Wednesday, December 3, 2014

ဖုန်း ဘက်ထရီ နှင့် ပက်သက်၍ သတိထား ဆောင်ရွက်ရန်

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ရန် 

ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။

- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။

- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း

အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/science-tech/mobile/40258-be-aware-of-smartphone-battery

#aungkham_yyl
#tech_yyl
#knowledge_yyl
.


ဒီ တစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရ တဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ် ထဲမှာ ပေါက်ကွဲ တဲ့ သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှု နဲ့ ပက်သက်တဲ့ သတင်း များ၊ လူသေမှု သတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် က စလို့ သိသိ သာသာ မြင့်တက် လာတဲ့ သတင်းတွေ ပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည် မှာပါ။ အကြောင်း ကတော့ အာမခံချက် နည်း တဲ့ ပစ္စည်းကြောင့် မို့ ဖြစ်ပါတယ်။ 

ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန် လွန်သွင်း တာတွေကြောင့်ရော ဖြစ်ပါတယ်။
Apple ကတော့ ပြန်လည် စစ်ဆေးမှုပြုလုပ်နေတယ် လို့ ဆိုပါတယ်။ 


Apple ပစ္စည်း က ဓာတ်လိုက် တတ် ပါတယ်။ အထူး သဖြင့် Macbook တွေ မှာ သိသာပါတယ်။ သံမန် သလင်းပေါ် မှာ ဖိနပ် မစီးဘဲ အားသွင်း ထားတဲ့ Macbook ကို ကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်း နဲ့ ပက်သက် လို့ ရှောင်သင့် တဲ့ အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း
Safety Factor ဘယ်လို ပဲ ထားထား အားသွင်း စဉ် ဖုန်းပြော တဲ့ အမူအကျင့် ကို ရှောင် ကိုရှောင်ရ မှာ ဖြစ် ပါတယ်။ ဘက်ထရီ ရဲ့  အလုပ် ပိုပြီး အပူ လွန်ကဲစေပါတယ်။

- အာမခံချက် မရှိသော ဘက်ထရီ အစားထိုးခြင်း
ဘက်ထရီ ဝယ်တဲ့ အခါ အော်ရီဂျင်နယ် သာ ဝယ်ရ မှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိ ကျကျ ရှိမှ ဖုန်းနဲ့ သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်း ကို လည်း ထိခိုက်ပြီး အသုံးပြုတဲ့ သူ ကိုပါ ဆိုးကျိုးဖြစ်စေ ပါတယ်။ ဈေး သက် သာတာ ကိုပဲ ကြည့်ပြီး ဘက်ထရီ အတု များ၊ Official ထုတ်ကုန် များ မဟုတ်တာ ကို သုံးစွဲခြင်း ဟာ recommend မပေး ပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲ ထိတွေ့မှု သတိထားခြင်း
အားသွင်းပြီး ပူနေတဲ့ ဖုန်း ကို ရုတ်တရက် အလွန်အေး တဲ့ ပတ်ဝန်းကျင် ဆီ ယူသွား လိုက်တာ မျိုးကို ရှောင် ဖို့ ဖြစ်ပါတယ် ။ ဒါက အအေးပိုင်းဒေသတွေ မှာ ပို ဂရုစိုက်ရမယ့် အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ် တရက်ပြောင်းလဲမှု ဒဏ်ကို ဘက်ထရီ တို့ မခံနိုင်ပါဘူး။

- အား အလွန်အကျွံ သွင်းခြင်း
အားပြည့်တဲ့ အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေ ဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက် စီးဝင်နေမှုကြောင့် အားပြည့် ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လို ပဲ ထားပေးထားပေး Manually လုပ် တာလောက် စိတ်မချ ရပါဘူး။ 

အခန့်မသင့် ရင် အပူချိန် လွန်ကဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်း ရယ် မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်း မဆို ခလုပ် ပိတ်ပြီး ပစ္စည်းဖြုတ် ရမှာ အခြေခံ သိနေရ၊ လုပ်နေရ မယ့် အချက်ပဲ ဖြစ်ပါတယ်။

- အား မသွင်းမှီ ရေစို မစို စစ်ဆေးခြင်း
အားသွင်းချိန်တင် မကပါဘူး။ ဘက်ထရီ သာ ရေစိုနေရင် ဘယ် အချိန်ဖြစ်ဖြစ် အသုံးပြုဖို့ မသင့်တော် ပါဘူး။ ရေငွေ့ အရမ်း များနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီ နဲ့ ပက်သက် လို့ ရှောင်ရှား သင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့ အချက် များ သိရှိပြီ လို့ မျှော်လင့်ပါတယ်။
 




အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/…/40258-be-aware-of-smartphone-batt…
‪#‎aungkham_yyl‬
‪#‎tech_yyl‬
‪#‎knowledge_yyl‬


No comments:

Post a Comment