Wednesday, December 17, 2014

မြန်မာ လုပ်ငန်းပိုင်ရှင် တစ်ဦး ပြန်ပေးဆွဲ အသတ် ခံရမှုနဲ့ ပတ်သက်ပြီး လူဆိုးဂိုဏ်း အုပ်စု ကို မလေးရှား ရဲတပ်ဖွဲ့ မှ ဖမ်းဆီး


gg

ကွာလာလမ်ပူ ဆန်တူ တွင် မြန်မာ စီးပွားရေး လုပ်ငန်းရှင် ပိုင်ရှင် တစ်ဦးကို ပြန်ပေးဆွဲ အသတ် ခံရမှုနဲ့ ပတ်သက်ပြီး သံသရှိသူ ၂ ဦး ကို မလေးရှား ရဲတပ်ဖွဲ့ မှ ဖမ်းဆီး လိုက်ပြီဖြစ်သည် ။

 လွန်ခဲ့တဲ့ လ နိုဝင်ဘာ ၁၂ ရက်နေ့ က Pusat Bandar Utara Sentul ရှိ အသတ် ခံရတဲ့ သူ၏ နေထိုင်ရာ စားသောက်ဆိုင် သို့ အမည် မသိ လူ ၄ ဦး ကနေပြီ အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပြီနောက် သေ ဆုံးနေတဲ့ အလောင်း ကို လမုပင် ခြေရင်းရှိ ရွှံ့ဗွက်နေရာ တွင် မြေမြုပ် ထားပစ် ခဲ့ပြီ အသတ် ခံရသူ၏ အလောင်း အား ယခုလ ဒီဇင်ဘာ ၁ ရက်နေ့ က တွေ့ ရှိခဲ့တာဖြစ်တယ် ။ 

ထို အသတ် ခံရသူမှာ အသက် ၃၀ နှစ် အရွယ်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ ဘားနားမား သတင်း စာမျက်နှာတွင် ရေး သား ဖော်ပြ ထားသည်။


ဒီ လူသတ်သမား သံသယ ရှိသူ၂ ဦး က စင်္ကာပူဘက် သို့ ထွက်ပြေး တိမ်းရှောင်ရန် စင်္ကာပူနယ်စပ် ဂိတ်နေ ရာ တွင် ဒီဇင်ဘာ ၃ ရက်နေ့ က လူသတ် သမား ၂ ဦး ကို တွေ့ရှိ ခဲ့ပြီနောက် လူသတ် သမား ၂ ဦး ကို နယ် စပ် ဂိတ်နဲ့ ခပ်လှမ်းလှမ်း ၇ှိတဲ့နေရာ က ဖမ်းဆီးခဲ့ တာဖြစ်တယ် ။ 

 သူတို့ရဲ့ နောက်ကွယ် မှာ လူဆိုး ဂိုဏ်ခေါင်းဆောင်တွေ နဲ့ ပါဝင် ပတ်သက်မှု ရှိနေကြောင်း အသတ် ခံရတဲ့ အမှုကို ဆက်လက် စုံစမ်းဖော်ထုတ် ပြုလုပ် သွားမည်ဟု ရဲ အရာ ရှိ ACP R. Munusamyက ပြောဆိုသွား သည်။

ပထမဆုံး လူသတ် သမား အုပ်စု ထဲက ဖမ်းမိတဲ့ လူသတ်သမား ကို နယ်မြေခံ ရဲတပ်ဖွဲ့ မှ နိုဝင်ဘာ ၂၀ ရက်နေ့က ကလန် Banting  နေရာတွင် ဖမ်းမိ ခဲ့တာဖြစ်ပြီ ဖမ်းမိ တဲ့ အသက် ၄၁ နှစ် အရွယ်ရှိ လူသတ် သမား ကို ရဲစစ်ဆေးရေး စခန်းသို့ လွဲပြောင်းပေးပြီးတဲ့ နောက် ၁၂ ရက်ကြာ မှာ လူသတ်မှုကို ဆက်လက် စုံစမ်းခဲ့တာဖြစ်သည်။

လူသတ်မှု ရဲ့ နောက်ကွယ် ချုပ်ကိုင် ထားတဲ့ လူတွေက လူသတ် သမား ၄ ဦး ကို သေနတ် နဲ့ တခြား လက် နက်တွေ အသုံးပြုရန် ထုတ်ပေးပြီး မြန်မာ စီးပွားရေး လုပ်ငန်းပိုင်ရှင် ကို ဒီ လက်နက်တွေ နဲ့ ချိန်ရွယ်ပြီးတော့ ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာဖြစ်သည်။
 

အခင်းဖြစ်တဲ့နေ့ မြန်မာ စီးပွားရေး လုပ်ငန်း ပိုင်ရှင်ကို ခေါ်ဆောင်သွားစဉ် ဒီနိုင်ငံသား ဇနီးဖြစ်သူ၊ သူ၏ ၅ နှစ် အရွယ်ကလေး နှင့် ဆိုင်မှာ လာစားတဲ့ ဧည့်သည် ၆ ယောက် တို့က မြင်တွေ့ ခဲ့ရတာဖြစ်ပြီး သို့သော် အဲဒီပိုင်ရှင်   က သူ့ကိုယ် ကူညီမဲ့သူ မရှိ လို့ ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်သည်။

သူ့ ယောက်ျား ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ညနေ ၆ နာရီတွင် ခေါ်ဆောင် သွားတဲ့ လူတွေက ဖုန်းဆက် သွယ် လာခဲ့ပြီး ဖုန်းဆက် လာတဲ့ သူက မလေးရင်းဂစ် ၂ မီလီလျံ  ကို ဘန်ကောက်ဘဏ် သို့ လွဲပြောင်း ထည့်ပေးရန် သူ့ မိန်းမ ကို ပြန်ပြော ဆိုခဲ့ပြီ တကယ် လို့ အဲဒီငွေ ပမာဏ မပေးနိုင်ရင် နင့် ယောက်ျား အသက် အန္တရာယ် ရှိသည်ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။



Credit : Thuriya
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/44819


No comments:

Post a Comment