Friday, March 20, 2015

2015 အပျိုကြီး { ကဗျာ }




ခုနှစ်သာ နောက်ပိတ် ချိန်းသွားတယ် 
အပျိုကြီး ကတော့ ထိပ်စီး  ငြိမ်နေတုန်းပဲ 

ဘယ် ဂါထာ နဲ့ မှ ကျွတ်မယ့်ပုံ မပေါ်ပေမဲ့ 
မရောင်းရ အသိုး ခံမယ်အေ ဆိုတဲ့ ဈေးသည် အထာ နဲ့ 

 ချဉ်ရင် လည်း ယင်ကြိုက် သလို 
ချိုရင် လည်း ပုရွက်ဆိတ် အကြိုက် 
ခါးရင် လည်း ကင်လိပ်လျှော အကြိုက်ပေမဲ့ 
ဇီဇာကြောင် အပျိုကြီး ကျတော့ ဘယ်သူမှ မကြိုက်ရဲဘူး 

၃၀ ကျော် အချစ်ရှာရတာ . . . 
လမ်းလည်ခေါင် ဘီးပေါက်တဲ့ ကားအိုလို 
ထိုင်နေရလည်း အခက် 
ထွက် တွန်းရလည်း အခက် 

မအိုသေးပါဘူး 
၃၀ ကျော်ရုံလေး 
ဇီဇာလေး ဒစ်စကောင့် ချရင် 
ရွယ်တူလေးတွေတော့ မှီသေးတယ် 

စာရွက်တွေကြားခေါင်းငုံ့ 
အလုပ် ရာထူး တက်ဖို့ မကြိုးစားပဲ 
မိတ်ကပ်လိမ်း အလှပြင် 
ဖိတ်စာဝေနိုင်ဖို့ ကြိုးစား 

လန်းနေတဲ့ခေတ် မှာ အပျိုကြီး ဆိုတာ 
 ရှေးဟောင်းပြတိုက် တစ်ခု 
မစားကောင်းတဲ့ သစ်သီး 
မသုံးတော့ တဲ့ ကီးပတ် ဟန်းဆက် 
မကြည့်ကြတော့တဲ့ ဖလက် တီဗီ 
မစီးကြတော့တဲ့ လေးဘီးကား 
အန္တရာယ် ရှိသည် ဗို့အား ၅၀၀၀၀ တံဆိပ် ကပ်ထားတဲ့ လူသား 

စိတ်ဓာတ်တော့ မကျလိုက် ပါနဲ့ 
မှီရာကား နဲ့ လိုက်ပါ . . . 
ဒါက ကိုရီးယားခေတ် ပဲ 
နှစ်ချို့ ချဉ်ဖတ် လည်း လူကြိုက်ကြပါသေးတယ် . . . ။ 


Ulay Kyi ( ကိုလင်း )


No comments:

Post a Comment