Friday, December 19, 2014

နိုင်ငံ့ ၀န်ထမ်း များ၏ အနိမ့်ဆုံး လစာနှစ်သိန်း အထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

 
 
ဝန်ကြီးဌာ နတစ်ခု ၏ ရုံးခန်း အတွင်း ရုံး လုပ်ငန်းများဆောင်ရွက်နေ သည့် ဝန်ထမ်း များကိုတွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 နိုင်ငံ့ ၀န်ထမ်း များ၏ အနိမ့်ဆုံး လစာကို ကျပ်တစ် သိန်းနှစ်သောင်း မှ နှစ်သိန်း အထိ တိုးမြှင့်ပေးစေ လိုကြောင်း ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က အစိုးရ ၀န်ကြီးဌာန များသို့တိုက်တွန်း လိုက်ကြောင်း သတင်း ရရှိသည်။

လက်ရှိ ရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့် မှ နှစ်ဆကျော် တိုးမြှင့်ပေး ရန် ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က အစိုးရ အဖွဲ့ဝန်ကြီး ဌာန များအား ပြောကြားခဲ့ခြင်းဖြစ် သည်။
 
 နိုင်ငံ့ဝန်ထမ်း တစ်ဦး၏ အနိမ့်ဆုံး လစာသည် ကျပ် တစ် သိန်းနှစ်သောင်း မှ နှစ်သိန်း အတွင်းဖြစ်သင့်သည် ဟု သူရဦး ရွှေမန်း က ပြောကြားခဲ့ပြီး လူနေ မှု ကုန်ကျ  စရိတ်၏ သုံးဆ ကို လစာ အဖြစ်ပေးရ မည့် တွက် ချက် မှု အရ အနိမ့်ဆုံး ၀န်ထမ်း တစ်ဦး ၏ လစာ သည် ယင်း ပမာဏဖြစ်သင့် ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်း အစည်းအဝေး တွင် သူရ ဦးရွှေမန်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



လက်ရှိ အနိမ့်ဆုံး အဆင့် နိုင်ငံ့ ၀န်ထမ်း တစ်ဦး ရရှိသည့် လစာ သည် ကျပ်ခြောက်သောင်း ခန့်သာဖြစ်ပြီး အမြင့်ဆုံးညွှ န်ကြား ရေးမှူးချုပ် အဆင့်သည် ကျပ်သုံးသိန်း ခန့် သာ ရှိသည်။

‘‘လွှတ်တော် အမတ်တွေ တိုး ဖို့ ဆုံးဖြတ်တာမြန် တယ်။ ကျွန်မ တို့ ကျတော့ ဟိုထိုး၊ ဒီထိုးနဲ့ မပြီး တော့ ဘူး’’ ဟု တက္ကသိုလ်နည်းပြ ဆရာမ တစ်ဦး ကပြောသည်။

ပြည်ထောင်စု လွှတ်တော် မှ ပူးပေါင်းကော်မတီ သုံးခုနှင့် အမျိုး သား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ဗဟို ဘဏ်၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန တို့ ဒီဇင်ဘာ ၁၈ ရက် က တွေ့ ဆုံဆွေးနွေး ရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘အနိမ့်ဆုံး အနေအထား က ဘယ်လောက် ရှိမယ်၊ အမြင့်ဆုံး ဘယ်လောက်ပေးမယ် ဆိုတာ ကို ဆွေးနွေး တာ၊ သေချာတာ က ပေး ဖို့တော့ လွှတ်တော်ဘက် က အတင်း တွန်းတွန်း တိုက်တိုက် ပြောနေတာပေါ့။ အနိမ့်ဆုံး လစာ က တစ်သိန်းနှစ်သောင်း ကနေ နှစ်သိန်း ထိ၊ သူ့အဆင့် နဲ့ သူပေါ့။

 နိုင်ငံ့ဝန်ထမ်း က စုစုပေါင်း ၁၂ ဆင့် ရှိတယ်’’ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ၀င် ဒေါက်တာ စိုးမိုး အောင် ကပြောသည်။

လစာ တိုးမြှင့်ပေးနိုင်မည့် ပမာဏ ကို မူ ယနေ့ အစည်းအဝေး ၌ အစိုးရ အဖွဲ့က မပြောကြားနိုင် သေးဘဲ လာမည့် ဇန်န၀ါရီ တွင် ကျင်းပမည့် လွှတ်တော် အစည်း အဝေးမှ တင်ပြမည် ဟုဆိုသော် လည်း ဘတ်ဂျက် တွင် မထည့် သွင်းမီ လွှတ်တော်နှင့် ညှိနှိုင်းမှု ပြီးပြတ် မှသာ အဆင်ပြေနိုင်မည် ဟု သူရဦးရွှေမန်း က ပြောကြားခဲ့ သည်။

နိုင်ငံ့ ၀န်ထမ်း များအား လစာ တိုးမြှင့်ပေးရန် အတွက် ပြီးခဲ့သည့် (၁၁)  ကြိမ်မြောက် လွှတ်တော်တွင် အရေးကြီး အဆိုတင် ၍ အစိုးရ အဖွဲ့သို့ တိုက်တွန်း ခဲ့သော်လည်း  အစိုးရ အဖွဲ့ က ညှိနှိုင်း ဆဲဖြစ်ပြီး မည်မျှ ပမာဏ တိုးမြှင့်မည် ကို မပြောကြားနိုင်သေးကြောင်း ပြန် ကြားခဲ့သည်။


 
အိဖြူလွင်
7Day Daily
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/44896


 

No comments:

Post a Comment