Friday, December 26, 2014

ရွှေ နဲ့ ပြုလုပ် ထားတဲ့ ခရစ္စမတ် သစ်ပင်




 ဂျပန် အခြေစိုက် လက်ဝတ် ရတနာ ကုမ္ပဏီ တစ်ခု ဟာ ခရစ္စမတ် သစ်ပင်ကို ထူးထူးခြားခြား ဖြစ်အောင် ပြု လုပ် ခဲ့ပါတယ်။ 

အဲဒါ ကတော့ ခရစ္စမတ် သစ်ပင် ကို ရွှေအစစ် နဲ့ ဖန်တီး ခဲ့ခြင်း ဖြစ်ပါတယ်။ ခရစ္စမတ် သစ်ပင် ဟာ အလေး ချိန် (၁၂) ကီလို ရှိပြီး အမြင့်က တော့ (၂ ဒသမ ၄) မီတာ ရှိပါ တယ်။ 

တိုကျိုမြို့ အခြေစိုက် ဂန်ဇာတန် နာကာ ကုမ္ပဏီ က ဖန်တီး ထားခြင်း ဖြစ်ပြီး တန်ကြေးက ဒေါ်လာ (၁ဒသမ ၉၅) သန်း အထိ ရှိပါတယ်။ 


အသည်း ပုံစံ ရွှေဟြး(၆၀) ကို တပ်ဆင် ထား ပါတယ်။ ဒီ ခရစ္စမတ် သစ်ပင် ကို ဖန်တီး ရာမှာ (၁၅)ရက် ကြာမြင့် ပါတယ်။ 

ဒူဘိုင်း မှာ ဖန်တီး ခဲ့တဲ့ ခရစ္စမတ် သစ်ပင် က အပင် တန်ဖိုး က ပေါင် (၁၀၀၀၀) ၀န်း ကျင် သာ ရှိပေမယ့် ခရစ္စမတ် သစ်ပင် မှာ ချိတ်ဆွဲ ထားတဲ့ လက်ဝတ် ရတနာ တွေက ပေါင် (၁၁) သန်း ရှိ တာကြောင့် ဈေး အကြီးဆုံး ခရစ္စမတ် သစ်ပင် ဖြစ်ခဲ့ပါတယ်။



အေသင်အောင်
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/45174

No comments:

Post a Comment