗိုက်အောင့် ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ် မည်။ အဖော် လုပ်သူက ပုံမှန်အတိုင်း ခေါ်လာ ရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာ ဆက် လုပ်ရန်ဖြစ် သည်။ ကိုစိုးငြိမ်း တစ်ယောက် ကမ်းပေါ် တစ်ယောက်တည်း တက်ရန် ကြိုး စားတော့ ဧည့်သည်နှစ်ယောက် လှေပေါ် တွင် ပြာပြာ သလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာ တယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ ပုံစံပြတော့မှ မသက် မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော် လည်း တစ်ခါတည်း ကမ်းပေါ် တက်ပြေး ပြီး ကျေးရွာကောင်စီနဲ့ ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက ပြော သည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာ မှ ကျေးရွာကောင်စီ အတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့ မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာ ရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာ ထူးခြားနေသော ၄င်းတို့နှစ်ဦး က နိုင်ငံခြားသားများ အကြောင်းပြော
ကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကို လာခေါ်ကြသည်။

သူတို့ သုံးယောက် ထွက်လာ ခဲ့ပြီး ရွာလယ် လမ်းရောက်တော့ မုန့်ဆိုင် တစ်ဆိုင်တွင် မုန့်ဝယ် စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယား စီးကရက်ခဲလျက် လွယ်အိတ်ထဲ လက် အမြဲထည့် ထားသော သူစိမ်းနှစ်ဦးကို ရှာဖွေရန် အတွက
် ဦးစိုးညွန့် တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ ရှ
ိသည့် ကင်မင်ချူး တစ်ယောက်တော့ သူ့လွယ်အိတ်ကို အရှာ ခံသော်လည်း ဆင်ကီချူး တစ်ယောက်ကတော့ သူ့ လွယ်အိတ်လည်း အရှာမခံသလို စကားလည်း မပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။

“အဲဒီ အချိန်မှာ ကတည်းက သူတို့ဖောက်ခွဲ ထွက်ဖို့ လုပ်တယ် ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာ ရှိလို့လားတော့မသိဘူး။ ကလေးတွေ ကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီ အချိန်မှာ ဒေါ်လာတွေ လည်း သူတို့ဆီက ရှာတွေ့တော့ တရားမ၀င်ငွေကြေး ဆိုပြီး ရဲကင်း ကိုခေါ်စစ်ဖို့ လုပ်ကြတယ်”

ရဲကင်းဆီ သို့ သွားရာ လမ်းသို့ မြောက်ကိုရီးယား သားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏ တပ်သားသုံးဦးတို့ ထွက်လာခြဲ့
ကသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာ ရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီး တို့သည် ဧည့်သည်နှစ်ဦး အား ရွာ အစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင် လိုက်ကြ သည်။ လေ တိုက် တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့် ကာရံထားသော အဆိုပါ ရဲကင်းကို အပြင် မှ ရဲသုံးယောက် က သေနတ်ဖြင့် အသင့် အနေအထားပြင်ဆင်ကာ ၀ိုင်းရံ ထားသည်။

ရယ်ရယ်မောမောနေ တတ်သည့် ကင်မင်ချူး၏ လွယ်အိတ် ကို ရဲတပ်ကြီးက စစ်ဆေးခဲ့ပြီး ဆင်ကီချူး၏ လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင် လိုက်သည်။ ကင်မင်ချူးက အရှာ ခံသော်လည်း ဆင်ကီချူး က ငြင်းဆန်ပြန်သည်။ စိတ်မြန် လက်မြန်ရှိသည့် လူငယ် အတွင်းရေးမှူး က ဆင်ကီချူး၏ အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေ က ရုတ်ခြည်းပြောင်းလဲ သွားသည်။ ဆင်ကီချူးက သူ၏အိတ် ကို နောက်သို့ လွှဲ လိုက်ပြီး အိတ်ထဲ မှ အရာ တစ်ခုနှိုက်ကာ အပြင်ရှိ ရဲ တပ်သားများ ထံ ဦးစိုးညွန့်ခေါင်းပေါ် မှကျော်ကာ
ပစ်ခွဲ လိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲ သွား ပြီး ရဲကင်းတစ်ခု လုံး မီးခိုးလုံး များ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန် ချလိုက်သည်။

သွပ်ပြား အပေါက်မှ တစ်ဆင့် ရဲကင်း အပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံ တစ်ယောက် ပြေးလိုက် လာခဲ့သော်လည်း မည်သူမှန်း သတိမထားမိ။ ရဲကင်းထဲ တွင်တော့ သေနတ် သံ အချို့ကျန်ရစ်ခဲ့သည်။

