Sunday, December 28, 2014

Water poisoning ရေ အဆိပ် သင့်ခြင်း


 
၂ဝဝ၈ မေလ (၁၅) ရက်နေ့ က ဗီယက်နမ်နို င်ငံ (ထန်ဝှာ) ခရိုင် မှာ အမျိုးသမီး တယောက် ရေ အဆိပ် သင့်လို့ ဆေးရုံ မတင်ရ မီပုံ။


ရေဆိပ် သင့်ခြင်း လို့ ခေါင်းစ ဉ် တပ်ပေမဲ့ သောက် တဲ့-သုံးတဲ့ရေထဲ မှာ အဆိပ် ပါတာ မဟုတ် ပါ။ ရေသန့်ဗူး ထဲ ကရေတွေ တအားကြီး သောက်ရင် လဲ အဆိပ် သင့်နိုင် တာ ကို ပြောတာဖြစ်ပါတယ်။

 ဆေးစာ နဲ့ ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင် တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေ မယ်။ Electrolytes ဓါတ်ဆား အချိုး အစား မမျှရာ ကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်း တာဖြစ်စေတယ်။ 

အမှတ် တမဲ့တော့ ရေတွေ တအားသောက် တယ် ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင် ကြ ရင် ဖြစ်နိုင်တယ်။ 

၁၂-၁-၂ဝဝ၇ တုန်း က Hold Your Wee for a Wii ရေသောက်ပြီး သေး မပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲ ဝင်သူ ၂၈ နှစ် အရွယ်၊ ကလေး ၂ ယောက် အမေ Jennifer Strange ဟာ သေသွား လို့ ပြိုင်ပွဲ စီစဉ်တဲ့ The End ရေဒီယို က ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက် ရတယ်။


 ဆေးရုံတွေ မှာ လူနာ ကို လိုတာ ထက်ရေ ပါတဲ့ Drips တွေ အများကြီး သွင်းရင် လဲ ဒုက္ခပေး မယ်။ ရေကောင်းရေ သန့် ကနေ အဆိပ် လို့ ခေါ်တော့မယ်။ 

တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။ လူ့ ကိုယ်ခန္ဓာ မှာ ပါးစပ်နှုတ်ခမ်း ကနေ စအို အထိ ရှိတဲ့ အစာ လမ်းကနေ ရေ ကို စုပ်ယူနိုင်စွမ်း ရှိတယ်။ 

အစာအိမ် နဲ့ အူတွေ ကနေ အများ ဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ (ဆိုဒီယမ်) ဓါတ်ဆား က တွဲနေတယ်။ တသမတ် ထဲ မျှနေ ရတယ်။ (ဆဲလ်) တခု ရဲ့ အပြင် ဝန်းကျင် နဲ့ (ဆဲလ်) အတွင်း ကလဲ မျှနေရတယ်။ ရေက များ သွားချိ န်မှာ (ဆိုဒီယမ်) က နည်း သွားမယ်။ Hyponatremia ခေါ်တယ်။ 

တစ် နေရာရာ မှာ ဓါတ်ဆား အချိုး အဆ ကဲမယ်-နည်းမယ် ဆိုရင် (ဆဲလ်) နံရံ ကနေ Osmosis (အော့စ်မောဆစ်) အပြန် အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ် အရ ညီစေအောင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကား လာလိမ့်မယ်။ Intracranial pressure ဦးနှောက် ထဲ မှာ ဖိအားတွေ တက်လာ လိမ့်မယ်။ 

Water intoxication ရေ အဆိပ် သင့်ခြင်း လက္ခဏာတွေ စတော့မယ်။ 
• Headache ခေါင်းကိုက်မယ်၊ 
• Personality changes (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊ 
• Changes in behavior အမူ အယာပြောင်းမယ်၊ 
• Confusion စိတ်ရှုတ်ထွေး လာမယ်၊ 
• Irritability ဂနာ မငြိမ်ဖြစ် လာမယ်၊ 


