Tuesday, December 9, 2014

အခန်း အရေ အတွက် တစ်သောင်း ရှိပေမယ့် တည်းခိုသူ မရှိတဲ့ ဟိုတယ်


10850065_747348678685160_3485055326975727525_n


ဂျာမနီနိုင်ငံ၊ ဘဲလ်တစ် ပင်လယ် (‪#‎Baltic_Sea‬)၊ ‪#‎Ruegen‬ ကျွန်းက သုံးမိုင်ကျော် ရှည်လျားတဲ့ သဲဖြူဖြူ နဲ့သောင်ကမ်း စပ် တစ်လျှောက် မှာ အခန်းအရေ အတွက် တစ်သောင်း ရှိတဲ့ကမ္ဘာ့ အကြီးဆုံး ဟိုတယ်ကြီး တစ်ခုရှိပါတယ်။ 

ဒါပေမယ့်လို့ စတင်ဆောက် လုပ်ပြီး ချိန်က စလို့ ယနေ့ အထိ သက်တမ်းနှစ် ၇၀ကျော် အတွင်း လာရောက်တည်းခို သူတော့ တစ်ဦး တစ်ယောက်မှ မရှိခဲ့ပါဘူး။
 

အဲဒါ ကတော့ Prora ဟိုတယ်ပါ။ ၁၉၃၉ ခုနှစ်မှာဆောက်လုပ်ပြီးစီး ခဲ့တဲ့ ဧရာမ အဆောက်အဦးကြီး တစ်ခု ဖြစ်ပြီး အဲဒီအချိန် ကနာဇီတွေ ရဲ့ (“Kraft durch Freude,” KdF) အစီအစဉ်ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ် ပါတယ်။ 

 ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ဂျာမန် လုပ်သားတွေ အတွက် အားလပ်ချိန်ဖျော်ဖြေ မှုနဲ့ နာဇီ ၀ါဒဖြန့်ချိရေးတို့အတွက်ပါ။
 


Prora ဟိုတယ်ဟာ ‪#‎Sassnitz‬ နဲ့ ‪#‎Binz‬ ဒေသကြားက ‪#‎Prora_Wiek‬ လို့ခေါ်တဲ့ ပင်လယ်ကွေ့မှာတည် ရှိပါတယ်။ 



 
စီမံကိန်းနေရာ တွင်း မှာ ပုံစံတူ အိမ် ၈လုံး ပါဝင်ပြီး အရှည် အားဖြင့် ၄.၅ကီလိုမီတာ (၂.၈မိုင်ခန့်) ရှည် လျားကာ ကမ်းခြေ ကနေ ၁၅၀မီတာ အကွာလောက်မှာ ရှိပါတယ်။ ၁၉၃၆ကနေ ၁၉၃၉အထိ သုံးနှစ်အချိန် ယူကာ လူအင်အား ၉၀၀၀လောက် အသုံးပြုကာ တည်ဆောက်ခဲ့ တာပါ။ 

 10365763_747348705351824_1838454061009852048_n

နာဇီတွေ ရဲ့ရေရှည် စီမံကိန်း အရ ပုံစံတူ အပန်းဖြေနေရာ ၄ခု၊ ရုပ်ရှင်ရုံတွေ၊ ပွဲတော် ခန်းမတွေ၊ ရေကူး ကန်တွေနဲ့ သဘောင်္ဆိပ်တွေ ပါ ပါရှိပြီး အပျော်စီးသဘောင်္တွေ ဆိုက်ကပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
 


Prora အတွက် ဟစ်တလာ ဟာ ရည်မှန်းချက်ကြီးကြီး ထား စီစဉ် ခဲ့တာပါ။ သူက အိပ်ယာ၂၀၀၀၀လောက် ပါတဲ့၊ ကြီးမား ထူးခြားပြီး တုနှိုင်းမဲ့ပြိုင်ဘက် ကင်းတဲ့ ပင်လယ် အပန်းဖြေစခန်း တစ်ခုလိုမျိုး လိုချင်ခဲ့တာပါ။ အခန်းတိုင်း ဟာ ပင်လယ်ကို မျက်နှာမူ ထားပြီး ဟိုတယ် အထပ်တိုင်း မှာလဲ ကပွဲခန်းမတွေ ထားရှိထား ပါတယ်။
 


ဒါပေမယ့် လို့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့ အတွက်ကြောင့် ဟစ်တလာရဲ့ မူလ ရည်ရွယ်ချက်တွေ ပျက်ပြား ခဲ့ရပြီး အဆောက်အဦးနေရာ ကိုလည်း စစ်တွင်း ဒုက္ခသည်တွေ အတွက် အသုံးပြုခဲ့ရပါတယ်။ 

 10371423_747348688685159_4927678467598802788_n


စစ်ကြီးပြီးဆုံးပြီးနောက်မှာတော့ အရှေ့ဂျာမနီ စစ်တပ် အတွက် အခြေစိုက် စခန်းအဖြစ် အသုံးပြုခဲ့ သလို ၁၉၉၀ခုနှစ် အရှေ့အနောက် ဂျာမနီနှစ်နိုင်ငံပြန်လည် ပူးပေါင်းပြီးနောက် မှာတော့ ‪#‎Bundeswehr‬ ဒေသရဲ့ တပ်မတော်နည်း ပညာတက္ကသိုလ် အဖြစ်သုံးခဲ့ပြီး နောက်ပိုင်း မှာတော့ ‪#‎Balkan‬ ဒေသကလူတွေအတွက် ဒုက္ခသည်စခန်းအဖြစ်လည်းအသုံးပြုခဲ့ပါတယ်။
 


ယနေ့ အချိန်မှာတော့ အဆောက်အဦး ရဲ့နေရာ အများစု ဟာ လူသူ ကင်းမဲ့နေပြီး အခန်း အချို့ဟာလည်း အခြား အသုံးပြုမှု အနည်းငယ်ဘဲ ရှိပါတယ်။ 


 10850135_747348662018495_1486122050686261428_n

၂၀၁၁ ခုနှစ်မှာတော့ အကွက် တစ်ကွက် ကို ကုတင် ၄၀၀ရှိ လူငယ် အဆောင် အဖြစ်ပြောင်းလဲ ခဲ့ပြီး အဲသည့်နေရာကိုလည်း အခုချိန်မှာ ကုတင်၃၀၀ရှိ တင်းနစ်ကွင်း၊ ရေကူးကန် နဲ့ ဈေးဝယ်စင်တာ အသေး စား တစ်ခု ပါဝင်တဲ့ အားလပ်ရက် အပန်းဖြေစခန်း အဖြစ် ပြောင်းလဲ အသုံးပြုထားပါတယ်။





#‎Germany‬, ‪#‎Prora_Hotel‬
ကေထိုက်
Ref : theamusingplanet

Credit: House.com.mm
From...  http://www.searchmyanmar.com/link/frame/cid/44446

 

No comments:

Post a Comment