Sunday, July 7, 2013

အောင်ဆန်း ၏ မဟေသီ စာအုပ်မှ....






"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင် မိမိတို့ အိမ်တွင် အစောင့် အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက်မဟုတ် တစ်ယောက်ကို ခေါ်သွားတတ်၏။

ရဲဘော်လေးများမှာ ဗိုလ်ချုပ် ကတော်ဖြစ်သော ဒေါ်ခင်ကြည် ကို ခင်မင်လေးစားကြသည်။ ထို့ကြောင့် ဒေါ် ခင်ကြည် ဈေးသွားဖို့ခေါ်လျှင် ချက်ချင်း ထလိုက်ကာ ဈေးမှ အပြန်တွင် လည်း ဈေးခြင်းတောင်း အား ဂုဏ်ယူကျေနပ်စွာ သယ်ပေးသည်။



တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှ အပြန်တွင် အပြင်ထွက်မည့် ဆဲဆဲ ပြင်ဆင် ထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်နှာချင်းဆိုင် တွေ့သည်။
 
ဗိုလ်ချုပ်အောင်ဆန်း က ဒေါ်ခင်ကြည့်နောက် မှ ဈေးခြင်းတောင်း ဆွဲပြီး လိုက်လာသော ရဲဘော်လေး ကိုမြင် သည်နှင့် စိတ်ဆိုး မာန်ဆိုး ဖြစ်သွား၏။




" ဒါ ဘာလုပ်တာလဲ၊ ဒီ ရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ ရဲဘော်၊ ငါတို့ အိမ်က အစေခံ မ ဟုတ် ဘူး၊ နောက် အခုလို မခိုင်းပါနဲ့ " လို့ ဒေါ်ခင်ကြည်အား ဆူပါတော့သည်။


 


(အောင်ဆန်း၏ မဟေသီ စာအုပ် စာမျက်နှာ ၁၈၈) (From- May Nge)  အေးချမ်းမွန် Credit To > ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ(For Remembrance Of General Aung San)< Thank
Re-post By ACM 6-7-2013

  Myawady News မှ ကူးယူဖေါ်ပြသည်...

No comments:

Post a Comment