• Drowsiness အိပ်ချင်လာမယ်။ ဆက်ပြီးတော့ 
• Difficulty breathing during exertion ကြိုးစားမှု ရှိချိန် မှာ အသက်ရှူ  လို့ ခက်လာမယ်၊ 
• Muscle weakness ကြွက်သားတွေ အားနည်း လာမယ်၊ Twitching အလိုလို လှုတ်မယ်၊ Cramping နာမယ်၊ 
• Nausea ပျို့မယ်၊ Vomiting အန်မယ်၊ 
• Thirst ရေသန် သလိုဖြစ်မယ်၊ 


• Sensory information နာတာ-ထိတာ-ဖိတာ ကို သိမှုတွေ အားယုတ် လာမယ်။ ဆက်ဆိုး လာမယ် ဆိုရင် 
• Papillary သူငယ်အိမ် တုံ့ပြန်မှုလျှော့ လာမယ်၊ 
• Vital signs အရေး အကြီးဆုံး လက္ခဏာတွေ ထိခိုက် လာမယ်။ ဥပမာ Bradycardia နှလုံး ခုန်နှေးမယ်၊ Widened pulse pressure သွေး ဖိအားပြောင်း လာမယ်။ 
• Cerebral edema ဦးနှောက်ရောင် လာမယ်။ Brain stem ဦးနှောက် အခြေနေရာ ကိုဖိအား သက်ရောက်လို့ ဆက်ဖြစ် စရာတွေ ဖြစ်လာမယ်။ Central nervous system dysfunction ဗဟို ဦးနှောက်-အာရုံကြော စနစ် ထိခိုက် လာမယ်။ 
• Seizures တက်မယ်၊ Coma သတိ လစ်မယ်၊ Death သေ မယ်။ 

Risk factors ဘယ်လို လူတွေ မှာ ပိုဆိုး သလဲ။ 
• ကလေး ငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ် သမီးလေး Cassandra Killpack ကို မအေဖြစ် သူ က ရေ တဂါလံ ကုန်အောင် အသောက် ခိုင်းရာ ကနေ သေ သွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။ 
• Marathon runners မာရသွန် အပြေး သမား အဖြစ် များတယ်။ ရေသောက် များရာ ကနေ Sodium levels 135 mmol/L ထက်ကျလာချိန် မှာ ရောဂါ လက္ခဏာတွေ ဖြစ်လာမယ်။


• Overexertion ခွန်အား အသုံး များတာ ကနေလဲဖြစ်စေနိုင်တယ်။ မောလွန်း လို့ ရေတွေ တအားသောက် ရင် ဖြစ်မယ်။ ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်း ဆရာ Michael J. Schindler သေဆုံး ရတယ်။ 
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီး လုပ်သင့် တာထက် ပိုပြီး ခွန်အား စိုက်ရာ ကနေလဲဖြစ်မယ်။ 
• Heat stress သိပ်ပူချိန် မျိုးမှာ နားနေရင် နဲ့ ရေတွေ အသောက် များရင် လဲ ဖြစ်မယ်။ 
• Psychogenic polydipsia စိတ်ရောဂါ ရှိသူတွေက ရေ ပိုသောက်တယ်။ 
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။ 
• Diabetes insipidus ဆီးချိုကြောင့် လဲ ဖြစ်နိုင်တယ်။ 

Treatment ဘယ်လို ကုသမလဲ 
• Mild intoxication တော်တော် တန်တန် က ရောဂါ လက္ခဏာ မပြသေးပါ။ ဖြစ်လာပြီ ဆိုရင် 
• Diuretics ဆီးသွားစေ တဲ့ဆေး ပေးရမယ်။ 
• Vasopressin receptor antagonists ဆေး ကိုလဲ သုံးတယ်။ 



 Dr. တင့်ဆွေ
From...http://www.lubo601.com/2014/12/water-poisoning.html#more



No comments:

Post a Comment