Sunday, July 28, 2013

ကမ္ဘာကို အာ၇ှ မောင်းနှင်ချိန်


မကြာသေးမီ အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကမ္ဘာ ကို မောင်းနှင်နေသော အာရှအမည် ရ သည့် ဆွေးနွေးပွဲ တစ်ခုကို နေးရှင်းမီဒီယာဂရု(ပ်)က ကြီးမှူးကျင်းပ ခဲ့ပါသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘာ့ လူဦးရေ ထက်ဝက်ကျော် ရှိပြီး တိုးတက် ဖွံ့ဖြိုးလာသော အာရှနိုင် ငံများ အနေဖြင့် ကမ္ဘာကို ဦးဆောင်သည့် အခြေအနေ ရောက်ရှိလာနိုင်ခြေနှင့် အာဆီယံနိုင်ငံများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြောင်းလဲ မှုများ အတွက်လည်း အပြု သဘောဆောင်သော အမြင် များ ထားရှိခဲ့ကြပြီး အာဆီယံ အဖွဲ့အတွင်း အရေးပါသော ဦးဆောင်သူ တစ်နိုင်ငံ ဖြစ်လာနိုင်ခြေ ရှိသည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။


ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါး ခန့် နေထိုင်သော တိုက် တစ်ခု ဖြစ်သည့် အပြင် တရုတ်နှင့် အိန္ဒိယ တို့၏ နိုးထ မှုကြောင့် အာရှ အနေဖြင့် ကမ္ဘာကို ဦးဆောင်သူ ဖြစ်လာရန် မှာ ဖြစ်နိုင်ခြေ ရှိပါသည်။ ကမ္ဘာ ကို အာရှဦးဆောင် လာနိုင်ပြီ ဆိုလျှင် အာရှတွင် တရုတ်နှင့် အိန္ဒိယ အပြီး အကြီးဆုံး ဖြစ်လာမည် မှာ အာဆီယံ အဖွဲ့ ဖြစ်ပါသည်။

 ထိုသို့ဖြစ်ပေါ်လာရန် အတွက် အာဆီယံနိုင်ငံများ ၏ ဥရောပ သမဂ္ဂ ပုံစံမျိုး တစု တစည်းတည်း အဖြစ် ပူးပေါင်း လုပ်ဆောင်မှုသည် အရေးပါ ပါသည်။ ယခု အာဆီယံသည် ဥရောပသမဂ္ဂပုံစံမျိုး အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရန် ကြိုးစားနေပါသည်။ 

 သို့သော် အာဆီယံနိုင်ငံ များကြား အကျင့် ပျက်ခြစား မှုများ၊ ဒီမိုကရေစီ စံနှုန်း မပြည့်ဝမှုများ၊ ဘာသာရေး ကွဲပြားမှု များနှင့် အဖွဲ့အစည်းနှင့် တိုးတက်ချင်စိတ် ထက် တစ်နိုင်ငံချင်း တိုးတက် လိုစိတ် များသည် အာဆီယံ အဖွဲ့၏ ပူးပေါင်းလုပ်ဆောင်မှု အပေါ် များစွာအဟန့်  အတား ဖြစ်စေနိုင် ပါသည်။

ယခု လက်ရှိ မြန်မာနိုင်ငံ အနေ အထားဖြင့် မူပြောင်းလဲ မှု မြန်ဆန်သော နိုင်ငံရေး အခြေ အနေများကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ များကြား ပြန် လည် ရေပန်းစား လာခဲ့ သည်။

 မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးမှုသည် လျင်မြန် စွာ ဖြစ်ထွန်း လာနေသည့် အတွက် လက်ရှိတွင် အာဆီယံနိုင်ငံ များကြား အလားအလာ အကောင်းဆုံး တစ်နိုင်ငံ ဖြစ်လာနိုင်သည် ဟု အပြု သဘော သတ်မှတ် ထားခဲ့ကြပြီး ဗီယက်နမ် နိုင်ငံ ဆိုလျှင် မြန်မာနိုင်ငံ သည် ဗီယက်နမ်နိုင်ငံ အတွက် နိုင်ငံရေးပြိုင်ဘက် ဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံ ၏ တိုးတက်ဖွံ့ဖြိုးရေး အတွက် အတား အဆီး တစ်ခုပင် ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အာဆီယံနိုင်ငံ များကြားတွင် မြန်မာနိုင်ငံ ၏ အပြောင်း အလဲများနှင့် ပတ်သက် ၍ ထိုကဲ့သို့ အပြု သဘောဆောင်သော အမြင် များနှင့် အထင်ကြီးမှုများ ရှိနေသော် လည်း အမှန် တကယ် အားဖြင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများသည် အပြု သဘောဆောင်သည် ဆိုသော် လည်း ပြည် သူ များကြားထဲ ထိ ရောက်ရှိလာပြီး အားရစရာ ကောင်းလောက်အောင် လုံလောက်မှု မရှိသေးပါ။

၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ ရာထူး ကို ရယူတော့ မည် ဖြစ်သည်။ အာဆီယံ ကရော ကမ္ဘာကပါ အထင်ကြီး အာရုံစိုက်နေချိန် ဖြစ်သည်။ ယခုအချိန် သည် မြန်မာပြည် ပြန်နိုး ထလာနိုင်ဖို့ အတွက် အကောင်းဆုံး အခွင့် အရေးများ ရှိနေသည့် အချိန်အခါ ဖြစ်ပါသည်။ 

ထို့ကြောင့် အစိုးရ အနေဖြင့် ယခုအချိန်ကောင်း ကို လက်လွတ် မခံဘဲ အမိအရ အသုံးချကာ ကမ္ဘာ့ အလယ်သို့ ၀ံ့ကြွားစွာ ပြန်လည်ဝင်ရောက် နိုင်ရေး အတွက် စေတနာ မှန်ကန်စွာဖြင့် တိုင်းပြည် အတွက် ကြိုးပမ်းဆောင်ရွက် ပေးကြပါရန် The Daily Eleven သတင်းစာ က တိုက်တွန်းရေးသား အပ်ပါသည်။
           
 ဇူလိုင်လ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ ၏ အယ်ဒီတာ့ အာဘော်

No comments:

Post a Comment