Sunday, December 21, 2014

အရှိန် အဟုန် နဲ့ ကြီးထွား လာတဲ့ လူသား မှောင်ခို ဈေးကွက် ( ဖတ်ဖြစ်အောင် ဖတ်ပေးပါ )

 Lwin Pyin's photo.


တိုင်းပြည် ဆင်း၇ဲလွန်း လို့ နေစရာ စားစရာ မရှိဖြစ်နေ တဲ့  သာမန်ပြည်သူတွေ  နယ်စပ်ဒေသတွေ မှာ စွန့် စား သွားရောက် လုပ်ကိုင်နေသူများ.သတိထား ဖို့ပါ
 

ငွေကြေး မပြည်စုံသူတွေ ရဲ့  အများဆုံး ထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံး နည်းလမ်း ကနေ သွားနေကြ တဲ့သူတွေ မှာ ရင်ဆိုင် ရမယ့် အရမ်း အန္တရယ်ကြီးမား တဲ့ ပြသနာတွေ ရှိနေပါတယ်၊....

.ဒီအထဲ မှာ အဆိုးဆုံး က တရုပ်ပြည် နယ်စပ် က လူကုန် ကူးနေကြတဲ့ ဒုစရိုက်မှောင်ခို ဂိုဏ်းတွေ ရဲ့  ငွေ မက်လုံး နဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်း က အရေးကြီး တဲ့ အစိတ် အပိုင်းတွေ ကို ထုတ် ယူ ရောင်းစားနေကြ  တာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံ အတွင်း မှာ ကျောက်ကပ်-နှလုံး..အဆုတ်  စတဲ့ ထုတ်ယူရောင်းစား မှု က ဈေးကွက် မှာ ကျယ်ပြန့် လာနေ ပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်း မှာပင် ဆေးရုံက လူနာ(၁)သန်း လောက် ဟာ ကိုယ်တွင်း က အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အစားထိုး ဘို့ စောင့်နေကြပါတယ် ၊


ဒီ လိုအပ်ချက် ကို ကိုယ်ခန္ဓာ လှူတမ်း ထားသူတွေ ရုပ်တရက်သေဆုံး  သွားသူနဲ့ အကျဉ်းထောင်တွေ က ကျန်းမာရေးကောင်းမွန် တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီ က နေ  အများဆုံး  ထုတ်ယူပါတယ်၊ ခွဲစိတ် အစားထိုး ဘို့  လိုအပ်လူနာ ဦးရေက အလွန် များနေတာကြောင့် လည်း ငွေကြေး တတ်နိုင်တဲ့ သူတွေ က ဈေးကောင်းပေးပြီး ၀ယ်နေတော့ မှောင်ခိုဈေးကွက် ကလည်း တွင်းကျယ်လာပါတယ်။

ဝယ်အားကောင်းနေ ဆဲ လူ့ အစိတ်အပိုင်းတွေ ကတော့ ကျောက်ကပ် ( U$ ၅၀၀၀၀ကျော် ) အသည်း မှာဒေါ်လာ( U$ ၈၀၀၀၀၀ကျော် )နဲ့  ဈေးအရဆုံး ကတော့ အဆုတ်ဖြစ်ပြီး ဒေါ်လာ တစ်သိန်း မှ လေးငါး သိန်း ကျော်အထိ ဈေးပေါက် ပါတယ်။
 

 Lwin Pyin's photo.

နောက်ဆုံး.. မျိုးဥကောင်း တဲ့ ယောက် ကျားသုတ်ရည် ကိုတောင်ဒေါ်လာထောင်ချီပေးပြီး ၀ယ်တာ လည်း ရှိသေးတယ်။

ချမ်းသာတဲ့ သူတွေ က သူ့ ထက် ငါဈေးကောင်းပေး အလု အရက် ၀ယ်လာနေလို့  ခုလိုဈေးတွေ တက်သွား ခဲ့တာပါ၊ ၀ယ်လို အားကောင်းတော့ ဒုစရိုက် ဂိုဏ်းသားတွေ က မျက်စေ့ကျ လာပါတော့တယ်၊ ဒီတော့ ကုန်ကြမ်းတွေကို ရဘို့  လူမှောင်ခို သမားတွေ နဲ့ ချိတ်ဆက်ပြီး လုပ်ကိုင် လာရာ မှာတော့..... လူသားဈေး ကွက် တွင်ကျယ် လာတာပါ ။

နောက်ပိုင်း လူ ကလီစာရောင်းတာတွေ.တရုပ်နိုင်ငံ တွင်းမှာ ဖမ်းဆီး အရေးယူနေ ပေမဲ့... လူသား မှောင် ခိုလောက က ရပ် မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေ ဟာ ပုံစံ တစ်မျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ 

လူ ကလီစာ ကုန်ကြမ်းတွေ ကို ဆက်ရှာနိုင် ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာ အလုပ် ထွက်လုပ် သူတွေ ဟာ သားကောင်တွေဖြစ်သွားရော၊ နယ်စပ် ကနေ လူတွေ ကိုအောက်လမ်းမှ ခိုးသွင်းလာ မယ် ပြီးရင် တချို့ ကိုဆေးထိုး သတ်ပြီး ကိုယ်ထဲ အစိတ်အပိုင်းတွေ ထုတ်ယူတယ် ။
 
တချို့ ကိုတော့ နေမကောင်း လို့  ဆေးရုံပြမယ် လို့  လိမ်ညာပြီးမှောင်ခို ဆရာဝန် နဲ့ ကိုယ်ထဲ က အစိတ် အပိုင်းတွေ ကို ခွဲထုတ်ယူကြ ပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိ ဆန္ဒ အလျှောက် ထုတ်ရောင်းကြတာ လည်းရှိ တယ်။ 

 နောက်နည်း တမျိုးမှာ နယ်စပ် က ကျန်းမာရေးကောင်း တဲ့ မိန်းခလေးငယ် တွေကို လက်ထပ်ဘို့  စည်း ရုံးခေါ် သွားပြီး နောက်ပိုင်း မှာ အပျောက် ရှင်းလိုက် တာပါ။ တရုပ် အမျိုးသား တဦးနဲ့ လက်ထပ် ခဲ့တဲ့ ထိုင်းကျေး လက်တောသူ တစ်ဦး ဟာ ယောက်ကျားနေ တဲ့ တရုပ်ပြည် ကို လိုက်သွားရင်း နဲ့  နေမကောင်း လို့ ဆေးရုံ တက်ရတဲ့ အချိန်မှာ သူမ ကိုမေ့ ဆေးပေးပြီး နှလုံးကို အစားထိုး လဲ လိုက်တဲ့ အတွက် ဆေးရုံက ဆင်းလာပြီးတဲ့နောက်ပိုင်း.... ၃လ အကြာ မှာ သေဆုံးသွားခဲ့ပါတယ်။ 

မိမိတို့  နိုင်ငံ မှာ လည်း လူမသိ သူမသိ နဲ့  ခုလို လိမ်ညာ လူကုန် ကူးနေ သူတွေကြောင့် ဘယ်လောက် ပျောက် ဆုံးနေကြတယ် ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါ ။

ဒါကြောင့် တရုတ် ဘက် ကို တရားဝင် နည်း နဲ့ ပဲဖြစ်ဖြစ် မှောင်ခို ပဲဖြစ် ဖြစ် သွားရောက် အလုပ် လုပ် ကိုင်မည့် သူများ ကို သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ် ။


Lwin Pyin
Source.. (NSA)
Burmarpyithar

From...FB

No comments:

Post a Comment