Friday, March 13, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၁၅)




၁၁ ။အမျိုး ယုတ်ညံ့ခြင်း

*********************

ဗြဟ္မာ နတ်လူ သုံးဘုံလူတို့် ၏ ကိုးကွယ်ရာဖြစ်တော် မူသော မြတ်စွာဘုရားရှင် သည် သုဘ လုလင် အား " ဒကာတော် သုဘလုလင်  ဤလောက၌ အချို့သော အမျိုးသမီး သည်သော်လည်းကောင်း အမျိုးသား သည်သော်လည်းကောင်း တင်းမာသော စိတ်ထားရှိသည် ဖြစ်၏။



အလွန်မောက်မာသော မာန်မာန တရား ထင်ရှား ရှိသည်ဖြစ်၏။ ရှိခိုး သင့် ရှိခိုး ထိုက်သော ပုဂ္ဂိုလ်ကို ရှိမခိုး။ ခရီးဦး ကြိုဆို သင့် ကြိုဆိုထိုက် သောပုဂ္ဂိလ် ကို ခရီးဦး မကြိုဆို။ နေရာပေးသင့်ပေးထိုက်သော ပုဂ္ဂိုလ်
အားနေရာကို မပေး။ လမ်းဖယ်ပေး သင့်ပေးထိုက်သော ပုဂ္ဂိုလ် အား  လမ်းကို ဖယ်မပေး။ ရိုသေသင့် ရိုသေထိုက်သော ပုဂ္ဂိုလ်ကို မရိုသေ။
 

 လေးစားသင့်လေးစား ထိုက်သော ပုဂ္ဂိုလ် ကိုမလေးစား။ မြတ်နိုး သင့် မြတ်နိုး ထိုက်သော ပုဂ္ဂိုလ် ကို မမြတ်နိုး ။ ပူဇော်သင့် ပူဇော် ထိုက်သော ပုဂ္ဂိုလ် ကို မပူဇော် ။ 

ထို ပုဂ္ဂိုလ်သည် ဤသို့ ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက်တည် ထားအပ်သော ထို  အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည် မှ နောက် ကာလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ  ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ်သော အလို ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သောငရဲသို့ကပ်ရောက်ရပေ၏။ 


ဒကာတော် သုဘလုလင် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိ ပြတ်ကြွေသေ လွန်သည် မှနောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိ သော မကောင်းမှုပြုသူ ဒုစရိုက် သမား တို့၏ လားရောက်ရာဖြစ်သော အလို ဆန္ဒ ကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီး လျက် ကျရောက် ရာဖြစ်သော  ငရဲ သို့ အကယ်၍ မကပ်ရောက် သည်ဖြစ်ငြား အံ ။ 

လူ အဖြစ်သို့ (ဝါ)  လူ့လောကသို့ အကယ် ၍ရောက်ရှိ လာသည် ဖြစ်ငြား အံ့ အကြင် အကြင် ဘဝ၌ ပဋိ သန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ်လာရပေသည်။  ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍ လာရာ ဘုံဘဝ၌ (ဝါ) ထိုထို ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်၍ လာရာ အမျိုးအနွယ် ၌ ယုတ်ညံ့သော အမျိုး အနွယ် ရှိသည် ဖြစ်လေ ရာ၏။"ဟုဟောကြားတော် မူခဲ့ပါသည်။

ဒုဋ္ဌကုမာရ မင်းသား
****************
အရှင်သာရိပုတ္တရာ အလောင်း သူတော်ကောင်း ၏ တစ်ခုသော ဘဝ တွင် ဗာရာဏသီပြည် ၌ ကိတဝါသ မင်း ဖြစ်ခဲ့ဘူးလေပြီ။ ထိုမင်း ၌  ဒုဋ္ဌကုမာရ အမည်ရှိ သားတစ်ဦး ရှိ၍ အရွယ်ရောက်သော အခါ အိမ်ရှေ့
မင်း အဖြစ်ကို ခန့်အပ်ထားပါသည်။


