Friday, December 26, 2014

သေရွာ က ပြန်လာ တဲ့ အဘိုးအို



အိနိ္ဒယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရာဂျာစတန် ပြည်နယ်၊ ဘီဝါဒါမြို့မှာ နေထိုင်တဲ့ အဘိုးအို တစ်ဦး ကို သေ ဆုံး သွားပြီ လို့ ဆွေမျိုး သားချင်း တွေက ထင်မှတ်ခဲ့ပြီး မီးသဂြိုဟ် ဖို့ ပြုလုပ် နေစဉ် မှာ ပြန် လည် နိုး ထ လာ လို့ အားလုံး တုန်လှုပ်ခဲ့ကြ ပါတယ်။

 အသက် (၇၂)နှစ် ရှိနေပြီး ဖြစ် တဲ့ ဆင်းဟာ နေအိမ် မှာ နွားတွေ ကို အစာကျွေးပြီးတဲ့ နောက် ရုတ်တရက် လဲကျ သွားခဲ့ ပါတယ်။ ဒီနောက် နှလုံးခုန်သံ လည်း မကြားရတော့ တာမို့ အိမ်သူ အိမ်သား တွေက သေဆုံး ခဲ့ပြီးလို့ ထင်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 ဒေသတွင်းမှာ ရှိတဲ့ ဆရာဝန် ကို လည်း ခေါ်ပြ ခဲ့ ရာမှာ သေဆုံး သွား ပြီ လို့ အတည်ပြုခဲ့ ပါတယ်။ ဆွေ မျိုး သားချင်းတွေ နဲ့ အိမ်နီးချင်းတွေ ဟာ မီးသဂြိုဟ် ဖို့ စီစဉ်ခဲ့ကြ ပါတယ်။


 
မီးသဂြိုဟ် ခါနီး မှာ အဘိုးအို ဆင်း ဟာ ရုတ်တရက် ထလာ ခဲ့ တာကြောင့် အံအား သင့်ခဲ့ပြီး ကံကောင်း ထောက် မစွာ အသက်ရှင် သန်ခွင့်ရတာ ဖြစ်ပါတယ်။ 

အဘိုးအို ဆင်းဟာ ရုတ်တရက် နှလုံးရပ် သွားတာ ဖြစ်ပြီး သေဆုံးပြီ အထင်နဲ့ မီးသဂြိုဟ်ဖို့ ပြုလုပ် ခဲ့တာ ဖြစ် ပါတယ်။ အဘိုးအို ရဲ့ မြေး ဖြစ်သူ အသက် (၂၆) နှစ် အရွယ် ရှိ ဘန်ဒါ က ကျွန်တော့် အဘိုး ဟာ နံနက်ပိုင်း မှာ အိမ်မှု ကိစ္စတွေ လုပ်ပြီး ရုတ်တရက် လဲကျသွားခဲ့ ပါတယ်။ 

ဒါကြောင့် ခုတင်ပေါ် မှာ ထားပြီး နှလုံး ခုန်မှုကို စမ်းသပ် ကြည့်တော့ ဘာသံမှ မကြားတော့ ပါဘူး။ မိသားစု ၀င်တွေ ခေါ်ပြီး အခြေအနေ ကို ကြည့်ခိုင်းခဲ့ ပါတယ်။ ဒီနောက် ဆရာဝန်ခေါ် ပြခဲ့ရာ သေဆုံး သွားပြီ လို့ ဟြေ ခဲ့ပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့ ဟာ မီးသဂြိုဟ် ဖို့ စီစဉ် ခဲ့ခြင်း ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး ဘန်ဒါ က အဘိုးအို ကို မီးသဂြိုဟ် ဖို့  ပွေ့ဖက်ချိန် မှာ မျက်လုံးတွေ ပွင့်လာ လို့ အံအား သင့်မိကြောင်း ဟြေပြခဲ့ ပါ တယ်။ 

အဘိုးအို ဟာ ကံကောင်းလွန်း လို့ မီးသဂြိုဟ်ခါနီး မှာ သတိရ ခဲ့တာ ဖြစ်ပြီး တကယ်လို့ ဒီအတိုင်း သာ ဆက်ဖြစ်နေ မယ် ဆိုရင်တော့ သေဆုံးသွားမှာ ဖြစ်ပါတယ်။ 

ဘာပဲ ဖြစ်ဖြစ် အဘိုးအို သေရွာ က ပြန်နိုးလာ တာကြောင့် မိသားစုဝင်တွေ အတွက် ပျော်စရာ ဖြစ်ခဲ့ပါတယ်။


 အေသင်အောင်
 From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/45175

No comments:

Post a Comment