Wednesday, March 11, 2015

နှစ် ၅၀၀ နေရစေ မည့် Google ၏ စီမံကိန်း




Google ဟာ လူသားတွေ ကို အသက် ၅၀၀ အထိ နေစေချင်ကြောင်း သိသာ တဲ့ ပရောဂျက် တစ်ခုကို စတင် လိုက်ပါပြီ။ Google တစ်ခု တည်း မဟုတ်ပဲ Apple ပါ ပါဝင်လို့ ငွေကြေးဖြင့် အားဖြည့်ပေးတဲ့ သုတေသန ပရောဂျက် တစ်ခု ဖြစ်ပြီး ယင်း ပရောဂျက် ဟာ လူသား များကို သက်တမ်း ၅၀၀ မက နေစေမှာ ဖြစ်ကြောင်း ဆိုပါတယ်။

 

အထူးသဖြင့် ကင်ဆာ နဲ့ လူအဖြစ် များဆုံး ရောဂါ များကို အရင်ဆုံး ရှာဖွေ သုတေသန ပြုလုပ်ပြီး ရောဂါ လုံး ဝ မဖြစ်စေမယ့် နည်းလမ်း နဲ့ ပျောက်ကင်းရန် နည်းလမ်း ကို ရှာဖွေခြင်း ဖြစ်ပါတယ်။ 
 ဒါ့အပြင် အသက်ရှည်စေမယ့် အသက် မအိုမင်း လွယ်စေမယ့် နည်းလမ်း နဲ့ ဆေးပညာ ကိုလည်း ရှာဖွေနေခြင်း ဖြစ်ပါတယ်။ 

ယင်းအတွက် ငွေကြေး ဘယ်လောက် အကုန်ကျ ခံပြီးတော့ သုတေသန ပြုလုပ်နေတယ် ဆိုတာတော့ မပြောပါဘူး။
 

အမေရိကန် မှ ဆေးပညာ အဖွဲ့တစ်ခု မှာ ငွေကြေးဖြင့် ထောက်ပံ့ ထားပြီး ကြိုးစားလျက် ရှိကြောင်း သိရပါ တယ်။




Aung Khamkyaw 
  Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment