Friday, July 19, 2013

သွေးကြော ပိတ်ဆို့ခြင်း ကို ကာကွယ်ခြင်း..



မြန်မာပြည် တွင် နှလုံးသွေးကြော ပိတ်ဆို့ခြင်း ရောဂါ တဖြည်းဖြည်း အဖြစ်များ လာပါသည်။ ၄င်းရောဂါကြောင့် သေဆုံးသော လူနာ များကို တွေ့ရှိလာပါသည်။

အောက်ပါ အစားအစာ များသည် သွေးကြော ပိတ်ဆို့ခြင်း ကို ကာကွယ်ပေးသော စားသောက် ဖွယ်ရာ များ ဖြစ်ကြောင်း သိရှိရပါသည်။

(က) ငရုတ်သီးမှုန့်
သန့်ရှင်းသော၊ လတ်ဆတ်သော ငရုတ်သီး ခြောက်မှုန့်များသည် သွေးကြော ပိတ်ဆို့မှုကို တားဆီးပေးသဖြင့် အလွန် ထိရောက်သော အစားအစာ ဖြစ်သည်။


( ခ) လေးညှင်း
မွှန်စပ်သော လေးညှင်းသည် သွေးကြောအတွင်း ပျစ်ခဲ ပိတ်ဆို့မှုကို ကောင်းစွာ တား ဆီး ပေးကြောင်း သိ ရသည်။ လေးညှင်းမှုန့်သည် အက်စပရင်ထက် ပိုမို ကောင်းမွန်သည်။

(ဂ) သစ်သီး ဝလံ၊ ဟင်းသီး ဟင်းရွက်
၎င်းတို့ တွင် ဗီတာမင်စီ ဓာတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝသဖြင့် သွေးကြောပျစ်ခဲ ပိတ်ဆို့မှုကို ကာကွယ်ရာတွင် အထောက်အကူ ပြုသည်။ ထို့ကြောင့် သင့်တင့်မျှတစွာ စားသုံးပေးခြင်းဖြင့် ထိရောက်စွာ အကျိုးခံစားခွင့် ရရှိနိုင်သည်။
ဖိုက်ဘရီနိုဂျင် (ခေါ်) သွေးခဲမှု ကို ကျဆင်းစေ သဖြင့် သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက် များကို များများ စားသုံး ပေးရပါမည်။ အထူး သဖြင့် သက်သတ်လွတ် စားသုံးသူများတွင် အထိ ရောက် ဆုံးဖြစ် သည်။
(ဃ) ကြက်သွန်ဖြူ
သွေးခဲစေခြင်းကို တိုက်ဖျက် ရာတွင် အားကောင်းသော စားသောက် ဖွယ်ရာ ဖြစ် သည်။ သွေးကြော အတွင်း ပျစ်ခဲ ပိတ်ဆို့မှု အန္တရာယ်ကို ထိထိရောက်ရောက် ကာ ကွယ် ပေးနိုင် သည်။ 

ကြက်သွန်ဖြူ အစားနည်း သူနှင့် လုံးဝ မစားသူများ နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ များများ စားသူ တို့တွင် သွေးပျစ် ခဲ ပိတ်ဆို့မှု အန္တရာယ်နည်း ပါးကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူကို အစိမ်း အတိုင်း ဖြစ်စေ၊ ချက်ပြုတ် ၍ ဖြစ်စေ စားသုံးခြင်း၌ အာနိသင် အလွန်ကွဲပြားခြင်းမျိုး မရှိသည် ကို တွေ့ရသည်။

(င ) ချင်း
မွှန်စပ်သော အနံ့၊ အရသာရှိသည့် အရာကို သင့်တင်မျှတစွာ စားသုံးခြင်းဖြင့် သွေးပျစ်ခဲခြင်း အန္တရာယ်မှ ကာကွယ် ပေးနိုင်သည်။ ချင်းတွင် ပါဝင်သော ဂျင်ဂျာရောလ်(ခေါ်) ဓာတ်သဘာဝ သည် အက်စပရင် ကဲ့သို့ ဓာတုတုံ့ပြန်မှု ရှိသည်ကို တွေ့ရှိရသည်။

(စ) စပျစ်သီး
စပျစ်သီးကို အစေ့၊ အခွံပါ မကျန် စားသုံးခြင်း၊ စပျစ်ရည်အဖြစ် ကြိတ်ညှစ် ၍ သောက်သုံး ခြင်း သည် သွေးခဲမှုများကို တိုက်ဖျက် တားဆီးပေးနိုင်စွမ်း ရှိသည်။

(ဆ) မှိုနက်
မှိုနက် စားသုံးခြင်းဖြင့် သွေးကြောအတွင်း သွေးပျစ်ခဲမှုကို တားဆီးပေး နိုင်ကြောင်း သိရသည်။ မှိုနက်တွင် အမ်ဒီနိုဆင်း ကဲ့သို့ သွေးကျဲစေသော ဓာတ်ပေါင်းမျိုးကို တွေ့နိုင်သည်။

(ဇ) သံလွင်ဆီ
သံလွင်ဆီ တွင် သွေးပျစ်ခဲ မှုကို တိုက်ဖျက်ပေး နိုင်စွမ်းအား ကောင်းစွာ ပါရှိကြောင်း သိရသည်။ ပုံမှန် စားသောက်ပေးသူ များ အတွက် သွေးပျစ် ခဲမှု လျော့ပါး သွားကြောင်း သိရသည်။

(စ် ) ၾကက္သြန္နီ
သွေးပျစ်ခဲမှု ကို တားဆီးပေးသော အစား အစာ ဖြစ်ကြောင်း တွေ့ရသည်။ နေ့စဉ်ကြက်သွန်နီ စားသုံးသော သူများ တွင် သွေးပျစ်ခဲခြင်း ကို လျော့ပါး စေ ရန်နှင့် သွေးခဲခြင်း ကို ပျော် ကျစေ နိုင် သည်။ ကြက်သွန်နီ ၁ဝဝ ဂရမ်(၆ ကျပ်ခွဲသားခန့် ) သည် သွေးတွင်း အဆီ ဓာတ်ကို လုံးဝ နီးပါး ချေဖျက်နိုင်ကြောင်း တွေ့ရသည်။ ။

ဆရာကြွယ်(ဦးပိုင်)


No comments:

Post a Comment