Tuesday, July 9, 2013

ညဘက် မှာ မုန့်စား လို့ ၇သလား...



(၁) ကြွက်သားများသန်မာစေသည်

အိပ်ရာမ၀င်မီ မိနစ် (၃၀) အလိုတွင် နွားနို့ သောက်ပေးခြင်းဖြင့် နွားနို့တွင်ပါဝင်သော casein ဓါတ်က ပရိုတင်း တည်ဆောက်မှုမြင့်တက် စေပြီး ကြွက်သားများ သန်မာစေနိုင်သည်။


(၂) ဇီဝဖြစ်စဉ်များ မြန်ဆန်စေသည်

ညပိုင်း၌ မုန့်အနည်းငယ် (၁၅၀ ကယ်လိုရီခန့်) စားသုံးပါက အိပ်ရာထပြီး နံနက်ပိုင်း ဇီဝဖြစ်စဉ် များသည် အခြားနေ့များ ထက် မြန်မြန်ဆန်ဆန်ပြီးစီးဆောင်ရွက်နိုင်သည်ကို တွေ့ရမည်။

(၃) အဆာခံနိုင်သည်

ညမအိပ်မီ မုန့်စားခြင်းသည် အိပ်ရာထချိန် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေပြီး အစာစား ချိန်များ ကြား၌လည်း အဆာခံ နိုင်စေသည်။ မုန့်အမျိုးအစား အတိအကျ ရွေးချယ် စရာ မလိုသော် လည်း ပရိုတင်းပါဝင် သော မုန့်ဆိုပါက ကြွက်သားများ ကြံ့ခိုင်စေနိုင်သည်။




(၄) ကိုယ်အလေးချိန် ကျစေသည်

ညစာမစားဘဲ ကွေကာအုတ် သောက်ခြင်းသည် အဆာ ခံနိုင်စေပြီး နောက်နေ့ အစာ များ ကိုပါ လျှော့စား ဖြစ်သောကြောင့် လေးပတ်အတွင်း (၂) ပေါင်ကျစေနိုင်သည်။


ဇော်ကို
Source: MensHealth
Health Updates Journal

No comments:

Post a Comment