အချိန် အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက် မှာ သွေးအိုင် ထဲလဲနေခဲ့သည်။ လေးယောက် အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက် က အသက် ရှင်နေခဲ့သော် လည်း သူ့ကို စကားမပြော လိုသည့် ဆင်ကီချူး တစ်ယောက် ကတော့ မည်သူ့ ကိုမှ လည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက် သို့ပြေးလိုက်ခဲ့ သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံ များကြောင့် ကိုစိုးငြိမ်း၊ သူ၏ အဖော်သူငယ်ချင်းနှင့် ရွာသားများ ရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူ မှာ မြောက်ကိုရီးယား သူလျှိုဖြစ်မှာ သေချာ သလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်း ဗုံးဖောက်ခွဲ ခဲ့သည်
့ ဗိုလ်မှူး အဆင့်ရှိ ဇင်မို ကို အောက်တိုဘာ ၁၀ ရက်ည ပိုင်းတွင် ညောင်တန်း ဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်း အတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာ အချိန်လေး အတွင်းတွင် သခွတ်ပင် ရွာသည် ဟောလိဝုဒ် စစ်ကားများလိုဖြစ်သွား
ခဲ့သည်။ ရွာ၏ကောင်းကင် ထက်တွင် ရဟတ်ယာဉ် များ ပျံသန်းနေပြီး တပ်မတော် သားများ လည်း ရဟတ်ယာဉ်ပေါ်မှ ဆင်းသက်လာကြသည်။ ရေတပ် သင်္ဘောများ ကလည်း ပိတ်ဆို့ကာ ကင်မင်ချူး ကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက် တစ်ညလုံး သူ့ကို တောနင်း ရှာဖွေသည့် ရာနှင့် ချီသောလူများအား ကင်မင်ချူး တစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များ အကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေ ဖယ်ပြီး တပ်ကပဲ အရှင် ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ ၀င်လုံးဖို့ ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေ သွားတယ်” ဟု ဦးစိုးညွန့် ကပြောသည်။

အဆိုပါဖြစ်ရပ် များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရ က နိုဝင်ဘာလ အတွင်း မြောက်ကိုရီး ယားနှင့် သံတမန် အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင် ဖမ်းမိခဲ့သူနှစ်ဦး ကို ရုံးတင် စစ်ဆေးချိန်တွင် ကင်မင်ချူး က ၀န်ခံ ထွက်ဆိုခဲ့သော်လည်း ဇင်မို က ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်က ထုတ်ဝေသည့် အစိုးရပိုင် သတင်းစာ များက ရေးသားကြသည်။


 နောက်ပိုင်းတွင် ကြားသိရ သမျှ သတင်းများ အနက် ဇင်မို ကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူး ကို ချုပ်နှောင် ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများ ကပြောသည်။

“ကင်မင်ချူး ပုံကတော့ စိတ်ဓာတ်ကျတဲ့ ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစု ကိုတွေ့ချင်တဲ့ ကိစ္စ ကိုတေ
ာ့ ပြောတယ်။ မြန်မာပြည် က လူတွေ က သူ့ရန်သူ မဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်း တယ် လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ် လို့လည်း ပြော တာကြား ဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များ အတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး ၏ ပုံစံ ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည် သည် တက်ကြွလှုပ်ရှား သည့် ကျောင်းသား တစ်ဦး အဖြစ် အင်းစိန် အကျဉ်းထောင်အတွင်း ထိန်းသိမ်း ခံခဲ့ရပြီး သူနေထိုင်ရာ အဆောင်မှ ကင်မင်ချူး အား မကြာ ခဏမြင်တွေ့ရပြီး အထက်ပါ သတင်းစကားများ ကိုလည်း အကျဉ်းထောင် အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန် ဟူသော ကာလတရား က ရွှေ့ပြောင်း လာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့ သည့် ထိုအရာ များကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။ ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်း လည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါ အလုပ် စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့် လည်း ကောင်စီထဲတွင် မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များ သည်လည်း ယခုအခါ စာရွက်ပေါ် တွင်သာ မှတ်တမ်း တင်ထားသည် ထက် မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့် မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောက  လျှောက်တော့ ကျွန်တော် တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ် အကြွေးပြုခဲ့ ပါတယ်။ ငဲ့ညှာပါဦး ဆိုပြီး ဂုဏ်ပြု  စာရွက်နဲ့တွဲတင်တယ်။ 


ဒါတွေ လာမပြောနဲ့။ ဟိုတုန်းက နဲ့ ခုက အကန့်တွေ တစ်ကန့်စီ လို့ပြောပြီး ပြန်လွှတ် လိုက်တယ်” ဟု ဦးစိုးငြိမ်း က စိတ်မကောင်းစွာ ဆိုလေသည်။


                                                      
 ရေးသားသူ- ထွန်းခိုင်
  7 Day News Journal  မှ ကူးယူဖေါ်ပြသည် 

No comments:

Post a Comment