Tuesday, December 9, 2014

ခြင်္သေ့ ၃ ကောင် ရဲ့ တရွတ်တိုက် ဆွဲခေါ်သွားခြင်း ကို ခံခဲ့ ရတဲ့ အမျိုးသား

 
 
လူ တစ်ယောက်ဟာ ဒီဇင်ဘာ ၇ ရက်နေ့က ဘာစီလိုနာ တိရိစ္ဆာန်ရုံ မှာ ခြင်္သေ့ လှောင်အိမ်ခြံဝန်း ထဲ ရောက် သွားပြီး ခြင်္သေ့တွေ ရဲ့ တိုက်ခိုက် ခြင်းကို ခံခဲ့ရပါတယ်။ 
 
ခန့်မှန်းခြေ အသက် ၄၅ နှစ် ၀န်းကျင်လောက် ရှိတဲ့ အမျိုးသားတစ်ယောက် ဟာ လှိုဏ်ခေါင်း တစ်ခုထဲ ကို ခြင်္သေ့ ၃ ကောင်ရဲ့ တရွတ်တိုက် ဆွဲခေါ်သွားခြင်း ကို ခံခဲ့ရပြီး ကြောက်မက်ဖွယ် တိုက်ခိုက် ခံခဲ့ ရပါတယ်။ 
 
သူ့ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပေမယ့် လည်း အကြိမ်ပေါင်းများစွာ ကိုက်ဖြတ် ခံထားရမှု ကြောင့် စိုးရိမ်ဖွယ် အနေ အထားနဲ့ ဆေးရုံ တင်ထားခဲ့ရပါတယ်။ မျက်မြင် သက်သေတွေရဲ့ ပြောကြားချက် အရတော့ ထို တိုက်ခိုက်ခံရသူ ဟာ သူ့သဘောနဲ့ သူ ခြင်္သေ့ လှောင်အိမ်ခြံဝန်းထဲ ကို ဆင်းသက် ခဲ့တယ်လို့ သိရပါတယ်။
 
 ပြည်တွင်းမီဒီယာတွေ ရဲ့ ပြောကြားချက် အရ ထိုသူ ဟာ စက်တင်ဘာ လ က လည်း အထိမ်းအမှတ် အလံ တိုင်တစ်ခု ကိုမီးရှို့ ခဲ့တဲ့ အတွက် အဖမ်း ခံခဲ့ရသေးတယ်လို့ သိရပါတယ်။ 
 
ထို အမျိုးသားကို တိရိစ္ဆာန်ရုံ အလုပ်သမားများ ၊ မီးသတ် ၀န်ထမ်းများ နဲ့ ရဲ ၀န်ထမ်းများက ၀ိုင်းဝန်း ကယ်တင် ခဲ့ရပြီး တိရစ္ဆာန်ရုံ အာဏာ ပိုင်တွေ ကတော့ ထို ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှု တွေ ပြုလုပ်နေပါပြီ။
 
 
 
 Ref:mirror.co.uk
 
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/44431
 
 
 
 

No comments:

Post a Comment