Friday, December 26, 2014

အမေရိကန် ဥပဒေပြုသူတွေ ခေါင်းခဲ စရာဖြစ်လာတဲ့ တရုတ် ကလေး ငယ်တွေ ရဲ့ ဖင်ပြောင်ပြောင် လမ်းထွက်မှု


ရောမရောက်ရင် ရောမလိုကျင့် ရမယ်ဆိုတဲ့ စကားပုံလေး ကို ကြား ဖူးကြ မှာပါ။ တိုင်းတစ်ပါး သွားနေကြတဲ့ လူများ က သူများနိုင်ငံ ရောက်တဲ့ အခါ သူများ ယဉ်ကျေးမှု၊ အစဉ်အလာတွေ ကို မထိန်း သိမ်း မလိုက် နာရင်နေပါစေ၊ သူများ ယဉ်ကျေးမှု တန်ဖိုး ထားတဲ့ အရာတွေ ဖျက် လုပ်ဖျက်ဆီး မဖြစ်စေရပါဘူး။ 

ဒါ ငါတို့ရဲ့ယဉ်ကျေး မှု၊ ငါတို့ ရဲ့အစဉ် အလာ လုပ်ရိုး လုပ်စဉ်တွေပဲ လို့ ဆိုပြီး ကိုယ့် စိတ် ကြိုက်နေလို့လည်း မရပြန်ပါဘူး။ 

ဒါ့ကြောင့် အလိုက် အထိုက်နေ တတ် မှသာ အားလုံးနဲ့  အဆင်ပြေနိုင်မှာ ပါပဲ။ အမေရိကန်ပြည်ထောင်စု အတွင်း တရုတ် လူမျိုးများ အများဆုံးနေ ထိုင်တဲ့ မြို့တော် တစ်ခုဖြစ်တဲ့ မွန်တီရေးပက်ခ် မှာ တရုတ်လူမျိုး က လေးငယ်တွေ ရဲ့ အမြင် မတော်စရာ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဥပဒေထုတ်ပြန်အရေးယူမှု၊ အငြင်းပွား စရာ ဝေဖန်စရာကိစ္စအနည်း ငယ်ဖြစ်ပေါ်လာပါတယ်။ 


 အဲ့ဒါ ကတော့ သူတို့ တရုတ်လူမျိုး ကလေးမိဘတွေ လုပ်တတ် တဲ့ အမူအကျင့် အတိုင်း ကလေး ငယ်လေးတွေ ရဲ့ အပေါ့ အပါး ကိစ္စအ ဆင်ပြေစေရန် အတွက် ဘောင်းဘီ တင်ပါး ရှေ့နောက်နေရာတွေမှာ အခုလို အပေါက်ဖောက်ထား ကာ ဝတ်ဆင် ပေးထားပါတယ်။ 

ဒီလိုမျိုး ကလေးငယ် ရဲ့ ဖင်ပြောင်ပြောင် နဲ့ရှေ့နေရာတွေ ကို အတိုင်း သား မြင်ရတဲ့ အတွက် လူမြင် မကောင်းဘူးလို့ လည်း  လူတွေကဝေ ဖန်ပြောလာကြပါတယ်။ 





 အားလပ်ရက် အလည် အပတ်နေရာများ သွားရောက်တဲ့ အခါမျိုး ဆို ရင်လည်း လူစည် ကားတဲ့နေရာတွေ မှာ ယင်း ဝတ်စားထားတဲ့ ကလေး ငယ်တွေ ကို လည်ပတ် လာကြတဲ့ လူတွေက ဝိုင်းကြည့်ပြီး ကဲ့ ရဲ့လှောင် ပြောင် ကြ တာမျိုးတွေရှိပါတယ်။ 

အဆိုးဆုံး ကတော့ အမြင်မတော် လို့ လုံ ခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ သတိပေး တားမြစ် ခံရခြင်းတွေတောင် ရှိပါ တယ်။ 


www.myanmarlatestnews.com
Phothutaw
From...Search Myanmar

 

No comments:

Post a Comment