Tuesday, December 30, 2014

ကားအောက်ပိုင်း မှာ အလွယ် ထားတတ် သည့် ရေဘူးများ အန္တရာယ်






ကားတွေ ဆီဖြည့်တဲ့ အခါ အလကားပေးဝေ တဲ့ ရေသန့် ဗူးတွေ ကို ကားမောင်းတဲ့ သူတွ က အလွယ်တကူ ကားအောက် ပိုင်း ကြမ်းပြင် မှာ အလွယ် တကူ ထားတတ်တဲ့ အလေ့ထ ရှိတဲ့ သူတွေ အတွက် သင်ခန်းစာ ယူပြီး သတိ ထားရမယ့် ဖြစ်ရပ်ပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့ ဗန်းကပိ ကုန်တိုက် ကြီး ရဲ့ ကား ပါ့ကင် မှာ ပါ ။ ရှစ်ထပ်လောက်မြင့် တဲ့ ကားထား တဲ့နေရာ ကနေပြီး မနက်စောစောပိုင်း ကားလာ ထုတ်တဲ့ ဇနီးမောင်နှံ ကတော့ နောက် ဆုတ်ရင်း နဲ့ အရှိန် မထိမ်းနိုင်ဖြစ်ပြီး ၈ထပ် ၀ရမ်တာ ကနေ ကားက အောက် ကိုဇောက်ထိုး ကျသွား ခဲ့ပါတယ် ။


ကားမောင်း သူ သေဆုံးသွား ခဲ့တဲ့ အကြောင်းရင်း ဇစ်မြစ်ကို စစ်ဆေးတဲ့ အခါမှာတော့ နောက်ဆုတ်တဲ့ အခါမှာ ဘရိတ်နင်း တဲ့နေရာ မှာ ရေသန့် ဗူးက ညပ်နေ တဲ့ အတွက် ရပ်လို့ မရတော့ ဘဲ အရှိန်နဲ့ တိုက်ပေါ် ကနေ ထိုးကျ သွားခဲ့တာပါ။

ရေသန့် ဘူး-အချိုရည် ဘူး နဲ့  တစ်ရူး စက္ကူ   ဘူး တွေဟာ ကား  ဘယ်နေရာ ထား ပါစေ အရှိန် နဲ့ လိမ့်ပြီး ကားမောင်း တဲ့ နေရာ ကို ရောက် သွား ခဲ့ပြီးရင် လီဘာ-ဘရိတ်နင်း တန်တွေကြား မှာ ရောက်သွား တတ် ပါတယ် ။
 ဒါကို သတိ မထား ခဲ့ရင် အလွန် အန္တရယ် များ ပါတယ်။ ကားမောင်းသူတွေ အနေနဲ့  မိမိကားကို မမောင်း ခင်မှာ မောင်းခန်း ထဲမှာ အောက်ခြေ ခုံကို အရာ ၀တ္တု တွေ တခုခု ကြား ညပ် ပိတ်ဆို့  နေမယ်ဆိုရင် အရင် ဖယ်ရှားပြီး မှသာ ကားစက်နိုးပြီး လိုရာ ခရီး ကို သွားသင့် ပါကြောင်း ။



Credit: Rachanok Min Burma
From...http://www.searchmyanmar.com/link/frame/cid/45282

No comments:

Post a Comment