Sunday, December 7, 2014

Sexy Dance ဖြင့် ဖျော်ဖြေသည့် နေ့နှင့် ည ကလပ် များကို သတိပေး

ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် လူသိရှင်ကြားပြုလုပ် ခဲ့သည့် Sexy Dance ဖျော်ဖြေပွဲ တစ်ခု မြင်ကွင်း 
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
 
ရန်ကုန်မြို့ တွင်း ဖွင့် လှစ်လျက် ရှိသည့် နေ့ကလပ်နှင့် ညကလပ် များတွင် Sexy Dance ဖျော်ဖြေမှု များကို သတိပေး လိုက် ပြီး ထပ်မံတွေ့ရှိ ပါက လုပ်ငန်း လိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက် က နေ့ ကလပ် ဖွင့်လှစ် ထားသည့် လုပ် ငန်းရှင်ခြောက်ဦး ကို ဖိတ်ခေါ် သတိပေးရာ တွင် တစ်ဦး မှာ တက် ရောက်ခြင်း မရှိဟု သိရပြီး ယခုကဲ့ သို့ ဒေသန္တရ အမိန့် ကို သုံးလ တစ်ကြိမ် ထုတ်ပြန် သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘နေ့၊ ည ကလပ်တွေ ခွင့်ပြု ထားတာ မရှိဘူး။ ခိုးပြီး လုပ်နေကြ တာ။ ဒီတစ်ခါ မရတော့ဘူး။ လုပ် ငန်း ရှင်တွေ ကို လည်း တွေ့ဆုံ အသိပေး ထားတယ်။ Hotel Yangon ကိုလည်း အရေးယူထားတယ် ။ နောက် လုပ်ရင် လိုင်စင် ပိတ်တဲ့ အထိ အရေးယူမယ် ပြောထား တယ်’’ဟု အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းကြည် ကပြောသည်။


အဆိုပါ Hotel Yangon က မူ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ၎င်းတို့အား ခေါ်ယူတွေ့ဆုံရန် အ ကြောင်း ကြားခြင်း မရှိသည့် အ တွက် မိမိတို့ ဟိုတယ် အနေဖြင့် ဘာမှပြောရန် မရှိကြောင်း ဟို တယ်မှ တာဝန်ရှိသူ တစ်ဦးက ဆို သည်။

‘‘ဒီပွဲကို လုပ်တာက ကျွန် တော်တို့ ဟိုတယ် က လုပ်တာ မဟုတ်ပါဘူး။ ပွဲလုပ်တဲ့ သူတွေ ကို နေရာ ငှားတာ ပါ။ ဒီ ဟိုတယ်မှာ လည်း ဒါမျိုး ပါတီပွဲတွေ မရှိပါဘူး။ သက်ဆိုင်ရာ ကလည်း စာပို့တာ တွေတော့ မရှိသေး ပါဘူး’’ဟု ၎င်း ကပြောသည်။

ညပိုင်း ဖွင့်သည့် ကလပ်များ က ပိုများသော်လည်း ကလပ် ၀င် ကြေးမှာ မူ နေ့ ကလပ်များ ကပိုပေး ရသည် ဟု အသက် (၂၃) နှစ် အရွယ် ကိုထက် က ပြောကြားသည်။

‘‘နိုင်ငံတိုင်း မှာ ကလပ် ရှိ တယ်။ ကလပ် ပိတ်လိုက် လို့ လူ ငယ်တွေ မပျက်စီးတော့ဘူး လား။ဒီလိုပဲ စီမံ ချက်တွေ ထွက်လာရင် တော့ ခဏတော့ ပိတ်ပြီးနောက် တော့ ပြန်ဖွင့်ကြ တာပဲလေ။ ကလပ် ဆိုတာတော့ လူငယ်တွေ များတော့ တစ်ခါ တလေရန်ဖြစ် တာတွေတော့ ရှိတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ တွင် Sexy Dance ပါတီ ပွဲများကို နာမည်ကြီး ဟိုတယ် များနှင့် နိုက်ကလပ် အချို့တွင် ပြုလုပ် လျက် ရှိပြီး ထိထိရောက် ရောက် အရေးယူမှု မရှိခြင်း ကို တရားပွဲ ကျင်းပရန် ခက်ခက်ခဲခဲ စီစဉ်ရပုံနှင့် ဥပမာပေး ပြောကြားသည်။

‘‘အစ်ကိုတို့ တရားပွဲ လုပ်ဖို့ ဆို လနဲ့ ချီပြီး စာတင် ရတယ်။ ဒါ တောင် ခွင့် မပြုတဲ့ ဆရာတော်ဆို လဲပေးရ တယ်။ ဒီလို ပါတီပွဲတွေ ကျတော့ ဘာမှ တင်စရာ မလို သလို အရေးယူတာတွေ လည်း မတွေ့ဖူးဘူး’’ဟု ၎င်းက ပြော ကြားသည်။

ရန်ကုန်မြို့ အတွင်း လုပ် ငန်း လိုင်စင်ဖြင့် ခွင့်ပြုသည့် အ လုပ် များတွင် ယစ်မျိုး လိုင်စင်၊ စားသောက်ကုန် လိုင်စင်နှင့် ကေတီ ဗီ လိုင်စင် များကို တရားဝင် ခွင့်ပြု ထားသည်။ သို့ရာ တွင် နေ့၊ ည ကလပ် များ၌ လိင် ပိုင်း ဆိုင်ရာ ဆက်နွှယ် သည့် အက များဖြင့် ဖျော်ဖြေမှုများ ရှိလာ၍ ဒေသန္တရ အမိန့် ထုတ်ကာ အရေး ယူဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။


 By
 
From...7Day daily


No comments:

Post a Comment