Tuesday, December 16, 2014

အိပ်နေစဉ် မှာထက် နိုးနေချိန် မှာ အိပ်မက် ပိုမက်ပါ


1. ကိုယ့်ဘ၀ ကို သူများတွေ နဲ့ မယှဉ် ပါနဲ့။ သူတို့ ဘာ လမ်းကြောင်း ကိုလျှောက်လမ်းနေတယ် ဆိုတာ သင် မသိနိုင် ဘူးလေ။
 
2. ကိုယ် မထိမ်းချုပ်နိုင် တဲ့ အရာတွေပေါ် မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်း ရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာ ရှိနေတာလေး ကို တန်ဘိုး ထားပြီး ဒါတွေကို ပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။
 
3. အလုပ်တွေကို လည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိ ပဲ လုပ်တာ ကောင်းပါတယ်။
 
 
 
4. ကိုယ့်ကို ကိုယ် သိပ်ပြင်းပြင်း ထန်ထန်ကြီး မခိုင်းစေ ပါနဲ့။  ဘယ်သူမှလဲ ဒါမျိုး မလုပ်ပါဘူး။ သက်တောင့် သက်သာလေး သာ အကောင်းဆုံး ဖြစ်ပါတယ်။
 
5. ကိုယ့်ရဲ့ တန်ဘိုး ရှိတဲ့ စွမ်းအင်တွေ ကို အတင်းပြောခြင်းဖြင့် မကုန်ဆုံး ပါစေနဲ့ ။
6, အိပ်နေစဉ် မှာထက် နိုးနေချိန်တွေ မှာ အိပ်မက် ပိုမက်ပါ။
 
7. မနာလို ၀န်တိုဖြစ်နေတာ ဟာ အချိန်ဖြုန်ခြင်း တစ်မျိုး ပါပဲ။ သင့်မှာ ရှိသင့် ရှိထိုက်တာတွေ အားလုံး ရှိနေ ပါတယ်။
 
8. အတိတ် က ပြသနာတွေ ကို မေ့လိုက် ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော် ၊ကြင်ဖော်တွေ မှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင် လည်း ပြန် မဖော်ပါနဲ့တော့။  ဒါတွေက လက်ရှိ ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ကို ဖျက်ဆီး လိမ့်မယ်။
 
9. ဘ၀ ဟာ သိပ် တိုတောင်းပါတယ်။ လူ တစ်ယောက် ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေ ကို မမုန်းပါနဲ့။
 
10. ပစ္စုပ္ပန် မှာ ပျော်ရွှင်ဖို့ အတွက် အတိတ်တွေ နဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
 
11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ရဲ့ သခင်ဟာ ကိုယ်မှ လွဲလို့ နောက် တစ်ယောက်မဖြစ်နိုင်ပါဘူး။
 
12. ဘ၀ ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာ သင် ရ မယ့် ကျောင်းသားလေးပေါ့။  ပြသနာ ဆိုတာ က သင်ရိုးညွှန်းတမ်း တစ်ခု ရဲ့အစိတ် အပိုင်း မျှသာ ဖြစ် တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက် သလိုဖြေရှင်းနိုင် သွားမှာပါ။ အဲ့ဒါတွေ ရဲ့ သင်ခန်းစာ ကတော့ သင့်ဘ၀ တစ်လျှောက်လုံး အတွက် အရေး ပါနေမှာပေါ့။
 
13. များများပြုံး ပါ၊ များများ ရီပါ။
 
14. အငြင်း အခုံတွေ တိုင်းမှာ သင် ချည်းပဲ အနိုင်ရနေ မှာ မဟုတ်ဘူး။


ကဗျာ
From...Search Myanmar



No comments:

Post a Comment