Saturday, July 20, 2013

အိမ်ခန်း ငှါး၇မ်းခ များ ၄၀% ခန့် ထိမြင့်တက်..................


163 8796

၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအ တွင်း  အချက်အချာကျသော မြို့နယ် များတွင်  တိုက်ခန်း ငှားရမ်းမှုဈေးနှုန်း များမှာ ယခင်လ များ ကထက် ၄၀% ၀န်းကျင် ခန့်ထိ ဈေးတက်လာခဲ့ပြီး ငှားရမ်းမှုနှုန်းမှာလည်း မြင့််နေဆဲဖြစ်ကြောင်း သိရှိရသည်။

“အရင်က ဆိုရင် ၈လွှာ လောက် ဆိုရင်ငှားဈေး ကငွေကျပ် ၇၀၀၀၀လောက် ရှိတယ် အခု မှာတော့ ၈လွှာ မှာတောင် ငွေကျပ် ၁၀၀၀၀၀ လောက် ရှိနေပြီ မြေညီထပ် ဆိုရင် ငွေကျပ် ၁၇၀၀၀၀ လောက်ရှိတယ်” ဟု ကြည်မြင်တိုင်မြို့နယ် မှ ထက်သီရိအောင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။




ရန်ကုန်မြို့ အငှားဈေးကွက် တွင်ကျယ်နေသောမရမ်းကုန်းမြို့နယ်နှင့် ကမာရွက်မြို့နယ်များတွင် ငှားရမ်းမည့်အိမ်ခန်းများ လက်ကျန် မရှိတော့သောကြောင့်ကြည့်မြင်တိုင်မြို့နယ်တွင် လာရောက် ငှားရမ်း နေထိုင်မှုများမှာ ယခင်ကထက် ၃၀% ခန့်ထိ  တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရသည်။
အငှားဈေးကွက်များပြားလာသော မြို့နယ်များမှာ လမ်းမတော်၊ လသာ၊ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ကြည့်မြင့်တိုင်၊ ကမာရွက်၊ မရမ်းကုန်းနှင့်  လှိုင်မြို့နယ် တို့ဖြစ်ပြီးအိမ်ခန်း အကျယ်အဝန်းပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး တစ်လ ငှားရမ်းခ မှာ အမြင့်ဆုံး ငွေကျပ် ၁၀သိန်းမှ အနိမ့်ဆုံး ၁ သိန်းခွဲ အထိရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

ထို့ပြင် ယခုလအတွင်း အိမ်ခန်းငှားရမ်းခများမှာလည်း ယခင်ကထက် ၄၀% ၀န်းကျင်ခန့်ထိ ပိုမိုမြင့် တက်လာကြောင်း သိရှိရသည်။

“ကျွန်မတိုဌားတုန်းက တစ်လကို (၇၀၀၀၀)နဲ စပြီးနေတာ ဒီတစ်ခေါက် ငှား တာ (၁၂၀၀၀၀) ပေး ရ တယ် အခန်းခတွေ ဈေးတက်လို့ တစ်တိုက်ပြီး တစ်တိုက်ပြောင်းရတာလဲ ခဏခဏပဲ စက်တင်ဘာလ မှာ အိပ်စာချုပ် ပြည့်မှာဆိုတော့ ဝါတွင်းလည်း အခန်းခ အဆင် မပြေ ရင်ပြောင်း ရမှာပါပဲ” ဟု လမ်းမ တော်မြို့နယ် အတွင်း တိုက်ခန်း ဌားရမ်းနေထိုင်သည့် သူနာပြုတစ်ဦးကပြောသည်။

ဝါတွင်း ကာလ အတွင်း အိမ်ငှားဈေးကွက် ကျဆင်းလေ့ ရှိသော်လည်း ယခုနှစ်တွင်မှု ကျဆင်း  မည်မဟုတ် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောဆိုသည်။
“ဒီခေတ်မှာ အယူသီး လို့လဲ မရတော့ပါဘူး။ အိမ်စာချုပ် ကလည်းပြည့်ပြီ အိမ်လခ က လည်း ဈေးမြင့် လို့ မတတ်နိုင်တော့ဘူး ဆိုရင် ဝါတွင်း လည်းပြောင်းရမှာပါပဲ” ဟု အိမ်ခြံမြေ ကျိုးဆောင် တစ်ဦးကပြောသည်။
ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက် တွင် ဝယ်လက် မရှိပဲ ရောင်းချလို သူသာ များပြားလျက် ရှိကြောင်းအိမ်ခြံမြေဈေးကွက် အတွင်းမှ သိရသည်။

 19 July 2013    
 Post By ရန်နောင်ဖြိုး၊ ထက်ထက်(မြစ်မခ)
   မြစ်မခ မှ ကူးယူဖေါ်ပြသည်.

No comments:

Post a Comment