Thursday, December 18, 2014

Greenland ရေခဲပြင် အရည်ပျော် ပါက ပင်လယ်ရေမျက်နှာ ၇ မီတာကျော် မြင့်တက် မည်


greenland-ice-sheet


နောက်ဆုံး လေ့လာတွေ့ရှိ မှု အသစ်တွေ အရ ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်မှု ဟာ အရင် ထင်ခဲ့ တာထက် ပိုမြန် လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေ က ဆိုပါတယ်။

ကမ္ဘာ့ အကြီးဆုံးရေခဲပြင် Greenland ကို အသေးစိတ်လေ့လာတွေ့ရှိချက် ၂ ခုမှာ အခုလို ဖြစ်လာမယ် ဆိုတာ ကို တွေ့ရှိခဲ့တာပါ။

အမေရိကန် အာကာသအေဂျင်စီ နာဆာ က ပေးတဲ့ အချက်အလက်တွေ နဲ့ Greenland  ရေခဲပြင်ကြီး ရဲ့ ပင်လယ်ဘက် ကို ရွေ့လျား ပုံတွေ၊ ရေခဲပြင်ကြီးအောက် ပင်လယ်ရေ စီးဆင်းမှုတွေ ကို အရင်ထက် ပိုပြီး အသေးစိတ် လေ့လာခွင့် ရခဲ့ပါတယ်။


 
အရင်ကလေ့လာမှုတွေနဲ့ စာရင် အခု နာဆာ က ရတဲ့ အချက် အလက်တွေ နဲ့ ပိုပြီး အသေးစိတ် လေ့လာခွင့် ရခဲ့ သလို အရင်ထက် လည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံ သုံးသပ်မှုတွေ လည်း လုပ်နို င်ခဲ့ တာပါ။

Greenland ရေခဲပြင် တစ်ခု လုံးသာ အရည်ပျော် သွားရင် လက်ရှိ ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင် ထက် အမြင့် ၇ မီတာနဲ့ အထက် မြှင့်တက် လာမှာဖြစ်ပြီး ပင်လယ်ကမ်းခြေ နဲ့ ကျွန်းနေ လူမှု ပတ်ဝန်းကျင်တွေ အားလုံး ထိခိုက်ပျက်စီးမယ် လို့ သိပ္ပံပညာရှင်တွေ က ဆိုပါတယ်။

နောက်ထပ် ပိုမို တိကျတဲ့ အဖြေတွေ ရဖို့ ရေခဲပြင်ကြီးပေါ် က ရေခဲမြစ် ၂၄၂ စင်း လုံးနဲ့ ရေခဲပြင်အောက် ပင်လယ်ရေ စီးဆင်းမှု ကို ထပ်ပြီး အသေး စိတ်လေ့လာဖို့ လည်း သိပံ္ပပညာရှင်တွေ နဲ့ သုသေသန ပညာရှင်တွေ စီစဉ်နေကြပါတယ်။


 
DVB
From...Myanmar Latest News
 http://www.searchmyanmar.com/link/frame/cid/44853


No comments:

Post a Comment