Monday, March 16, 2015

မည်သည့် သူခိုး မဆို လေးစား လိုက်နာရမည်





၁၉၉၆ ခုနှစ် နွေရာသီ တွင် ရန်ကုန် သူနာပြုတက္ကသိုလ်၊ ပိတောက်ဆောင် သည် သူနာပြု ကျောင်းသူ များ သာ သီးသန့်နေ ရသော အမျိုးသမီး အဆောင် တစ်ခုဖြစ်သည်။

စာသင်နှစ် နောက်ဆုံး စာမေးပွဲကြီး ရှိသောကြောင့် လေးထပ်ကျောင်းဆောင် တစ်ခုလုံး ရှိ ကျောင်းသူ များ အားလုံး အိပ်ခန်း အပြင်တွင် ရှိသော ကော်ရစ်တာ တလျှောက် တွင် စုပေါင်း စာကျက်နေကြ သည်။ အိပ်ခန်း များ အတွင်း တွင် စာမေးပွဲ အပြီး အိမ်ပြန်ရန် ထုတ်ပိုး ထားသော အထုတ်အပိုး များဖြင့် အပြည့် ဖြစ်နေ သည်။

အပေါ်ဆုံးထပ် တွင် နေထိုင်သော ကျောင်းသူ တစ်ယောက်သည် သူမ ၏ လက်ကိုင် အိတ် ကို ခြင်ထောင် ကြိုး အတွင်း ချိတ် ဆွဲပြီး အခန်း ထဲတွင် တစ်ဦး တည်း အိပ်စက်နေ၏။

ရန်ကုန် သူနာပြု  တက္ကသိုလ် အနီး ရှိ ရပ်ကွပ် မှ သူခိုး တစ်ယောက် သည် အိမ်သာ ပိုက်လုံးမှ တွယ်တက် ၍ ကျောင်းဆောင်ပေါ်သို့ ရောက်ရှိ ခဲ့သည်။


 
သူခိုးသည် အိပ်ခန်း အတွင်းတွင် တွဲလောင်း ကျနေသော လက်ကိုင် ပိုက်ဆံအိတ် ကို ဖြုတ်ယူ ဖို့ အစွမ်းကုန် ကြိုးစားနေသည်။ ခြင်ထောင်ကြိုး သည် လက်ကိုင်အိတ် ၏ အတွင်းမှ ထိုးပြီး နံရံ ကို ချည်နှောင်ထားသည့် အဖြစ်ကို သူခိုး ခမြာ မသိရှာခဲ့။

ခြင်ထောင် တလှုပ်လှုပ် ဖြစ်နေသောကြောင့် ကျောင်းသူ က အိပ်ချင် မူးတူးဖြင့် “ဟဲ့ …… ဘယ်သူ လဲ” မေးသံ အဆုံး လက်ကိုင်အိတ် ဖြုတ် မရ၍ ချွေးပြန်နေသော သူခိုး က တုန်တုန် ရီရီဖြင့်.......

“ကျနော် နော် နော် …. ကျနော်ပါ … အမ”

“ဟဲ့ …. နင် … နင် … သူခိုး … သူခိုး …. လာကြပါအုံး … သူခိုး …. သူခိုး”


သူခိုးသည် ခြေဦး တည်ရာ အခန်း အပြင်ဖက် သို့ ပြေးထွက် မိသည်။ အခန်း အပြင်ဖက် ကော်ရစ်တာ တလျှောက် တွင် စာကျက်နေသော ကျောင်းသူ ပေါင်းများ စွာနဲ့ သူခိုး တို့ ထိပ်တိုက်တွေ့ကြတော့ သည်။ 

သူခိုး လည်း လှေကား အတိုင်း အသည်း အသန် ဖြင့် အဆောင် ၏ အောက်ဆုံး ထပ် ထွက်ပေါက် ရှိရာသို့ ဦး တည်ပြီး ပြေးလွှားသည်။ အထပ် လေးထပ် မှ ကျောင်းသူပေါင်း များစွာ လည်း သူခိုးကို ညာသံပေး ၍ နောက် မှ ပြေးလိုက်နေကြသည်။

ရှေ့ဆုံးတွင် ပြေးလွှားနေရသော တစ်ဦး တည်းသော သူခိုး ….
နောက်တွင် အသည်း အသန် လိုက်လာကြသော ကျောင်းသူများ ….


ထိုအခိုက် သူခိုး သည် အကြံ ရတစ်ခု ရသွားပြီး ရုတ်တရက် သူခိုး၏ ခါးမှ ပုဆိုးသည် ကျွတ်ကျသွားသည်။
သူခိုးနောက်မှ လိုက်လာသော ကျောင်းသူ အုပ်စုကြီး သည် အသံမျိုးစုံ ထွက်၍ ရပ်တန့်သွားသည်။
 

“ဟယ် … ဟင် … အို … အမလေး ….အကျင့်ပုတ်…..တေနာ….”
အဆုံးသတ် တွင် သူခိုး သည် လုံးဝ လွတ်မြောက်သွားသည်။


ထို အဖြစ်အပျက် များ ဖြစ်ပွား အပြီးတွင် ရန်ကုန် သူနာပြုတက္ကသိုလ် ပိတောက်ဆောင် ၏ နံရံ တနေရာ တွင် အောက်ပါ အတိုင်း ရေးသား ထားသည်။


ကျေးဇူးပြု၍
မည်သည့် သူခိုး မဆို လေးစား လိုက်နာရမည်
အတွင်းခံ ဘောင်းဘီပါမှ သာ အဆောင်ပေါ်သို့ တက်ခိုးခွင့် ရှိသည်
 


ပိတောက်ဆောင်
ရန်ကုန် သူနာပြု  တက္ကသိုလ်



 (hsarlawla.wordpress.com – rule-for-thieves)
From...  http://www.searchmyanmar.com/link/frame/cid/48310


No comments:

Post a Comment