ထို မင်းသား သည် ဒေါသကြီး လျက် မာန်မာန လည်း ခက်ထန် တင်းမာ ပါသည်။ တစ်နေ့သ၌ ဥယျာဉ် သို့ အသွား လမ်းခုလပ် တွင် ရှင်ပစ္စေက ဗုဒ္ဓ ဘုရား ရှင် တစ်ဆူနှင့် ရင်ဆိုင် တိုးမိပါသည်။ ထိုအချိန် တွင် တိုင်း သူပြည်သား တို့က ရှင်ပစ္စေက ဗုဒ္ဓ ကို အရိုအသေပြုကြ ၊ ရှိခိုးကြ၊ ပူဇော်ကြ၊မြတ်နိုး ကြ၊ ချီးမွမ်းကြ ၊လက်အုပ် ချီ မိုး အရိုအသေ ပြုကြပါသည်။ 

ဒုဋ္ဌကုမာရ မင်းသား ကိုတော့ ထိုသို့ မပြုလုပ်ပေ။ ထို အချင်း အရာ ကို မြင်သော အခါ သည်းမခံနိုင် သဖြင့် ဆင်ပေါ်မှ ဒေါသ တကြီးဆင်း ကာ ရှင်ပစ္စေက  ဗုဒ္ဓ ဘုရားရှင် ၏ လက်တော်မှ သပိတ် တော်ကို ယူ ကာမြေကြီးပေါ် သို့ ပစ်ချ ၍ ဆွမ်းနှင့် သပိတ် ကို မှုန့်မှုန့် ညက် ညက်ကြေအောင် ပြုလုပ်ကာ ကာယကံ ဝစီကံ တို့ဖြင့်ပြစ်မှား ပါသည်။


ရှင်ပစ္စေက ဗုဒ္ဓ ဘုရားရှင် သည် ဒီ သတ္တဝါတော့ ပျက်စီးတော့ မှာ ဘဲဟု ကြည့်လိုက် စဉ် ထို အခါမင်းသား က"ရဟန်း ငါသည်ကား ကိတဝါသမင်း ၏ သားတည်း။ အမည်နာမ အားဖြင့် ဒုဋ္ဌကုမာရ အမည်ရှိ၏။ 


သင်သည် ငါ့အပေါ် ၌ အမျက် ထွက်ကာမျက်လုံး တို့ကို ဖွင့်ပြီး၍ ကြည့်ကာ အဘယ်အရာ ကို ပြုလုပ်နိုင် လတ္တံနည်း?" ဟု ထပ်ဆိုပြန်သည်။
 

ထိုပြောဆိုပြုလုပ်ချက် များသည် အလွန်မောက်မာ သော မာန် မာန လွှမ်းမိုးနေသည် ကို တွေ့မြင် ရနိုင်ပါ သည်။ ရှင်ပစ္စေက ဗုဒ္ဓ သည် လည်းထိုနေ့ ၌ ဆွမ်းပြတ် ၍ ကောင်းကင် ခရီးဖြင့် နန္ဒမူ လိုဏ်တော် သို့
ပြန်ကြွတော် မူပါသည်။
 

ထိုမင်းသား သည် ထိုအခိုက် မှာပင် အကုသိုလ် ကံတို့သည် ရင့် ကျက်၍ အဝီစိငရဲ မီးတက်ဟပ် သဖြင့် ထိုနေရာ ၌ သေဆုံးကာ ထို နောက် အဝီစိ ငရဲသို့ သွားဖြစ်ရပါသည်။ 

ထိုအချင်းအရာ မှာ အလွန်မာနကြီး သူတို့ သည် မိမိ တို့ မာန ကို အရင်းခံကာ မပြုသင့် မပြုထိုက်သော
အပြုအမူ တို့ကို ပြုမိတတ် သဖြင့် အကျိုးမဲ့ပုံ ကို ဖော်ပြ ထားခြင်းဖြစ်ပါ သည်။


 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း






No comments:

Post a Comment